မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Thursday, February 11, 2016
အိန္ဒိယနိုင်ငံသို့သွားရန် အခက်အခဲဖြစ်နေသဖြင့် လှည့်လည်အကူအညီတောင်းခံနေသည့် အင်္ဂလန် နိုင်ငံသူအား ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းလုံခြုံရေးရဲတပ်ဖွဲ့မှ ကူညီဆောင်ရွက်ပေး
အိန္ဒိယနိုင်ငံသို့သွားရန် အခက်အခဲဖြစ်နေသဖြင့် လှည့်လည်အကူအညီတောင်းခံနေသည့် အင်္ဂလန် နိုင်ငံသူအား ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းလုံခြုံရေးရဲတပ်ဖွဲ့မှ ကူညီဆောင်ရွက်ပေး
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၁
၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးပျော်ဘွယ်အနောက်ရပ်ကွက်၊ ၂၉×၃၀ လမ်းကြား၊ ၈၆ လမ်းပေါ်တွင် နိုင်ငံခြားသူတစ်ဦးက မြန်မာဘာသာဖြင့် '' အိန္ဒိယသွားရန် အကူအညီလိုအပ်နေပါသည်" ၊ အင်္ဂလိပ်ဘာသာဖြင့် " Can you help get to India Thank you " ဟုရေးသားထားသော ကတ်ထူပြားအားကိုင်ဆောင်၍ အလှူခံနေကြောင်း သတင်းအရ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း လုံခြုံရေးရဲတပ်ဖွဲ့စု(မန္တလေး)မှတပ်ဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဝန်ထမ်းများ၊ သတင်းရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့က လိုအပ်သည်များ ကူညီဆောင်ရွက်ပေးနိုင်ရန် လိုက်လံစုံစမ်းရှာဖွေခဲ့သည်။ ထိုသို့ရှာဖွေနေစဉ် ယင်းနေ့ ည ၈ နာရီအချိန် ချမ်းအေးသာစံအရှေ့ရပ်ကွက်၊ ၂၇ လမ်း၊ ၇၉×၈၀ လမ်းကြားတွင် လိုက်လံအလှူခံနေသည့် အဆိုပါနိုင်ငံသူအားတွေ့ရှိသဖြင့် မေးမြန်းရာ အင်္ဂလန်နိုင်ငံသူ Ms. Adele Hannah Groom (၃၂)နှစ်ဖြစ်ပြီး အိန္ဒိယနိုင်ငံသို့သွားမည်ဖြစ်ပြီး ဗီဇာလျှောက်ထားရန်အတွက် ငွေကြေးအခက်အခဲ ဖြစ်နေသဖြင့် လှည့်လည်အကူအညီတောင်းနေခြင်းဖြစ်ကြောင်း၊ အောင်မြေသာစံမြို့နယ်ရှိ Garden Hotel တွင် တည်းခိုနေသော သူငယ်ချင်းဖြစ်သူ ဘယ်လ်ဂျီယံနိုင်ငံသူထံတွင် အသုံးအဆောင်နှင့် ခရီးဆောင်အိတ်များအား အပ်နှံထားကြောင်း သိရှိရ၍ ဟိုတယ်သို့ တပ်ဖွဲ့ပိုင်ယာဉ်ဖြင့် လိုက်လံ ပို့ဆောင်ပေးခဲ့သည်။ ထို့နောက် အင်္ဂလန်နိုင်ငံသူမှ အခက်အခဲများအား သံရုံးတွင်တင်ပြလိုကြောင်းပြောသဖြင့် အင်္ဂလန်သံရုံးရှိရာ ရန်ကုန်သို့ ခရီးသည်တင်ယာဉ်ဖြင့် တပ်ဖွဲ့စု(မန္တလေး)မှတပ်ဖွဲ့ဝင်များက ကူညီပို့ဆောင်ပေးခဲ့ပြီး ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းလုံခြုံရေးရဲတပ်ဖွဲ့စု(ရန်ကုန်)မှတပ်ဖွဲ့ဝင်များထံ ဆက်လက် ကူညီဆောင်ရွက်ရန် ဆက်သွယ်အကြောင်းကြားခဲ့သည်။ ၁၁-၂-၂၀၁၆ ရက်နေ့တွင် အဆိုပါနိုင်ငံသူ ရောက်ရှိလာမည့် အဝေးပြေးကားဝင်းတွင် တပ်ဖွဲ့စု(ရန်ကုန်)မှတပ်ဖွဲ့ဝင်များက သွားရောက်စောင့်ဆိုင်း၍ အင်္ဂလန်သံရုံးသို့ အငှားယာဉ်ဖြင့် လိုက်လံပို့ဆောင်ပေးခဲ့ရာ သံရုံးမှ ဒုတိယကောင်စစ်ဝန်က လက်ခံထားရှိပြီး ဆက်လက်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment