Friday, December 6, 2013

အသက် ၈ နှစ်ရှိ ယီမင်နိုင်ငံသူကလေးတစ်ဦး အသက် ၄၀ ရှိ အမျိုးသားနှင့်လက်ထပ်ပြီး မင်္ဂလာဦးညတွင်သေဆုံး

ယီမင်နိုင်ငံ၌ အသက် ၈ နှစ်ရှိ သတိုးသမီးတစ်ဦးသည် မင်္ဂလာဦးညတွင် လိင်ဆက်ဆံမှုကြောင့် အတွင်းဒဏ်ရာရရှိသွားပြီးနောက် သေဆုံးသွားသည်။ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ၎င်းအမျိုးသမီးငယ်၏ လင်ယောက်ျားကို ဖမ်းဆီးပေးဖို့တောင်းဆိုလိုက်ပြီး၊ ၎င်းအမျိုးသားသည် သူ့ဘဝတွင် ငါးကြိမ်မြာက်ကျူးလွန်မှုလည်းဖြစ်သည်။

၎င်းသေဆုံးမှုဟာ ဆိုဒီအာရေဗီယား(Saudi Arabia) နိုင်ငံနှင့် နယ်စပ်ချင်းထိစပ်လျက်ရှိသော ယီမင် (Yemen) နိုင်ငံ၏ အနောက်မြောက်ဒေသရှိ လူမျိုးစုများနေထိုင်သော ဟာ့ဒ် (Hardh) ဒေသတွင်
ဖြစ်ပွားခဲ့ကြောင်း လစ်ဗနွင် (Lebanon) နိုင်ငံမှ အာနဟာ (Al Nahar) က ပို့ပေးထားသည်။ ဒီဖြစ်စဉ်ဟာ အရှေ့အလယ်ပိုင်းဒေသတွင် (အမျိုးသမီး)ကလေးငယ်များအား အတင်းအဓမ္မလက်ထပ်
ထိမ်းမြားမှုထုတ်ပြန်ချက်နှင့်ပတ်သက်၍ ထုတ်ပြန်ထားပြီးသော ထုတ်ပြန်ချက်အပေါ် ပိုမိုအာရုံစိုက်လာစေသည်။

[United Nations Population Fund (UNFPA)]ကမ္ဘာ့ကုလသမဂ္ဂလူဦးရေ(တိုးပွားမှု)ဆိုင်ရာ ရံပုံငွေအဖွဲ့၏အစီအရင်ခံချက်အရ၊
“၂၀၁၁ ခုနှစ်မှ ၂၀၂၀ အတွင်း အမျိုးသမီးငယ် သန်း ၁၄၀ ကျော်တို့ဟာ ကလေးသတိုး သမီးများဖြစ်လာကြလိမ့်မည်။ ၎င်းအပြင် သန်ပေါင်း ၁၄၀ သောအမျိုးသမီးကလေးငယ်များဟာ
အသက် ၁၈ နှစ်မပြည့်မီ လက်ထပ်ကြမှာဖြစ်ပြီး၊ သန်း ၅၀ သောအမျိုးသမီးကလေးတို့သည်ကား အသက် ၁၅ နှစ်မပြည့်ပဲလက်ထပ်ထိမ်းမြားသူများဖြစ်ကြလိမ့်မည်။”

၎င်းအစီအရင်ခံချက်အရ လေးပုံတစ်ပုံသော ငယ်ရွယ်သောယီမင်နိုင်ငံသူများဟာ အသက် ၁၅ နှစ်အပြည့်မီ လက်ထပ်ကြကြောင်းထင်ရှားသည်။ သူတို့သည် ကျန်းမာရေးနှင့် ပညာရေးခံစားခွင့်တို့ကို
ဆုံးရှုံးကြရသည်သာမက၊ သူတို့၏ အတင်းအဓမ္မထိမ်းမြားလက်ထပ်မှုအပေါ်တွင် များသေားအားဖြင့် စိတ်ပိုင်းဆိုင်ရာ နှင့်လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် အနိုင်ကျင့်စော်ကားခံရမှုနှင့်ရင်ဆိုင်ကြရသည်။

ကမ္ဘာအနှံသဘောတူလက္ခံထားသော “ကလေး” ဟူသောဖွင့်ဆိုချက်ဟာ လက်ရှိအခြေအနေတွင် တသမတ်တည်းမရှိဘူးလို့ အဓိကထုတ်ပြန်ချက်ထဲမှ တစ်ခုတွင်ဖော်ပြသည်။ ဒါဟာနိုင်ငံတွေအတွင်းမှာ
မတူကွဲပြားသော ရှင်းလင်းချက်ကို မသိကျိုးကျွံပြုသလိုဖြစ်နေပြီး၊ (အနှိပ်စက်ခံ၊ အဓမ္မပြုကျင့်ခံ၊ အဓမ္မထိမ်းမြားလက်ထပ်ရန် တွန်းအားပေးခံ) ထိခိုက်ခံရသောသူများအတွက် မပြောပလောက်သော
အကာအကွယ်ပေးမှုသာရှိသည်။

အသက်အကန့်အသတ်ထားရှိမှုကိုထူထောင်ခြင်းက HRC ကဲ့သို့သောအဖွဲ့တို့၏ အဓိကဦးစားပေးမှုကြားတွင်ရှိသည်။ ၎င်းသည် စာမျက်နှာ ၅၄ မျက်နှာရှိ “သင်ဟာ ငယ်ရွယ်တဲ့မိန်းကလေးတို့ကို ဘယ်လို
လုပ်ပြီး လက်ထပ်ဖို့ရန် ခွင့်ပြုလာသလဲ” (How Come You Allow Little Girls to Get Married?) ဟူသော အစီအရင်ခံထုတ်ပြန်ချက်တစ်ခုကိုထပြန်ထားသည်။ ၎င်းအစီအရင်ခံထုတ်ပြန်ချက်တွင်
အသက်ငယ်ရွယ်စဉ်တွင် ထိမ်းမြားလက်ထပ်ရန် အတင်းအဓမ္မဖိအားပေးစေခိုင်းခံရသော အမျိုးသမီးငယ်တို့၏ဘဝတစ်သက်တာ ထိခိုက်ပျက်စီးခံရမှုကို အထောက်အထားနှင့်တကွဖော်ပြထားသည်။ သို့သော် ထိမ်းမြားခွင့်အသက်အရွယ်ကန့်သတ်မှုကို ဆန့်ကျင်သော အဖွဲ့အစည်းအများစုတို့သည်ကား အသက် ၁၈ နှစ်အရွယ်ဟာ တရားဝင်ထိမ်းမြားလက်ထပ်သင့်သောအရွယ်ဖြစ်ကြောင်း
သဘောတူလက်ခံထားကြသည်။

၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလတွင် ယီမင်နိုင်ငံ၌ အနည်းဆုံး အသက် ၁၇ နှစ်အရွယ်တွင် ထိမ်းမြားလက်နိုင်သော ဥပဒေတစ်ရပ်ကို ပြဌာန်းခဲ့သည်။
စိတ်မကောင်းစရာတစ်ခုကတော့ ရှေးရိုးစွဲဝါဒီ ဥပဒေပြဌာန်းသူအများစုတို့က ၎င်းကို အစ္စလာမ်ဘာသာနှင့်ဖီလာဆန့်ကျင်သည်ဟုပြောပြီးနောက် ၎င်းဥပဒေအားဖျက်သိမ်းခဲ့သည်။

ဒုံချေ (ကျောက်ဖြူ)

ReF: http://www.albawaba.com

http://myawadynews.blogspot.com/2013/12/blog-post_3874.html

posted from Bloggeroid

No comments: