မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Wednesday, February 17, 2016
သုံးဘီးယာဉ်ကို အိမ်စီးကားဝင်တိုက်၊ အမျိုးသားသုံးဦး သေ၊ နှစ်ဦး ဒဏ်ရာရ -------------------------------------------
သုံးဘီးယာဉ်ကို အိမ်စီးကားဝင်တိုက်၊ အမျိုးသားသုံးဦး သေ၊ နှစ်ဦး ဒဏ်ရာရ
-------------------------------------------
ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် ရန်ကုန်-မော်လမြိုင်ကားလမ်း ကျိုက်လှကျေးရွာအနီး ယနေ့(ဖေဖော်ဝါရီ ၁၇ ရက်) နံနက် ၅ နာရီခန့်က ရေတိုင်ကီဆူနေသဖြင့် လမ်းဘေးချရပ်ထားသည့် သုံးဘီးယာဉ်ကို ရန်ကုန်ဘက်မှ ထွက်ခွာလာသည့် Caldina အိမ်စီးယာဉ်က အရှိန်ဖြင့် ဝင်တိုက်မိရာ ယာဉ်မောင်းနှင့် လိုက်ပါလာသူ ငါးဦးအနက် အမျိုးသားသုံးဦးသေဆုံးပြီး နှစ်ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဝေါမြို့ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
သေဆုံးသူများမှာ ရန်ကုန်မြို့နေ အသက် ၄၅ နှစ်အရွယ်ရှိ Caldina ယာဉ်မောင်း ဦးကျော်ကျော်ဆိုသူနှင့် ကားနောက်ခန်းတွင် လိုက်ပါလာ သူများဖြစ်သော အသက် ၆၇ နှစ်အရွယ် ဦးကျော်မြင့်၊အသက် ၅၀ အရွယ်ရှိ ဦးဝင်းမြင့်ဆိုသူတို့ဖြစ်ပြီး အဆိုပါနေ့နံနက် ၅ နာရီ ၁၀ မိနစ်ခန့်တွင် ရန်ကုန် ဘက်မှ မွန်ပြည်နယ် ကျိုက်ထိုမြို့ဘက်သို့ မောင်းနှင်လာစဉ် လားရာတူ ကား တစ်စင်းကို ကျော်တက်ရာမှ မျက်နှာချင်းဆိုင်ယာဉ်နှင့် မလွတ်သဖြင့် လမ်း ဘေးပြန်ချစဉ် ရပ်ထားသည့်သုံးဘီးယာဉ်ကို ဝင်တိုက်ကာ လမ်းဘေးထိုး ကျတိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်ဟု ဝေါမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက် များအရ သိရှိရသည်။
အဆိုပါ ယာဉ်တိုက်မှုနှင့်ပတ်သက်ပြီး Caldina ယာဉ်ကို မောင်းနှင်သူ ဦးကျော်ကျော်အား ဝေါမြို့မရဲစခန်းမှယာဉ်(ပ)၉/၂၀၁၆ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၇/၃၃၈ အရ အမှုဖွင့်အရေးယူထားကြောင်း အဆိုပါရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
ဓာတ်ပုံ - MMK
Subscribe to:
Post Comments (Atom)
No comments:
Post a Comment