Friday, December 13, 2013

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ သမ္မတကြီးအတွက် ၀င်ခွင့်ကဒ်ကို ပြုလုပ်ပေးတဲ့သူ ဒီဇင်ဘာ ၁၃ ရက်၊ ၂၀၁၃ ခုနှစ် နိုင်ငံတော်သမ္မတကြီးနဲ့ ဇနီးဟာ အများပြည်သူများနည်းတူ ၀င်ထွက်ခွင့်ကဒ်ပြားကို ချိတ်ဆွဲပြီး ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော် ဖွင့်ပွဲ အခမ်းအနားကို တက်ရောက်အားပေးခဲ့ပါတယ်။ သမ္မတကြီးအတွက် ၀င်ခွင့်ကဒ်ကို ပြုလုပ်ပေးတဲ့ သူက ခုလို ဂုဏ်ယူစွာနဲ့ သမ္မတကြီးဦးသိန်းစိန် page မှာ comment လာရေးလို့ ၀မ်းသာစွာနဲ့ အသိအမှတ်ပြုပြီး လူအများ မုဒိတာပွားနိုင်အောင် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ အပျော်တွေ ကူးပြီး ပျော်ရွှင်ကြပါစေ ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ သူက ဒီလိုလေး ရေးသွားပါတယ်။ Pan Yaung အဲ့ကဒ်ကငါလုပ်ပေးရတာကွ....ဂုဏ်ယူတယ်..ခိ မပန်းရောင်ရဲ့ facebook မှာ Sea Games နဲ့ပတ်သတ်တာအောက်ပါအတိုင်း ရေးထားတာတွေ့ပါတယ်။ Pan Yaung ဒီနေ့Facebook ပေါ်မှာခေတ်အစားဆုံးကတေှာ့Seagame ဖွင့်ပွဲအကြောင်းပါ ဒီထဲကမှ...သမ္မတကြီးရဲ့ မြန်မာအားကစားသမားတွေကိုတန်ဖိုးထားပီး မတ်တပ်ရပ် ကြိုဆိုဂုဏ်ပြုလိုက်တာရယ် Accreditation Card တွေကိုဆွဲပီးပွဲကြည့်တာရယ် ကလူပြောအများဆုံးဖြစ်နေပါတယ် တကယ့်ကိုပြည်သူတွေအတွက်လေးစားထိုက်တဲ့ အပြုအမူပါပဲရှင် အဲ့လိုပျော်စရာကောင်းတဲ့ဖွင့်ပွဲကြီးမှာ တချို့သောသူတွေရဲ့မကောင်းကွက်ကို သေချာလိုက်ကြည့်ပီးစိတ်ဆင်းရဲခံနေကြမှာလဲ ကာကွယ်ပေးတာမဟုတ်ဘူးနော် ပျော်စရာအချိန်မှာပျော်စရာပဲတွေးပီးနေကြရအောင်နော် ဘာကိုဆိုလိုချင်တယ်ဆိုတာသိတယ်ဟုတ် အချိန်တန်ရင်..လူတိုင်းလူတိုင်းကိုယ့်လမ်းကိုယ်သွားကြရမှာပါ ကောင်းတဲ့သူကကောင်းတဲ့သမိုင်းကျန်ခဲ့မှာဖြစ်သလို မကောင်းတဲ့သူကလဲသမိုင်းဆိုးကျန်ခဲ့မှာပါ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဂဠုန်ဦးစောလိုပေါ့... နာမည်ကျန်ခဲ့တာခြင်းတူပေမယ့် သူတို့ရေးခဲ့တဲ့သမိုင်းချင်းကမတူပါဘူး ဒါကြောင့်.......စိတ်ဆင်းရဲခံပီး အကုသိုလ်တွေမဖြစ်စေချင်ပါဘူးရှင် သမ္မတကြီးအတွက် ၀င်ခွင့်ကဒ်ကို ပြုလုပ်ပေးသူ၏ facebook account https://www.facebook.com/Hnineiyee

No comments: