တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ႏွင့္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္တို႔ ေတြ႔ဆံုေဆြးေႏြး
ေနျပည္ေတာ္၊ ေဖေဖာ္၀ါရီ ၁၇
တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ႏွင့္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္ တို႔သည္ ယေန႔မြန္းလြဲ ၁ နာရီခြဲမွ ၂ နာရီ ၄၀ မိနစ္အထိ ေနျပည္ေတာ္ရွိ ေပါင္းေလာင္းရိပ္သာ ဧည့္ခန္းမေဆာင္၌ ေတြ႔ဆံုေဆြးေႏြးၾကသည္။
ေတြ႔ဆံုပြဲသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္ရံုး(ၾကည္း)မွ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦး ႏွင့္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲေအာင္ တို႔တက္ေရာက္ၾကၿပီး အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဥကၠ႒ ႏွင့္အတူ ဦးေဇာ္ျမင့္ေမာင္ ႏွင့္ ေဒါက္တာ တင္မ်ိဳး၀င္းတို႔ တက္ေရာက္ၾကသည္။
ထုိသို႔ေတြ႔ဆံုရာတြင္ တရားဥပေဒစိုးမိုးေရးဆိုင္ရာ ကိစၥရပ္မ်ားႏွင့္ ထာ၀ရၿငိမ္းခ်မ္းေရးရရွိရန္ ဆက္လက္ေဆာင္ရြက္ရမည့္ ကိစၥရပ္မ်ားကို ရင္းႏွီးပြင့္လင္းစြာ ေဆြးေႏြးခဲ့ၾကေၾကာင္း သတင္းရရွိသည္။
(Unicode Version)
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေး
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၇
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့သည် ယနေ့မွန်းလွဲ ၁ နာရီခွဲမှ ၂ နာရီ ၄၀ မိနစ်အထိ နေပြည်တော်ရှိ ပေါင်းလောင်းရိပ်သာ ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦး နှင့် ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် တို့တက်ရောက်ကြပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ နှင့်အတူ ဦးဇော်မြင့်မောင် နှင့် ဒေါက်တာ တင်မျိုးဝင်းတို့ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ထာဝရငြိမ်းချမ်းရေးရရှိရန် ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
No comments:
Post a Comment