Tuesday, February 16, 2016

သမ္မတအိုဘားမား မေလတွင် ဗီယက်နမ်သို့သွားမည်

သမ္မတအိုဘားမား မေလတွင် ဗီယက်နမ်သို့သွားမည် ++++++++++++++++++++++++++++++++ ရမ်ချုံမီရာ့ခ်ျ၊(ကယ်လီဖိုးနီးယား) ဖေ ဖော်ဝါရီ ၁၆ ။ ။ အမေရိကန်သမ္မတဘားရက်အို ဘားမားသည် ၎င်း၏အာရှခရီးစဉ် အတွင်း မေလ ၌ ဗီယက်နမ်နိုင်ငံသို့ သွားရောက်မည်ဟု အိမ်ဖြူတော်အ ရာရှိများက ဖေဖော်ဝါရီ ၁၅ ရက်က ထုတ်ဖော်ပြောကြား လိုက်သည်။ ကယ်လီဖိုးနီးယားတွင် ကျင်းပ သည့်အရှေ့တောင်အာရှနိုင်ငံများ ထိပ်သီးအစည်းအဝေး၌ ဗီယက်နမ် ဝန်ကြီးချုပ်ငုယင်တန်ဒွန်၏ ဖိတ်ကြား ချက်ကို အိုဘားမားကလက်ခံခဲ့ခြင်း ဖြစ်သည်။ အမေရိကန်-ဗီယက်နမ်သံတ မန်ဆက်သွယ်ရေးနှစ် ၂၀ ပြည့်အ ခမ်းအနား၌ အမေရိကန်၊ ဗီယက်နမ် ချစ်ကြည်ရေးဆောင် ရွက်မှုများ တိုး မြှင့်ဆောင်ရွက်ရန် နှစ်နိုင်ငံခေါင်း ဆောင်များက ဆွေးနွေးခဲ့ကြသည်ဟု အရာရှိများက ပြောဆိုလိုက်သည်။ ''ပစိဖိတ်ဖြတ်ကျော် ပူးပေါင်း ဆောင်ရွက်မှု၊ ရေကြောင်းလုံခြုံရေး နှင့်လူ့အခွင့်အရေးတိုးတက်စေရန် ဆောင်ရွက်မှုများ၏ အရေးပါမှုကို ခေါင်းဆောင်များက သတိပြုမိခဲ့ကြ သည်''ဟု ၎င်းကဆက်လက်ပြောကြား လိုက်သည်။ Ref: Reuters #Democracytoday

No comments: