ျမစ္ဆုံ media သည္ လြတ္လပ္ေသာ မီဒီယာျဖစ္ျပီး မည္သည့္အဖြဲ႔၊ ပါတီ၊ အသင္းအဖြဲ႔၏ၾသဇာခံ လက္ေအာက္ခံမဟုတ္ပါ။ စီးပြားျဖစ္ မီဒီယာ မဟုတ္ပါ။ သတင္းမ်ားကိုအျမန္ဆုံးေပးပို႔ေနေသာ မီဒီယာတခုျဖစ္ပါသည္။
Friday, February 12, 2016
မကၠဆီကုိ ေထာင္တြင္း ဆူပူအံုၾကြမႈတြင္ ေသဆံုးသူ ၄၉ ရွိ
မကၠဆီကုိ ေထာင္တြင္း ဆူပူအံုၾကြမႈတြင္ ေသဆံုးသူ ၄၉ ရွိ
မကၠဆီကို စီးတီး၊ ေဖေဖာ္ဝါရီ ၁၂ ရက္ (ဆင္ဟြာ)
မကၠဆီကုိႏိုင္ငံ ႏ်ဴဗိုး လီအြန္ ျပည္နယ္ မြန္တာေရး ၿမိဳ႕ရွိ တိုပို ခ်ီကို အက်ဥ္းေထာင္တြင္ ျဖစ္ပြားခဲ့သည့္ ေထာင္သားမ်ား ပုန္ကန္မႈတြင္ ေသဆံုးသူ ၄၉ ဦး ရွိခဲ့ေၾကာင္း အာဏာပိုင္မ်ားက ေဖေဖာ္ဝါရီလ ၁၁ ရက္တြင္ ေျပာၾကား ခဲ့သည္။
ထိခိုက္ဒဏ္ရာ ရရွိသူ ဦးေရ ၅ ဦး ရွိၿပီး ၃ ဦးမွာ အေျခအေန ဆိုးရြားေၾကာင္း ျပည္နယ္ အုပ္ခ်ဳပ္ေရးမွဴး Jaime Rodriguez Calderon က ဆင္ဟြာသုိ႕ ေျပာၾကား ခဲ့သည္။
အုပ္ခ်ဳပ္ေရးမွဴး၏ ေျပာၾကားခ်က္အရ မူးယစ္ေဆးဝါး ဂိုဏ္း ႏွစ္ခုသည္ ေဖေဖာ္ဝါရီလ ၁၀ ရက္ည တြင္ တိုက္ခိုက္ၾကရာမွ ပုန္ကန္မႈ ျဖစ္ေပၚလာခဲ့ေၾကာင္း သိရသည္။
အက်ဥ္းေထာင္ အတြင္းရွိ အက်ဥ္းသားအခ်ဳိ႕ ပါဝင္လာခ်ိန္တြင္ အၾကမ္းဖက္မႈမ်ား ျပင္းထန္လာၿပီး ရဲတပ္ဖြဲ႕က အျမင့္ဆံုး သတိေပးခ်က္ ထုတ္ခဲ့ေၾကာင္း သိရသည္။ အၾကမ္းဖက္မႈမ်ားသည္ လံုျခံဳေရး တပ္ဖြဲ႕မ်ားမွ ျပန္လည္ ထိန္းခ်ဳပ္ႏိုင္ခဲ့သည့္ ေဒသစံေတာ္ခ်ိန္ ၁း၃၀ နာရီ မတိုင္ခင္ ႏွစ္နာရီၾကာ ျပင္းျပင္းထန္ထန္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
Calderon က ယင္းျဖစ္စဥ္တြင္ လြတ္ေျမာက္သူ မရွိေၾကာင္း ႏွင့္ ပုန္ကန္သူအက်ဥ္းသားအားလံုး သည္ အမ်ိဳးသားမ်ား ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။
တိုပို ခ်ီကို အက်ဥ္းေထာင္သည္ အက်ဥ္းသား အေရအတြက္ အမ်ားဆံုး ၃,၆၈၅ ေယာက္သာ ထိန္းသိမ္းထားႏုိင္ ေသာ္လည္း လက္ရွိတြင္ ၃,၉၈၀ ေယာက္ အထိ ထိန္းသိမ္းထားသည့္ အတြက္ ေဝဖန္ခ်က္မ်ား ထြက္ေပၚလ်က္ ရွိၿပီး အမ်ဳိးသား လူ႕အခြင့္အေရး ေကာ္မရွင္ ကလည္း အဆိုပါ အေၾကာင္းအရာကို စံုစမ္းစစ္ေဆးမႈမ်ား ျပဳလုပ္သြားမည္ ျဖစ္ေၾကာင္း သိရသည္။
Calderon က လူဦးေရ မ်ားျပားျခင္း ျပႆနာကို ေျဖရွင္းရန္ အတြက္ အက်ဥ္းသားအခ်ဳိ႕ကို အျခား အက်ဥ္း ေထာင္မ်ားသုိ႔ ပိုေဆာင္ရန္ စီစဥ္ထားၿပီး ေဖေဖာ္ဝါရီလ ၁၁ ရက္တြင္ အက်ဥ္းသား ၃၆ ဦးကို ေထာင္ ေျပာင္းေရႊ႕ ေပးခဲ့ေၾကာင္း ေျပာၾကားခဲ့သည္။ (Xinhua)
-----------------------------------------------
(Unicode Version)
မက္ကဆီကို ထောင်တွင်း ဆူပူအုံကြွမှုတွင် သေဆုံးသူ ၄၉ ရှိ
မက္ကဆီကို စီးတီး၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ)
မက္ကဆီကိုနိုင်ငံ နျူဗိုး လီအွန် ပြည်နယ် မွန်တာရေး မြို့ရှိ တိုပို ချီကို အကျဉ်းထောင်တွင် ဖြစ်ပွားခဲ့သည့် ထောင်သားများ ပုန်ကန်မှုတွင် သေဆုံးသူ ၄၉ ဦး ရှိခဲ့ကြောင်း အာဏာပိုင်များက ဖေဖော်ဝါရီလ ၁၁ ရက်တွင် ပြောကြား ခဲ့သည်။
ထိခိုက်ဒဏ်ရာ ရရှိသူ ဦးရေ ၅ ဦး ရှိပြီး ၃ ဦးမှာ အခြေအနေ ဆိုးရွားကြောင်း ပြည်နယ် အုပ်ချုပ်ရေးမှူး Jaime Rodriguez Calderon က ဆင်ဟွာသို့ ပြောကြား ခဲ့သည်။
အုပ်ချုပ်ရေးမှူး၏ ပြောကြားချက်အရ မူးယစ်ဆေးဝါး ဂိုဏ်း နှစ်ခုသည် ဖေဖော်ဝါရီလ ၁၀ ရက်ည တွင် တိုက်ခိုက်ကြရာမှ ပုန်ကန်မှု ဖြစ်ပေါ်လာခဲ့ကြောင်း သိရသည်။
အကျဉ်းထောင် အတွင်းရှိ အကျဉ်းသားအချို့ ပါဝင်လာချိန်တွင် အကြမ်းဖက်မှုများ ပြင်းထန်လာပြီး ရဲတပ်ဖွဲ့က အမြင့်ဆုံး သတိပေးချက် ထုတ်ခဲ့ကြောင်း သိရသည်။ အကြမ်းဖက်မှုများသည် လုံခြုံရေး တပ်ဖွဲ့များမှ ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည့် ဒေသစံတော်ချိန် ၁း၃၀ နာရီ မတိုင်ခင် နှစ်နာရီကြာ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
Calderon က ယင်းဖြစ်စဉ်တွင် လွတ်မြောက်သူ မရှိကြောင်း နှင့် ပုန်ကန်သူအကျဉ်းသားအားလုံး သည် အမျိုးသားများ ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တိုပို ချီကို အကျဉ်းထောင်သည် အကျဉ်းသား အရေအတွက် အများဆုံး ၃,၆၈၅ ယောက်သာ ထိန်းသိမ်းထားနိုင် သော်လည်း လက်ရှိတွင် ၃,၉၈၀ ယောက် အထိ ထိန်းသိမ်းထားသည့် အတွက် ဝေဖန်ချက်များ ထွက်ပေါ်လျက် ရှိပြီး အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ကလည်း အဆိုပါ အကြောင်းအရာကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
Calderon က လူဦးရေ များပြားခြင်း ပြဿနာကို ဖြေရှင်းရန် အတွက် အကျဉ်းသားအချို့ကို အခြား အကျဉ်း ထောင်များသို့ ပိုဆောင်ရန် စီစဉ်ထားပြီး ဖေဖော်ဝါရီလ ၁၁ ရက်တွင် အကျဉ်းသား ၃၆ ဦးကို ထောင် ပြောင်းရွှေ့ ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။ (Xinhua) မကၠဆီကို စီးတီး၊ ေဖေဖာ္ဝါရီ ၁၂ ရက္ (ဆင္ဟြာ)
မကၠဆီကုိႏိုင္ငံ ႏ်ဴဗိုး လီအြန္ ျပည္နယ္ မြန္တာေရး ၿမိဳ႕ရွိ တိုပို ခ်ီကို အက်ဥ္းေထာင္တြင္ ျဖစ္ပြားခဲ့သည့္ ေထာင္သားမ်ား ပုန္ကန္မႈတြင္ ေသဆံုးသူ ၄၉ ဦး ရွိခဲ့ေၾကာင္း အာဏာပိုင္မ်ားက ေဖေဖာ္ဝါရီလ ၁၁ ရက္တြင္ ေျပာၾကား ခဲ့သည္။ xinhuamyanmar.com
Subscribe to:
Post Comments (Atom)
No comments:
Post a Comment