Friday, December 13, 2013

ဆီးဂိမ်းသို့ အာဆီယံဒေသတွင်း မှ လာရောက်သူ ထိုင်းအများဆုံးဖြစ် ထိုင်းတွင် နိုင်ငံရေး မတည်ငြိမ်မှု များနှင့် ဆန္ဒပြမှုပြင်းထန်နေသော် လည်း မြန်မာနိုင်ငံ တွင် ကျင်းပသည့် ဆီးဂိမ်း ပြိုင်ပွဲသို့ လာရောက်သော ထိုင်းနိုင်ငံ သားအရေ အတွက် မှာ ကျန် အာဆီယံ နိုင်ငံများထက် အများဆုံးဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် မှတ်ပုံတင် ဦးစီး ဌာနမှ သိရသည်။ နိုဝင်ဘာလ ၂၅ ရက်နေ့မှ ဒီဇင် ဘာလ ၈ ရက်နေ့ အထိ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေး လေဆိပ်တို့မှ တစ် ဆင့် ဝင်ရောက် လာသည့် အရေ အတွက် စုစုပေါင်းမှာ ၃၅၈၂ ဦးရှိရာ ယင်းတို့ ထဲမှ ထိုင်းနိုင်ငံသား မှာ လေးပုံ တစ်ပုံခန့် ရှိသည်ဟု ဦးစီးဌာန တာဝန်ရှိသူ တစ်ဦး က ဆိုသည်။ ဗီဇာဖြင့် လာရောက်သော ထိုင်း နိုင်ငံသား စာရင်းတွင် နည်းပြများ၊ အား ကစားဒိုင်များ၊ အားကစားသမား များနှင့် အတူ ၄င်းတို့၏ စောင့်ရှောက် သူများ ပါဝင်ခဲ့ပြီး စုစုပေါင်း ၇၂၁ ဦးရှိ ကြောင်း ၄င်းထံမှ သိရသည်။ ရဲတပ်ဖွဲ့၏ လုံခြုံရေး အပြည့်အဝ တာဝန်ယူ မှုဖြင့် ထိုင်းဘုရင့်မြေးတော် လည်း မြင်းစီး အားကစား ပြိုင်ပွဲဝင်ရန် ဒီဇင်ဘာလ ၁ဝ ရက်နေ့ က မြန်မာနိုင်ငံ သို့ ရောက်ရှိလာ ခဲ့သည်။ ထိုင်းနိုင်ငံသား များပြီးလျှင် မလေး ရှားနိုင်ငံသား များက ၅၆၂ ဦးဖြင့် ဒုတိယ လိုက်ကာ အင်ဒိုနီးရှားက ၅၃၇ ဦးဖြင့် မြန်မာ ဆီးဂိမ်းသို့ လာရောက်ခဲ့ ကြောင်း သိရသည်။ ထို့အပြင် ဖိလစ်ပိုင်မှ ၄၅၄ ဦး၊ စင်ကာပူမှ ၃၅၂ ဦး၊ လာအိုမှ ၃ဝဝ၊ ဖိလစ်ပိုင်မှ ၁၈၆ ဦး၊ ကမ္ဘောဒီးယား မှ ၁၈၂ ဦး၊ ဘရူနိုင်းမှ ၈၂ ဦးနှင့် အခြားမှ ၂ဝ၆ ဦး ဝင်ရောက်မှု ရှိခဲ့ကြောင်း လဝက မှ ထပ်မံသိရသည်။ PN051

No comments: