Saturday, December 14, 2013

အလယ်တန်း ကျောင်းသားများ ကျောင်းလခ ကင်းလွတ် ခွင့်ပေးမည် အခြေခံ ပညာ အလယ်တန်း အဆင့် ကျောင်းသား၊ ကျောင်းသူ များ ကျောင်းနေ နှုန်းမြဲ စေရန် ပညာရေး ဝန်ကြီး ဌာနက ကျောင်းလခ ကင်းလွတ် ခွင့်နှင့် ပြဋ္ဌာန်း စာအုပ်များ အခမဲ့ ပေးသွားမည် ဖြစ်ကြောင်း အမှတ် (၁) အခြေခံ ပညာ ဦးစီး ဌာနနှင့် မြန်မာ နိုင်ငံ ပညာရေး သုတေ သနအဖွဲ့ ဦးစီး ဌာန ပူးတွဲ ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာ မျိုးသိမ်းကြီးက ပြောကြား သည်။ ကျောင်းထွက် နှုန်းမြင့်သော အလယ်တန်း ပညာ ရေးကို တားဆီးရန် လာမည့် ပညာ သင်နှစ် များတွင် ကျောင်းလခ ကင်းလွတ်ခွင့်များ၊ ပညာသင် ဆုများ၊ ပညာသင် ထောက်ပံ့ ကြေးများ တိုးမြှင့် ပေးသွားရန် စီစဉ် ထားကြောင်း ၎င်းက ထပ်လောင်း ပြောဆိုသည်။ ယခင်က အလယ်တန်း ကျောင်းအပ် စဉ်တွင် ကျောင်းလ ခကြေး၊ မိဘ ဆရာ အသင်း ကြေးနှင့် အားကစား၊ စာရေး ကိရိယာနှင့် စာကြည့် တိုက်ကြေး တို့ကို ကောက်ခံ ခဲ့ရာမှ လာမည့် ပညာသင် နှစ်များတွင် ကျောင်းလ ခကြေး မကောက် ခံဘဲ ကျန်ရန် ပုံငွေ များ ကိုသာ ကောက်ခံမည် ဖြစ်ကြောင်း၊ ယင်းသို့ ကောက်ခံ ငွေများနှင့် အလယ်တန်း ပြဋ္ဌာန်း စာအုပ် များကို အခမဲ့ ပေးသွား ရန်လည်း ရှိကြောင်း ၎င်း၏ ပြောကြား ချက်များ အရ သိရသည်။ အလယ်တန်း အဆင့် ပညာသင် ထောက်ပံ့ ကြေးများ အတွက် ကမ္ဘာ့ ဘဏ်နှင့် နိုင်ငံ တကာ အဖွဲ့အစည်းများ အကူအညီ ယူဆောင်ရွက် သွားရန် စီစဉ် ထားကြောင်း၊ လာမည့် နှစ်တွင် အလယ် တန်းနှင့် အထက်တန်း အဆင့်အတွက် ပညာ သင်ဆု ငါးဆုစီ တိုးပေးရန် ရှိကြောင်း ဒေါက်တာ မျိုးသိမ်းကြီးက ဆိုသည်။ “ပညာရေး ဘက်က စီမံကိန်း ဆွဲပြီးပြီ။ ဘတ်ဂျက်ရ တဲ့အပေါ် ပြန်ချိတ်ဖို့ပဲ ရှိတော့ တာပါ” ဟု ဒေါက်တာ မျိုးသိမ်းကြီးက ပြောကြားသည်။ ပညာရေး ဝန်ကြီး ဌာနက လာမည့် ပညာ သင်နှစ်တွင် ပြဋ္ဌာန်း စာအုပ် ဒီဇိုင်းနှင့် စာရွက်သား များကို ပြန်လည် မွမ်းမံ ထားပြီး ဈေးနှုန်းလည်း ပိုမြင့် သွားနိုင်ကြောင်း ပညာရေး စီမံ ကိန်းနှင့် လေ့ကျင့်ရေး ဦးစီး ဌာနထံမှ သိရသည်။ အခြေခံ ပညာ အလယ်တန်း အဆင့်တွင် ပဉ္စမတန်း ကျောင်းလခ အတွက် ကျပ်ငါးရာ၊ ဆဋ္ဌမတန်း ကျောင်းလခ အတွက် ကျပ် ခြောက်ရာ၊ သတ္တမတန်း ကျောင်းလခ အတွက် ခုနစ်ရာ၊ အဋ္ဌမတန်း ကျောင်းလခ အတွက် ကျပ်ရှစ်ရာ သတ်မှတ် ထားကြောင်း အခြေခံ ပညာ စာသင်ကျောင်းများ ထံမှ စုံစမ်း သိရှိရ သည်။ The Voice

No comments: