Sunday, December 22, 2013

နိုင်ငံရေးသမားတိုင်း လူ့အခွင့်အရေးသမားတိုင်းကို ဂန္ဒီတို့မာတင်လူသာကင်းတို့ မန်ဒဲလားတို့နှုံးစံနဲ့လိုက်တိုင်းတာနေလို့မရပါဘူး။ မစုစုနွေးဟာဘယ်သူမှ ခေါင်းမဖေါ်ရဲတဲ့အချိန်မှာ အနိမ့်ကျဆုံးလယ်သမားတွေအတွက် ထောင်ထဲဝင်ရဲခဲ့သူဖြစ်ပါတယ်။ ကုလားဆိုတဲ့အခေါ်အဝေါ်ကို မသင့်တော်ဘူးဆိုရင်တောင် အစားထိုးစရာစကားလုံးရှိရပါမယ်။ အမေရိကန်မှာနီဂရိုးဆိုတဲ့ စကားလုံးဟာမသုံးသင့်တဲ့ အသုံးအနှုံးလို့နားလည်ထားကြပါတယ်။ သို့သော်ဒီစကားလုံးကို မရည်ရွယ်ဘဲဖြစ်ဖြစ် ရည်ရွယ်ချက်ရှိရှိနဲ့ဖြစ်ဖြစ် သုံးမိတဲ့နိုင်ငံရေးသမားတွေ လူ့အခွင့်အရေးသမားတွေ ထင်ရှားကျော်ကြားသူတွေ အများအပြားရှိနေဆဲပါ။ နီဂရိုးဆိုတဲ့စကားလုံးအစား တရားဝင်ရုံးစာတွေမှာ အာဖရိကန်-အမေရိကန်လို့သုံးပါတယ်။ သို့သော်အရပ်ထဲမှာပြောဆိုကြရင် မီဒီယာတွေမှာပြောဆိုကြရင် black guy,black male,black man စတာတွေသုံးလို့ရပါတယ်။ သတင်းဌာနကြီးတွေကိုယ်တိုင်first black president လို့ ဖောဖောသီသီသုံးစွဲပါတယ်။ ဘလက်ဆိုတဲ့စကားလုံးနဲ့ နီဂရိုးဆိုတဲ့စကားလုံး အဓိပ္ပါယ်ကဘာမှကွာမသွားပါ။ စိုးရိမ်မိတာတခုဘဲရှိပါတယ်။ ငါတို့ရဲ့ ဂုဏ်သိက္ခာ ဂုဏ်ယူဖွယ်ရာကို ပျက်ဆီးအောင်လုပ်တဲ့သူတွေကို သတ်ပြစ်ဆိုတဲ့သဘောတရားမျိုးပါဘဲ။ ဒါဆိုရင်မွတ်စလင်အစွန်းရောက်တွေရဲ့ အစ္စလမ်ကိုတိုက်ခိုက်ဝေဖန်သူတွေကို သတ်ပြစ်ရမယ်ဆိုတာနဲ့ သဘောတရားအတူတူဖြစ်သွားပါမယ်။ Salman Rushdie ကိုသတ်မယ်ဆိုတဲ့ သူတွေနဲ့အတူတူဘဲဖြစ်သွားပါမယ်။

No comments: