Wednesday, December 25, 2013

လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ခေတ်မီနည်းစနစ်ဖြင့် ပြောင်းလဲစိုက်ပျိုး တောင်သူ လယ်သမားများ ဝမ်းစာဖူလုံရုံသာမက ဝင်ငွေလည်း တိုးပွားလာမည် နေပြည်တော် ဒီဇင်ဘာ ၂၅ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ယနေ့နံနက် ၈ နာရီ ၄၅ မိနစ်တွင် ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့ ကိုးသိန်းအားကစားကွင်း၌ ကျင်းပသည့် ဧရာဝတီတိုင်း ဒေသကြီးအတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် လူမှု စီးပွားဘဝ မြှင့်တင်ရေး အခမ်းအနားသို့ တက်ရောက်၍ အမှာစကား ပြောကြားသည်။ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဧရာဝတီတိုင်း ဒေသကြီး ဝန်ကြီးချုပ်၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းမှူး၊ ဒုတိယ ဝန်ကြီးများ၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာန ဆိုင်ရာ အကြီးအကဲများ၊ လပွတ္တာ၊ ဖျာပုံ၊ မအူပင်၊ မြောင်းမြ၊ ဟင်္သာတနှင့် ပုသိမ်ခရိုင်တို့ရှိ သမဝါယမ အသင်းများမှ အသင်းဝင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။ အခမ်းအနားတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က အဖွင့်အမှာစကား ပြောကြားရာ၌ ယနေ့ကျင်းပသည့် အခမ်းအနားသည် ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့မှ သမဝါယမအသင်း သားများအား မြို့နယ်အလိုက် ငွေကြေး အရင်းအနှီးများ မတည်ရင်းနှီး ငွေအဖြစ် ထုတ်ချေးပေးအပ်မည့်အပြင် မိမိတို့ကိုယ်တိုင် ကြိုက်နှစ်သက်သော လက်တွန်းထွန်စက်၊ ထွန်စက်၊ ထော်လာဂျီ၊ ထရပ်ကား၊ အင်ဂျင်၊ မီးစက်၊ ရေစုပ်စက်၊ သုံးဘီးဆိုင်ကယ်၊ အပ်ချုပ်စက်၊ ဆိုက်ကား၊ မော်တော်ဆိုင်ကယ်၊ ငါးဖမ်းပိုက်နှင့် ငါးဖမ်းလှေ စသည့် ရေလုပ်ငန်းသုံး ပစ္စည်းတန်ဖိုးအပါအဝင် ကျပ်သန်းပေါင်း ၈၁၉၁ ဒသမ ၉၆၃ ထုတ်ချေးပေး အပ်သွားမည့် အခမ်းအနားဖြစ်ပါကြောင်း၊ ဤငွေကြေးနှင့် ပစ္စည်းများကို သမဝါယမ ဝန်ကြီးဌာန အစီအစဉ်ဖြင့် ထုတ်ချေးပေးအပ် သွားမည်ဖြစ်ပါကြောင်း၊ ရည်ရွယ် ချက်မှာ ကျေးလက်ဒေသဖွံ့ဖြိုးရေး နှင့်ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ် ငန်းစဉ်(၈)ရပ်တွင် ပါဝင်သည့် သမဝါယမ ဝန်ကြီးဌာန၏ လုပ်ငန်းများကို ဆင်းရဲနွမ်းပါးသူများအတွက် လက် တွေ့အကောင် အထည်ဖော် ဆောင်ရွက်ပေးခြင်း ဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာ၌ သမဝါယမဝန်ကြီး ဌာနက အသေးစားချေးငွေထုတ် ပေးခြင်းအားဖြင့် ကျေးလက်နေပြည် သူများ၊ မြို့ပြနေ အခြေခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရုံသာမက ပညာရေး၊ ကျန်းမာရေးစသည့် လူမှုရေးလုပ်ငန်းများ အဆင်ပြေစွာဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ လယ်ယာကဏ္ဍကို အဓိကအားထား နေကြရသည့် ကျေးလက်နေ ပြည်သူများအတွက် လယ် ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှသာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်မည် ဖြစ်သည့်အတွက် လက်ရှိအခြေအနေတွင် လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်အောင် အလေးထား ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုတက်ရေး အတွက် သမားရိုးကျ အတိုင်း စိုက်ပျိုးထုတ်လုပ်ရာမှ ခေတ်မီနည်းစနစ်များဖြင့် ပြောင်းလဲစိုက်ပျိုး ထုတ်လုပ်မှသာ တောင်သူလယ်သမား များအတွက် ဝမ်းစာဖူလုံရုံသာမက ဝင်ငွေလည်း တိုးပွားလာမည်ဖြစ်ပါ ကြောင်း၊ စိုက်ပျိုးခြင်း၊ ကြိတ်ခွဲခြင်း၊ ဈေးကွက်သို့ သယ်ပို့ရောင်းချခြင်း အဆင့်အထိ Supply Chain တစ်ခုလုံး အချိတ်အဆက်မိမိ ဆောင်ရွက်ရာတွင် တစ်ဦးတစ်ယောက် တည်းအားထက် ယင်းလုပ်ငန်းတွေကို သမဝါယမ အသင်းများဖွဲ့စည်းပြီး ဆောင်ရွက် သွားပါက ပိုမိုအောင် မြင်လာမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် သမဝါယမအသင်းများ အနေဖြင့် တောင်သူ လယ်သမားများကို ငွေထုတ်ချေးပေးရုံ သက်သက်သာမဟုတ်ဘဲ ကြိတ်ခွဲရောင်း ချသည့်အဆင့်အထိ စီမံဆောင်ရွက်ပေးသွားရန် လိုအပ်ပါကြောင်း၊ သို့မှသာ တောင်သူလယ်သမားများ ဘဝ အဆင်ပြေမည်ဖြစ်ပြီး ဝင်ငွေလည်း တိုးပွားလာမည် ဖြစ်ပါကြောင်း၊ ယခု သမဝါယမ ဝန်ကြီးဌာနအနေဖြင့် ဝန်ကြီးဌာနအောက်တွင် အသင့်ဖွဲ့စည်းပြီး ရှိနေသည့် သမဝါယမအသင်း အဆင့်ဆင့်နှင့် အသေးစားငွေကြေး (Microfin- ance) လုပ်ငန်းတို့သည် မိမိအထက်တွင် ပြောကြားခဲ့သော ငွေကြေး အရင်းအနှီး၊ ပစ္စည်းအရင်းအနှီးနှင့် ဈေးကွက်တို့ကို ဖန်တီးပေးနိုင် မည် ဖြစ်သည့်အတွက် ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ရေးအတွက် ထိရောက်သော လုပ်ငန်းတစ်ရပ် ဖြစ်သည်ကို ချီးကျူးပြောကြား လိုပါကြောင်း၊ ကျေးလက်ဒေသများတွင် သာမက မြို့ပေါ်ရပ် ကွက်များ၌ပါ အောက်ခြေ ဝန်ထမ်းများ အပါအဝင် ဆင်းရဲ နွမ်းပါးသူအချို့သည် ငွေကြေး အရင်းအနှီး မရှိကြသည့်အတွက် ဆိုက်ကား၊ မော်တော်ဆိုင်ကယ် အငှားနင်းနေရသူများ၊ အပ်ချုပ် စက်ငှားပြီး အငှားချုပ်နေကြရသော စက်ချုပ်သမများ ရှိနေပါကြောင်း၊ တစ်နေ့စာတစ်နေ့ ရှာဖွေစားနေရ ပြီးမိမိတို့ပင်ပန်းကြီးစွာ ရှာဖွေရရှိသော ငွေကြေး တချို့တစ်ဝက်ကို ပိုင်ရှင်များ အား နေ့စဉ်ပေးအပ်နေရသည့်အတွက် ငွေပိုငွေလျှံ မကျန်ရှိတော့ဘဲ သားသမီးများ ကျောင်းထားရန်၊ နေထိုင်မကောင်းဖြစ်သည့် အခါ ဆေးဝါးကုသရန်ပင် အခက် အခဲနှင့်ကြုံတွေ့ နေရခြင်းများ ရှိနေပါကြောင်း၊ သမဝါယမဝန်ကြီးဌာန အနေဖြင့် အောက်ခြေဝန်ထမ်းတွေ အပါအဝင် လိုအပ်နေသော ငွေကြေးအရင်းအနှီးအတွက် ထုတ် ချေးပေးပြီး အချိန်တိုအတွင်း ဆိုက်ကားပိုင်၊ မော်တော်ဆိုင်ကယ်ပိုင်၊ အပ်ချုပ်စက် ပိုင်ရှင်များ ဖြစ်လာအောင် စီမံဆောင်ရွက်ပေးနေ ပါကြောင်း၊ နိုင်ငံတော်၏ စေတနာကို တန်ဖိုးထားပြီး ရိုးရိုးသားသား၊ ကြိုးကြိုးစားစားနှင့် ရှာဖွေလုပ် ကိုင်ကြရမည်ဖြစ်ပါကြောင်း၊ ထို့ ပြင် မိမိတို့ ချေးငွေများကိုလည်း မှန်မှန်ကန်ကန် ပြန်လည်ပေးဆပ်ကာ ကိုယ်တိုင်ပိုင်ဆိုင်သည့် ပစ္စည်း များ ဖြစ်လာသည့် တိုင်အောင် မိမိတို့၏ဘဝကို တည်ဆောက်သွား ရမည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် ကျေးရွာပေါင်း ၆၄ဝဝဝ ကျော် ရှိပါကြောင်း၊ ကျေးလက် ဒေသများတွင် လမ်းပန်းဆက် သွယ် မှုကောင်းမွန်ရေး၊ ရေကောင်းရေ သန့်ရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေးမြင့်တက်လာအောင် ပြည်တွင်း ပြည်ပ အကူအညီများ ရယူပြီး မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက် နေပါကြောင်း၊ ကျေးရွာများဖွံ့ဖြိုး တိုးတက်ရန် အတွက် လူထုကရွေးချယ် တင်မြှောက်ထားသော ကျေးရွာအုပ်ချုပ်ရေးမှူးများ တော်ရန်၊ ကောင်းရန် အရေးကြီးပါကြောင်း၊ သို့မှသာ ရာဇဝတ်မှု၊ မုဒိမ်းမှု၊ လုယက်မှု၊ ခိုးမှုများ ကင်းစင်ကာ တရားဥပဒေ စိုးမိုးသည့် ကျေးရွာများ ဖြစ်လာပြီး စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးများ တိုးတက်အောင် လုပ်ဆောင်နိုင် မည်ဖြစ်ပါကြောင်း၊ တည်ငြိမ်အေး ချမ်းမှုမရှိဘဲ၊ တရားဥပဒေစိုးမိုးမှု မရှိဘဲ၊ စည်းလုံးညီညွတ်မှုမရှိဘဲ မည်သို့မျှ တိုးတက်လာနိုင်မည် မဟုတ်ပါကြောင်း၊ ထို့ကြောင့် တည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုး သည့် ကျေးလက်နှင့်မြို့ပြများဖြစ် လာအောင် အုပ်ချုပ်ရေးအဖွဲ့အစည်း များအနေဖြင့် ဖွဲ့စည်းထားပြီးဖြစ်သည့် ကျေးလက်နှင့် မြို့ပြအကျိုး ဆောင်အထောက် အကူ ပြုအဖွဲ့များ နှင့် တက်ညီလက်ညီ ညှိနှိုင်းပေါင်းစပ် ဆောင် ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ယခုအခါ ပြည်သူကို ဗဟိုပြုသည့် အုပ်ချုပ်ရေး စနစ်ကျင့်သုံး လျက်ရှိပါကြောင်း၊ မြို့နယ်၊ ကျေးရွာ များတွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ အပြင် မြို့နယ်ကျေးရွာ ပူးပေါင်း ဆောင်ရွက်ရေး အကျိုးဆောင် ကော်မတီများကို မြို့မိမြို့ဖ၊ ရပ်မိရပ်ဖများဖြင့် ဖွဲ့စည်းထားသော အဖွဲ့များ၊ မြို့နယ်ကရွေးချယ်ထားသော စည်ပင်အဖွဲ့များ ရှိနေကြပြီ ဖြစ်ပါကြောင်း၊ ထို့ပြင် မြို့နယ်များတွင် မြို့နယ်ကိုယ်စားပြုသည့် လွှတ်တော် ကိုယ်စားလှယ်များလည်း ရှိနေပါကြောင်း၊ ထိုအဖွဲ့အစည်း၊ ထိုပုဂ္ဂိုလ်များက မိမိမြို့နယ်၊ ရပ် ကွက်၊ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး အတွက် ညှိညှိနှိုင်းနှိုင်း၊ တိုင်တိုင်ပင်ပင်ဖြင့် စည်းစည်းလုံးလုံး လုပ်ကိုင်သွားကြမည်ဆိုပါက မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများသည် တစ်ဟုန်ထိုး ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါကြောင်း၊ မိမိတို့ပြည်ထောင်စု အစိုးရအဖွဲ့ကရော၊ တိုင်းဒေသကြီး နှင့် ပြည်နယ် အစိုးရများကပါ ကူညီနိုင်သည် များ၊ ဖြည့်ဆည်းပေးနိုင် သည်များကို ကူညီဖြည့်ဆည်းပေးရန် အသင့်ရှိနေပါကြောင်း၊ '' ဥစ္စာရင်လို ဥစ္စာရင်ခဲ'' ဆိုသကဲ့သို့ ကိုယ့်မြို့နယ်၊ ကိုယ့်ရပ်ကွက်၊ ကိုယ့်ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကိုယ်ကိုယ်တိုင် ဦးစွာလုပ်ပြကြရ မည်ဖြစ်ပါကြောင်း၊ သူတစ်ပါးကို အားကိုးနေ၍မရဘဲ ကိုယ့်အား ကိုယ်ကိုးပြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ကြရမည်ဖြစ်ပါကြောင်း၊ အသေးစား ငွေကြေး လုပ်ငန်းသည် ပြည်သူများ လတ်တလော သက်သာချောင် ချိစေရန်အတွက် သာမက နောင်အနာဂတ်တွင် ပြည်သူများ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ် တည်နိုင်အောင် မျှော် မှန်း ဆောင်ရွက်ပေးနေသည့်အတွက် ပြည်သူများအနေဖြင့် မိမိတို့ရရှိသောချေး ငွေများကို မိမိတို့၏ လုပ်ငန်းများတွင် မှန်မှန်ကန်ကန် ထိထိရောက်ရောက် အသုံးပြုသွားရန် လိုအပ်သကဲ့သို့ သတ်မှတ်ကာလစေ့ ရောက်သည့်အခါတွင်လည်း ချေးငွေကို မှန်မှန်ကန်ကန် ပြန်လည်ပေးဆပ်သွားရန် အရေးကြီးပါကြောင်း၊ တစ်ဦးချင်း တာဝန်ယူမှု၊ အဖွဲ့စနစ်ဖြင့် တာဝန်ယူမှု၊ သမဝါယမ အသင်းများက တာဝန်ယူမှုများနှင့် ပေါင်းစပ် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ချေးငွေရယူသည့် ပြည်သူများက တာဝန်ကျေရန် လိုအပ်သကဲ့သို့ ယင်းလုပ်ငန်းများတွင် တာဝန်ယူ ဆောင် ရွက်နေကြသော သမဝါယမ ဝန်ကြီးဌာနမှ ဝန်ထမ်း များ၊ သမဝါယမ အသင်းများမှ အမှုဆောင်များနှင့် ဝန်ထမ်းများကလည်း မှန်မှန်ကန်ကန် ပူးပေါင်းကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ် ပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် ကျေး ရွာများဖွံ့ဖြိုး တိုးတက်မှ မြို့နယ်များ ဖွံ့ဖြိုးတိုးတက်မည်၊ မြို့နယ်များဖွံ့ ဖြိုးတိုးတက်မှလည်း တိုင်းဒေသကြီး နှင့် ပြည်နယ်များ ဖွံ့ဖြိုးတိုးတက် မည်ဖြစ်ပြီး တစ်တိုင်းပြည်လုံးဖွံ့ဖြိုး တိုးတက်မည်ဖြစ်သည့်အတွက် လူတစ်ဦးချင်း အလုပ်ကိုကြိုးစားလုပ် ကိုင်ကြကာ စည်းစည်းလုံးလုံးညီ ညီညွတ်ညွတ်ဖြင့် လုပ်ကြကိုင်ကြ မည်ဆိုလျှင်၊ တိုင်းပြည်လည်း တည် ငြိမ်အေးချမ်းမည်ဆိုလျှင် အမြန် ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါကြောင်း နှင့် ယနေ့အခမ်းအနားကို တက်ရောက် လာကြသော ကျေးလက် နှင့် မြို့ပြမှ သမဝါယမအသင်း သားများ၊ သမဝါယမအသင်းများ မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သမဝါယမ ဝန်ကြီးဌာနအပါအဝင် ဝန်ကြီးဌာန အသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ လူထုလူတန်းစား အဖွဲ့အစည်း အသီးသီးမှ ပုဂ္ဂိုလ်များအားလုံးက အသေးစား ငွေကြေးလုပ်ငန်းနှင့် သမဝါယမအသင်းများ၏ အဆင့်မြှင့်တင်ရေး လုပ်ငန်းများအောင်မြင်ရေး အတွက် ဝိုင်းဝန်းပါဝင် ကူညီ ဆောင်ရွက်ကြရန် တိုက်တွန်းမှာ ကြားလိုပါကြောင်းဖြင့် ပြောကြားသည်။ http://www.myawady.net.mm/allnews/headline/item/33255-2013-12-25-08-37-25

No comments: