မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Wednesday, February 17, 2016
မီးသတ်တပ်ဖွဲ့သို့ မီးလောင်ခြင်းမရှိဘဲ သတင်းမမှန်မကန်ပေးနေသူများကို အရေးယူမည်ဟုဆို +++++++++++++++++++++++++++++++++++++++++++++++++++
မီးသတ်တပ်ဖွဲ့သို့ မီးလောင်ခြင်းမရှိဘဲ သတင်းမမှန်မကန်ပေးနေသူများကို အရေးယူမည်ဟုဆို
+++++++++++++++++++++++++++++++++++++++++++++++++++
တောင်ငူ၊ ဖေဖော်ဝါရီ ၁၇ ။ ။ ယခုနှစ်အတွင်းမီးလောင်မှု များဆက် တိုက်ဖြစ် ပွားလျက်ရှိနေရာ ပဲခူးတိုင်းဒေသကြီး ၊ တောင်ငူမြို့တွင် အမှန်တကယ် မီးလောင်မှုဖြစ်ပွားခြင်းမရှိဘဲ မီးသတ်ဦးစီးဌာနသို့ ဖုန်းဖြစ် မမှန်မကန်သတင်းပေးမှုများ ရှိနေပြီး ထိုသူများအား အရေး ယူသွားမည်ဖြစ်ကြောင်း တောင်ငူခရိုင်မီးသတ်ဦးစီးဌာနထံမှ သိရသည်။
"အခုဆိုရင် သုံးကြိမ်လောက်ရှိသွားပြီ။ အခုဆိုရင် ဖုန်းတွေနဲ့ သတင်း ပို့ရင် သေချာအောင် အရင်စုံစမ်းစစ်ဆေးရပါတယ်။ အဲ့လိုပြန်စစ်ဆေး တဲ့အခါကျတော့ သူတို့တွေက ဖုန်းပိတ်ထားတယ်။ ပြော မယ်ဆိုရင် ဒါဟာ ဝတ္တရားနှောက်ယှက်မှုနဲ့ မမှန်မကန် သတင်းပေးမှုပါပဲ။ အဲ့လိုသတင်းမမှန်မကန်တာတွေ ပေးတဲ့အတွက် သတင်းမှန်အောင် အရင်စုံစမ်း ရတဲ့အခါမှာ အချိန်ကြာ တာပေါ့ ဗျာ။ တကယ်လောင်တယ်ဆိုရင်တောင် အခုလို စုံစမ်းနေရတဲ့အတွက် မကြာသင့်တာက ကြာသွားတာပေါ့။ သတင်း မှန်မ ကန်ပေးတော့ ကျနော်တို့အတွက် အနှောက်အယှက်အများကြီးဖြစ်ပါတယ်။ မီးသတ်ဥပဒေနဲ့ အညီအရေးယူ သွားမှာပါ"ဟု တောင်ငူခရိုင် မီးသတ်တပ်ဖွဲ့ဦးစီးဌာန ဦးစီးမှူး ဦးမြင့်နိုင်ထွန်းက ဆိုသည်။
လွန်ခဲ့သော သုံးပတ်ခန့်လောက်က ၆ရပ်ကွက် ဝင်းမုန့်ဟင်းခါးဖိုနောက်တွင် လူနေအိမ်မီးလောင်သည်ဟုဆိုကာ တောင်ငူခရိုင် မီးသတ်တပ်ဖွဲ့သို့ မီးသတ်ကားထွက်ခွာပေးရန် ဖုန်းဖြစ်ဆက်သွယ်သတင်းပေးမှုကြောင့် မီးသတ်တပ်ဖွဲ့မှ မီးသတ်ကားသုံးစီးဖြင့် ယင်းနေရာသို့ ရောက်ရှိခဲ့ရာတွင် အမှန်တကယ်မီးလောင်မှု ဖြစ်ပွားခြင်းမရှိခဲ့ကြောင်းနှင့် ဖေဖော်ဝါရီ၊ ၁၆ရက်နေ့က အမှတ် ၁၁ရပ်ကွက်ရှိ ကန်ပတ်လမ်းတွင် လူနေအိမ်တစ်လုံး မီးလောင်ရာ မီးသတ်ကားအမြန်လာပေးရန် မီးသတ်တပ်ဖွဲ့သို့ ဖုန်းဆက်အကြောင်းကြားခဲ့ပြီး ယင်းနေရာတွင်လည်း မီးလောင်မှုမရှိကြောင်း တောင်ငူခရိုင်မီးသတ်တပ်ဖွဲ့ဦးစီးဌာနမှ သတင်းမှတ်တမ်းများအရ သိရသည်။
"အခုချိန်မှာ မီးလောင်တာတွေက ဆက်တိုက်ဖြစ်ပွားနေတာ။ အဲ့လို မီးသတ်တပ်ဖွဲ့ကို သတင်းမမှန်မကန်တာတွေ ပေးတာတော့ လုံးဝမကောင်းပါဘူး။ တကယ်မီးလောင်လို့ မလာတာပဲဖြစ်ဖြစ်၊ နောက်ကျတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ အဲ့တော့ အဲ့လိုမမှန် မကန် သတင်းပေးတဲ့သူတို့ကို ထိရောက်စွာအရေးယူပေးစေချင်ပါတယ်။ နောက်တစ်ခုက ဖုန်းတွေက အရမ်းပေါနေတော့ သုံးပြီး လွှတ်ပစ်ရင်တော့လည်း မတတ်နိုင်ပါပေါ့။ ကျနော့်အနေနဲ့ကတော့ မလုပ်သင့်တဲ့အရာ မနောက်သင့်တဲ့အရာမို့ မလုပ်ကြဖို့ပဲ ပြော ချင်ပါတယ်" တောင်ငူမြို့ခံတစ်ဦးက ဆိုသည်။
၂၀၁၅ခုနှစ်မတ်လ၁၇ရက်နေ့က မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဥပဒေကို ပြန်လည်ပြင်ဆင်အတည်ပြု ပြငှာန်းခဲ့ပြီး အခန်း၁၁တွင် ပါဝင်သော တားမြစ်ချက် ပုဒ်မ၂၆တွင် မည်သူ့မှမီးလောင်မှု ဖြစ်ပွားခြင်းမရှိကြောင်း သိလျက်နှင့် မီးလောက်မှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့သို့ လိမ်လည်သတင်းပေး တိုင်ကြားခြင်းမပြုရဟု ပြဌာန်းထားပြီး ဖောက်ဖျက်ပါက အခန်း ၁၂ပြစ်ဒဏ်များအရ ပုဒ်မ ၃၆တွင် မည်သူမျှ ပုဒ်မ ၂၆ပါ ပြဌာန်းချက်အား ဖော်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားပါက ထနုသူအား ထောင်ဒဏ် ၃နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးကို ချမှတ်ရမည်ဟု ပြဌာန်းဖော်ပြထားသည်။
ယင်းကဲ့သို့ မီးလောင်မှုမရှိပဲ မမှန်မကန်သတင်းပေးမှု များကြောင့် ပြည်သူ များ ထိတ်လန့်မှုဖြစ်စေနိုင်သည့်အပြင် အမှန်တကယ် မီးလောင်မှုများဖြစ်ပါ က မီးလောင်မှု ဟုတ်၊ မဟုတ် သတင်းအတည်ပြုနေရသောကြောင့် အချိန်ကြန့်ကြာနိုင်ကြောင်း တောင်ငူခ ရိုင်မီးသတ်တပ်ဖွဲ့ဦးစီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
တောင်ငူမြို့နယ်တွင် မီးသတ်ယာဉ် ၁၁စီးနှင့် မြို့ခံများမှ တည်ထောင်း ထားသော ရေသယ်ယာဉ် ၄စီးနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် ၄၀၀ခန့်ရှိပြီး မီးသတ်ဦးစီးဌာနတွင် ၂၄နာရီ တာဝန်ထမ်းဆောင်နေသော မီးသတ်တပ် ဖွဲ့ဝင် ၄၀ခန့်ရှိကြောင်း သိရသည်။
TLWC
#Democracytoday
Subscribe to:
Post Comments (Atom)
No comments:
Post a Comment