Friday, February 12, 2016

မင်းတပ်မြို့၌ အိမ်(၂)လုံးမီးလောင်မှုဖြစ်ပွား ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ®®®®®®®®®®®®®®®®®®®®®®®®®

မင်းတပ်မြို့၌ အိမ်(၂)လုံးမီးလောင်မှုဖြစ်ပွား ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ®®®®®®®®®®®®®®®®®®®®®®®®® မင်းတပ် ဖေဖော်ဝါရီ ၁၂ မင်းတပ်မြို့ အနောက်ရပ်ကွက်၊ ကွက်စိပ်(၅)၊ ဘုရင့်နောင်လမ်း၊ အမှတ်(၁)လူငယ် သင်တန်းကျောင်းရှေ့ (ခန်းမှန်း မပည FU-001633)တွင် ဖေဖော်ဝါရီလ(၁၂)ရက်နေ့ နံနက်(၇)နာရီအချိန်၌ အိမ်(၂)လုံး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။ ဖြစ်စဉ်မှာ ထမင်းချက်စဉ် မီးဖိုမီးမှ နေအိမ်အားစတင်လောင်ကျွမ်းရာမှ ဘေးနေအိမ်သို့ ကူးဆက် သွားခြင်း ဖြစ်ပြီး မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်နေပြည်သူများရောက်ရှိလာပြီး ဝိုင်းဝန်း မီးငြိမ်းသတ်ရာ (၇)နာရီ (၄၅) မိနစ်အချိန်တွင် မီးငြိမ်းသတ် နိုင်ခဲ့ကြောင်း သတင်းရရှိသည်။ အိမ်(၂)လုံးမီးလောင်မှုကြောင့် မိသားစု(၂)စု လူဦးရေ စုစုပေါင်း(၃)ဦး အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့ရပြီး ၄င်းတို့၏ ဆွေမျိုးသားချင်းနေအိမ်များ၌ ယာယီနေနိုင်ရေး စီစဉ် ဆောင်ရွက် ထားကြကြောင်းနှင့် မီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်ပြီး မီးစတင် လောင်ကျွမ်းသည့် နေအိမ်ပိုင်ရှင် ဦးမနားလိန်းအား မင်းတပ်မြို့မြို့မရဲစခန်း၏ (ပ)၁၉/၂၀၁၆ ပြစ်မှုပုဒ်မ (၂၈၅)ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

No comments: