Tuesday, January 12, 2016

အကောင်းဆုံးဘောလုံးသမားဆုကို မဲရေအတွက် ၄၁ရာခိုင်နှုန်းကျော်နဲ့ မက်ဆီရရှိခဲ့




၂၀၁၅ FIFA Ballon d’Or ရဲ့ အကောင်းဆုံးဘောလုံးသမားဆုကို ဘာစီလိုနာအသင်းရဲ့ တိုက်စစ်မှူး လီယွန်နယ်မက်ဆီက ပြိုင်ဖက် ရော်နယ်လ်ဒိုကို မဲအရေအတွက် အပြတ်အသတ် အသာရပြီး ၅ကြိမ်မြောက် Ballon d’Or ဆုကိုရရှိခဲ့ပါတယ်။

 FIFA Ballon d’Or ဆုကို ဖီဖာ အဖွဲ့ဝင် နိုင်ငံ လက်ရွေးစင်အသင်းနည်းပြ၊ အသင်းခေါင်းဆောင် နဲ့မီဒီယာတွေက မဲပေးရွေး ချယ်ခဲ့တာဖြစ်ပြီး မက်ဆီက မဲအရေအတွက်ရဲ့ ၄၁.၃၃ရာခိုင်နှုန်းရရှိခဲ့ ဒီဆုကိုဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။

 ရော်နယ်လ်ဒိုက မဲအရေအတွက် ၂၇.၇၆ရာခိုင်နှုန်းနဲ့ ဒုတိယနေရာရရှိခဲ့ပြီး နေမာက ၇.၈၆ ရာခိုင်နှုန်းနဲ့ တတိယရရှိခဲ့ပါတယ်။

 အကောင်းဆုံးနည်းပြဆုကိုလည်း ဘာစီလိုနာနည်းပြ လူးဝစ်အင်းနစ်က မဲအရေအတွက် ၃၁. ၀၈ရာခိုင်နှုန်းရရှိပြီး ဘိုင်ယန် နည်းပြဂွါဒီယိုလာကို ကျော်ဖြတ်ပြီးရရှိခဲ့ပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese/

No comments: