Wednesday, December 18, 2013

ငယ်ငယ်တုံးက တပ်ခွဲ၊တပ်ရင်းလိုက် လက်ဝှေ့ထိုးထိုး၊ဘောလုံးကန်ကန်၊ နောက်ဆုံး တိုက်ပွဲပဲ တိုက်တိုက် ဆရာသမားတစ်ယောက်က တရားမျှတစွာ အောင်မြင်သူတို့ရဲ့ ကြွားဝါခြင်းကို တစ်ရက်လုံုးထိုင်နားထောင်မယ်။ ရှုံးနိမ့်သူတို့ရဲ့ ဆင်ခြေကို တစ်မိနစ်တောင် နားမထောင်လိုဘူးလို့ ပြောလေ့ရှိပါတယ်။ သူက ရှုံးပြီဆိုရင် လူတိုင်းမှာ ဆင်ခြေပေးစရာ အပြည့်ရှိတယ်။ တကယ်တော့ မင်းတို့ အလုပ်က လက်ဝှေ့ထိုးရင် နိုင်အောင်ထိုး၊ ဘောလုံးကန်ရင် ရနိုင်သမျှ ဂိုးသွင်း။ တိုက်ပွဲတိုက်ရင် နိုင်အောင် ကြံဆပြီးတိုက် ဖို့ပဲ။ အဲဒါမလုပ်နိုင်ဘူးဆိုရင် ဘယ်သူကြောင့် ဘယ်ဝါကြောင့်လို့ ပြောမနေနဲ့ လို့ ဆုံးမဖူးပါတယ်။ ဒီဇင်ဘာ ၁၆ ရက်နေ့ညက မြန်မာစံတော်ချိန်ထက် နှစ်နာရီခွဲစောတဲ့ ဂျပန်နိုင်ငံမှာ မနက်သုံးနာရီခွဲ ပစ္စည်းသိမ်းပြီးအပ်ရမယ်ဆိုတာသိရက်နဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ အွန်လိုင်းကနေ ဘောလုံးပွဲကြည့်ပြီးနောက် တွေးမိတဲ့ အတွေးဖြစ်ပါတယ်။ Credit: Ye Htut ပြန်ကြားရေးဝန်ကြီးဌာန

No comments: