မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Thursday, February 11, 2016
၅ နှစ်ခံ NLD မဖြစ်စေလို
၅ နှစ်ခံ NLD မဖြစ်စေလို
-
၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်သူလူထုက ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်ပြီး တိုင်းပြည်အပြောင်းအလဲအတွက် NLD ပါတီက ဘယ်သူ့ကို မဆို ဖြူဖြူမဲမဲ ဒေါ်အောင်ဆန်းစုကြည် ပြင်နိုင်မှာပဲဆိုပြီး မဲထည့်ခဲ့ခြင်း ဖြစ်ကြတယ်ဆိုတာကို သေသေချာချာ ပြောပါရစေ။
-
ရွေးချယ်ခံရတဲ့ NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေဟာ အနည်းဆုံး ၂ နှစ်မှသည် ၃ နှစ် သို့မဟုတ် ၅ နှစ်လုံးလုံ လူထုမကြိုက်တဲ့ ၂၀၀၈ အခြေခံဥပဒေကို ပြင်ဖို့၊ အသစ်ဖြည့်စွက်ဖို့ ကြိုးစားနေရတာတွေနဲ့ အချိန်ကုန်မှာ။ ဒီအချိန်မှာ ရပ်ကျိုးရွာကျိုး ဒေသအကျိုးကို အမှန်တကယ်ဖေါ်ဆောင်ပေးနိုင်မဲ့သူတွေဟာ NLD ပါတီရဲ့ စည်းရုံးရေးမှူးတွေ၊ ရပ်စည်း၊ ရွာစည်း၊ မြို့နယ်စီး၊ တိုင်းစီးတွေကို အုပ်ချုပ်ရမဲ့ သူတွေပဲဖြစ်ပါတယ်။ သူတို့ဟာ ရွေးချယ်ခံလွှတ်တော်ကိုယ်စားလှယ်ရဲ့ ခြေလက်အင်္ဂါတွေအဖြစ် ပြည်သူ့အကျိုးကို အကောင်အထည်ဖေါ်ရမှာ၊ ကြီးကြပ်ရမဲ့သူတွေဖြစ်ပါတယ်။
-
မနေ့က စာတစောင်ရောက်လာတော့ ဖတ်လိုက်မိတယ် သမိုင်းကား အင်းစိန်နဲ့ဆူလေးဘုရားကြားက ကားမှတ်တိုင်မဟုတ် လူတယောက်ဖြတ်သန်းခဲ့သည့် အကျိုးအကြောင်း အဆိုးအကောင်း နဲ့ စရိုက်ကို မှတ်တမ်းတင်ထားခြင်းဖြစ်သည်။ ဘယ်သူတွေက အမာခံလည်း၊ ဘယ်သူတွေက အခြေအနေကြောင့် ပြောင်းလဲသွားသလဲ၊ ဘယ်သူတွေကတော့ ဂွင်စောင့်နေသလဲ၊ ဘယ်သူတွေကတော့ အချောင်သမားလည်း ကောင်းကောင်းသိမှသာ NLD ပါတီသည် ပြည်သူ့ပါတီ၊ ပြည်ထောင်စုပါတီ၊ တပ်ဦးပါတီ ပြောချင်တာတွေ လျှောက်ပြောနေကြပါစေ ဒေါ်အောင်ဆန်းစုကြည် မသေမချင်းတော့ လူထုထောက်ခံမှု့ကို ရနေဦးမှာ မလွဲပါ။ သို့သော် အာဏာမရလို့ ဘာမှမလုပ်ပေးနိုင်တဲ့အချိန်တွင်တော့ ပြည်သူတွေက အေးလေ ဘာမှ အာဏာမရှိသေးတာကိုးဆိုပြီး ခွင့်လွှတ်ပေးနိုင်သည်။ အာဏာရှိပြီဆိုပြီး ကြံ့ဖွတ်စရိုက်နဲ့ လူတသိုက်က လုပ်ချင်တာလုပ်ရင်တော့ ဒေါ်အောင်ဆန်းစုကြည် ပဲကောင်းတာ ကျန်တာကတော့ သူမသာ ကိုယ်အသုဘတွေချည်းဟု ပြောကြတာကို ခံရမည့်အပြင် တိုင်းပြည်လည်း စုတ်ပြတ်၊ လူထုလည်း ငတ်မြဲငတ်နေလိမ့်မည်။
-
ကျနော် ဥပမာ တခုပေးပါမည်။ ကျနော့ဆီရောက်လာတဲ့စာက ပဲခူးတိုင်း ဝေါမြို့နယ် ကွေ့ကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးတဲ့ကိစ္စမှာ ကြံ့ဖွတ်သာကူးက အခုအင်န်အယ်ဒီမှာNLD တွင်မရှိသင့်သူတွေထဲမှာ ဝေါမြို့နယ်NLDအလုပ်အမှု့ဆောင်ကိုသက်လွင်တယောက်လဲပါတယ်။ဒီလိုလူတွေရှိခြင်းအားဖြင့် NLDရဲ့ဂုဏ်သိက္ခာအလွန်ကျဆင်းပါတယ်။ပြည်သူလူထုအမြင်မှာလဲဒီလိုလူတယောက်ကြောင့်NLDရဲ့ဂုဏ်/ဒေါ်အောင်ဆန်းစုကြည်ရဲ့ဂုဏ်ကိုအလွန်ထိခိုက်ပါတယ်။ဘာကြောင့်ဒီလိုရေးရတာလဲဆိုတော့ ကိုသက်လွင်ဟာ၁၉၉၀ခုနှစ်ရွေးကောက်ပွဲကာလမှာဦးမောင်မြင့်နှင့်အတူလိုက်ပြီးစည်းရုံးရေးဆင်းခဲ့ဘူးပါတယ်။၁၉၉၁မှာဦးသိန်းအောင်/ဦးဟန်စိုး/ဦးသိန်လွင်တို့ရဲ့အမှု့တွဲမှာပါပါတယ်။ဒါပေမဲ့ဦးသိန်းအောင်/ဦးသိန်းလွင်/ဦးဟန်စိုးတိုကသူ့ကိုကျောင်းသားတယောက်ဖြစ်နေတဲ့အတွက်သူမပါဘူးလို့ငြင်းပေးခဲ့ကြပါတယ်။ဒါပေမဲ့သူဟာ၂၀၀၉/၂၀၁၀လောက်မှာင်္ကြခိုင်ရေးပါတီမှဗဟိုကော်မီတီဝင်ဗိုလ်မှူးချုပ်စိုးတင်ကိုအိမ်မှာဧည့်ခံပြီးကြံ/ဖွတ်တို့ရဲ့ချေးငွေများကိုသူ့ထံပေးဘို့တောင်းဆိုခဲ့ပါတယ်။ချေးငွေကတလကို၃%ပါ။၁%ကကြံ/ဖွတ်ရံပုံငွေ။၂%ကကျေးရွာအကျိုးပြုလုပ်ငန်းများလုပ်ဆောင်ရန်ဆိုပြီးသိန်းပေါင်း၂၅၀၀ကိုချပေးမှာပါ။သူကဒီငွေတွေလိုချင်တာကကျွေးရွာအကျိုးပြုလုပ်ငန်းအတွက်မဟုတ်ဘူးးသူ့ကိုယ်ကျိုးသုံးချင်လို့ပါ။သူကရွာမှာ၁၀% / ၁၅% အတိုးနဲ့ပေးစားဘို့ပါ။သူကိုရွာသားများကလဲအခုဆိုချစ်တီးလို့ခေါ်ပါတယ်။ဒီအကြောင်းက်ုသိသွားတော့ထိုလူကြီးမင်းလဲအခြားရွာကဘဲတဆင့်ချေးပေးတော့တယ်။ရွာအတွက်ဖွံဖြိုးရေးရံပုံငွေမရဘူးပေါ့။ နောက်တခုလဲရှိသေးတယ်။စာသင်ကျောင်းကိစ္စပါ။စာသင်ကျောင်းဆောက်ဘို့ကွေ့ကြီးအုပ်စု ၃ကျောင်းရတယ်။အောက်ကွေ့ကြီးရယ်/အထက်ကွေ့ကြီးရယ်/အနောက်စုရယ်ပေါ့။ကိုသက်လွင်နေထိုင်တဲ့အောက်ကွေ့ကြီးကအခုထိမရသေးဘူးကျန်တဲ့ရွာ၂ရွာကရသွားပြီ။အောက်ကွေ့ကဘာလို့မရသေးလဲဆိုတော့ကျေးရွာကမြေဝယ်ပေးရပါတယ်။အခြားရွာတွေကမြေဝယ်ပေးတော့ရသွားကြတာပေါ့။အောက်ကွေ့ကလဲမြေအလှူရှင်ရှိပါတယ်။မိသားစုဆိုတော့မိသားစုသင့်တော်တဲ့နေရာမှာလှူပါတယ်။မိသားစုလှူတဲ့နေရာကလဲကျမ်းမာရေးအရကြည့်မယ်ဆိုရင်အလွန်အဆင်ပြေတဲ့နေရာပါ။အဲဒါကိုဦးသက်လွင်ကကန့်ကွက်ပါတယ်။သူကြိုက်တဲ့နေရာမှာလှူရမယ်လို့ပြောပါတယ်။သူကြိုက်တဲ့နေရာကလှည်းလမ်းဆုံပါ။နွေဆိုရင်ဖုံမှုံတွေနဲ့ကလေးတွေကျမ်းမာရေးထိခိုက်နိုင်တဲ့နေရာပါ။ကိုသက်လွင်ကပြောပါတယ်။သူကမြို့နယ်ပညာရေးမှူးကိုလဲသူပိုင်တယ်။ပြီးတော့မြို့နယ်ထွေအုပ်ကိုလဲသူပိုင်တယ်တဲ့။ဒါကြောင့်မို့ကိုသက်လွင်ရဲ့နှောက်ယှက်မှု့ကြောင့်အခုချိန်ထိစာသင်ကျောင်းမဆောက်ဖြစ်သေးသလို ကျေးရွာဖွံဖြိုးရေးလုပ်ငန်းတွေလဲပျက်ခဲ့ရပါတယ် ။ ကျေးရွာလူမှု့ရေးအသင်းမှာလဲဝင်လုပ်ပါတယ်။ငွေတွေကိုသုံးပြီးဦးသိန်းအောင်ကိုထိုချခဲ့တယ်။ဦးသိန်းအောင်ကလဲသူလွဲချခဲ့တဲ့ငွေတွေကိုလဲပေးဆပ်ခဲ့ရတယ်။၂၀၁၆ အုပ်ချုပ်ရေးမှူးးရွေးမယ်ဆိုတော့လဲရွမိ/ရွဖ (ရပ်မိရပ်ဖ)အဖြစ်ဝင်လုပ်ပါတယ်။ရွမိရွဖ (ရပ်မိရပ်ဖ)အနေနဲ့ရွာတွေမှာ၁၀အိမ်ခေါင်းတွေအစည်းအဝေးခေါ်ပြီး သူရဲ့မယားညီအကို (ဦးပြူးး မ ဘ သ အောက်ကွေ့ဆရာတော်နဲ့အတူ အမေစုမကောင်းကြောင်းနဲ့NLDမကောင်းကြောင်းပြောနေသူရဲ့သား။ဦးဝင်းတိုး ကြံခိုင်ရေးစည်းရုံးရေးမှူးရဲ့ညီ)ကိုနိုင်ထူးကိုမဲဆွယ်ပေးနေပါတယ်။ပြီးတော့သူကပြောသေးတယ်။ငါပြောတဲ့သူကိုဘဲမဲပေးရမယ်တဲ့။ဘာဖြစ်လို့လဲဆိုတော့NLD နိုင်ထားပြီးပြီ။ရွာအုပ်ချုပ်ရေးမှူးဟာသူ့ရဲ့လက်အောက်မှာဘဲနေရမှာ။ငါကNLDမြ်ု့နယ်အလုပ်အမှု့ဆောင် ဒါကြောင့်သူပြောတဲ့သူကိုထည့်ပါလို့လိုက်ပြောနေတယ်။ဒါကြောင်သက်ဆိုင်ရာNLDလူကြီးမင်းများအနေနဲ့ကိုသက်လွင်လိုလူများကိုNLDမှအမြန်ဆုံးဖယ်ရှားသင့်ကြောင်းရေးသားတောင်းဆိုလိုက်ပါတယ်။အစကောင်းမှအနှောင်းသေချာမယ်ဆိုတာကိုမမေ့ပါနဲ့လို့ဘဲ အကြံပြုလိုက်ပါရစေ။
မင်းလွင်(Finland)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment