Thursday, February 11, 2016

ငေါ့ချန်းခမြစ်အပေါ်တည်ဆောက်မည့် ရေကာတာစီမံကိန်း အပေါ် ဒေသခံများသဘောမတူ

ငေါ့ချန်းခမြစ်အပေါ်တည်ဆောက်မည့် ရေကာတာစီမံကိန်း အပေါ် ဒေသခံများသဘောမတူ

ကချင်ပြည်နယ် ချီဖွေမြို့နယ် နှင့် ဆော့လော်မြို့နယ်အတွင်းရှိ ငေါ့ချန်းခမြစ်အပေါ်တွင် တည်ဆောက်မည့် ရေအားလျှပ်စစ်စီမံကိန်း ၄ခုအပေါ် ဒေသခံများမှ ကန့်ကွက်နေသော်လည်း ကချင်ပြည်နယ်အစိုးရအဖွဲ့မှ သက်ဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းလေ့လာကာ ဒေသခံများ အား လက်မှတ်စစ်တမ်း ကောက်ခံခဲ့ ကြောင်းသိရသည်။

ရေအားလျှပ်စစ်စီမံကိန်းအား သဘောမတူသဖြင့် စီမံကိန်းရပ်ဆိုင်းရန် ကျေးရွာ ၂၀မှ ဒေသခံပြည်သူလူထု ၂၁၅၃ဦးလက်မှတ်ရေးထိုးပြီး လွန်ခဲ့သည့် ၂၀၁၅ အောက်တိုဘာလ ၅ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ စာတင်ထားပြီဖြစ်သည်။

ငေါ့ချန်းခမြစ်အပေါ် ရေအားလျှပ်စစ်စီမံကိန်း ၄ခု တည်ဆောက်ပါက ဒေသခံများ၏သမိုင်းဝင်အမွေ အနှစ်များပျောက်ဆုံးသွားမည်သာမက ရွာ ၂၅ရွာမှ အဓိကမှီခိုအားထား လုပ်ကိုင်စား သောက်နေ သည့်အတွက် များစွာခိုက်နစ်နာမည်ဖြစ်သဖြင့် ကန့်ကွက်ရခြင်းဖြစ်ကြောင်းသိရသည်။

မြစ်ပေါ်တွင် ရေကာတာ ၄ခုတည်ဆောက်သွားမည်ဖြစ်ပြီး လျှပ်စစ်ဓာတ်အား မီဂါဝပ် ၁၂၀ဝ ရရှိမည်ဖြစ်သည်။

ရေအားလျှပ်စစ်စီမံကိန်းအား-
(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
(၂) တရုတ်ပြည့်သူ့သမ္မတပိုင်ကုမ္ပဏီ
(၃) မြန်မာနိုင်ငံသားပိုင်ကုမ္ပဏီတို့ ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။

www.facebook.com/kachinwavesnews

ပုံ။။။ ငေါ့ချန်းခမြစ်ကို မှီခို၍စိုက်ပျိုးထားသည့် လှေကားထစ်စိုက်ခင်း

No comments: