Tuesday, February 16, 2016

တိုက်ပွဲများ ရှောင်တိမ်းရန် ကျောက်မဲမြို့သို့ ထွက်ခွာလာသော ထော်လာဂျီယာဉ် တိမ်းမှောက်မှုကြောင့် လူလေးဦးသေဆုံး

တိုက်ပွဲများ ရှောင်တိမ်းရန် ကျောက်မဲမြို့သို့ ထွက်ခွာလာသော ထော်လာဂျီယာဉ် တိမ်းမှောက်မှုကြောင့် လူလေးဦးသေဆုံး တိုက်ပွဲများကြောင့် တော့ဆန်ကျေးရွာအုပ်စု၊ ပါခါးရွာဘက်မှ ကျောက်မဲမြို့သို့ တိမ်းရှောင်လာသော လေးလုံးထိုး ထော်လာဂျီယာဉ်မှာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ည (၈) နာရီ အချိန်ခန့်က ကျောက်မဲ-မိုင်းလုံ သွား ကားလမ်းမပေါ် မိုင်တိုင်အမှတ် (၂၀) နှင့် (၂၁) အကြား၊ ပန်လင်လမ်းခွဲ မရောက်မီ တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ် လိုက်ပါလာသူ ၄ ဦး သေဆုံးခဲ့ရပြီး ၁၃ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ ယာဉ်တိမ်းမှောက်မှုကြောင့် လေးလုံးထိုး ထော်လာဂျီယာဉ် ဦးခေါင်းရှေ့ပိုင်းနှင့် ဘေးဝဲဘက်ခြမ်း ပျက်စီးခဲ့ကာ ယာဉ်ပေါ် လိုက်ပါလာသူ ၁၉ ဦးအနက် ၁၃ ဦး ဒဏ်ရာရရှိကာ ၄ ဦး သေဆုံးခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူများအား ကျောက်မဲမြို့ ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသ ပေးလျှက်ရှိကြောင်း သိရသည်။ “ကျွန်မတို့က မိသားစုသုံးယောက် တော့ဆန်ကနေ ဒီထော်လာဂျီနဲ့ လိုက်လာတာ။ ကားမှောက်တဲ့ အချိန်က ည ၈ နာရီလောက်တော့ ရှိပြီထင်တယ်။ ကားကမီးမပါဘူး။ ဓါတ်မီးနဲ့ မောင်းလာတာ။ လမ်းအကွေ့ရောက်တော့ လမ်းပေါ်မြေစာတွေ အုပ်ထားတဲ့နေရာ ရောက်သွားပြီး ချော်ပြီး ချောက်ထဲကို ကျသွားတာ။ ကျမတို့မိသားစု သုံးယောက်လုံးက ဘာမှသိပ်မထိမိပါဘူး။ သားကတော့ ခြေထောက်နည်းနည်း ထိသွားတယ်။ ကယ်ဆယ်ရေးတွေကတော့ ည ၁၀ နာရီလောက်မှ ရောက်လာတယ်။ ကားဆရာကိုလည်း အပြစ်မတင် လိုပါဘူး။ သူကလည်း သူများအသက်ကယ်ချင်လို့ ခေါ်လာတာလေ။ ဖြစ်ချိန်တန်လို့ ဖြစ်တယ်လို့ပဲ မှတ်ယူရတော့တာပေါ့။ ရွာမှာနေတော့လဲ အန္တရာယ်က များနေတယ်လေ” ဟု တိမ်းမှောက်သွားသည့် ထော်လာဂျီယာဉ်ပေါ်တွင် လိုက်ပါလာသူ ဒေါ်နန်းခင်မေက ဆိုသည်။ သတင်းအပြည့်အစုံ ဖတ်ရှုရန် >>>>> http://goo.gl/pWRJkS

No comments: