Thursday, December 19, 2013

“17.12.2013 နေ့တွင် ကျောက်မဲမြို့တွင် ကျင်းပသော အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ကြီးသို့ အရှင်ဝီရသူ ပေးပို့သော သဝန်လွှာပါဘုရား” ^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^ ဗုဒ္ဓဘာသာဝင်ဦးရေ မလျော့ပါးရေး ဒို့ရေး။ ဗုဒ္ဓဘာသာဝင် အိမ်ခြေမလျော့ပါးရေး ဒို့ရေး။ ဗုဒ္ဓဘာသာဝင် နယ်မြေမလျော့ပါးရေး ဒို့ရေး ဟူသော အမျိုးသားရေးတာဝန်(၃)ရပ်ကို ဦးလည်မသုံး ထမ်းရွက်ကုန်လျက်။ ငြိမ်းချမ်းရေးသင်္ကေတဖြစ်သော ၉၆၉ မူဝါဒ လက်ကိုင်ကျင့်သုံးကာ ဘုရားလောင်း သိဒ္ဓတ္ထလို ရည်မှန်ချက်မျိုး၊ ဘုရားလောင်းဇနကလို ယုံကြည်ချက်မျိုး ဘုရားလောင်း ခန္တီဝါဒီ ရသေလို ရပ်တည်ချက်မျိုး အရှင်ပုဏ္ဏမထေရ်လို ခံယူချက်မျိုးနှင့် ပြည့်စုံသော သာသနာပြု ရဟန်းတော်များ လက်တော်အတွင်းသို့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး လုပ်ငန်းများ ရောက်ရှိနေခြင်းကို အထူးသဖြင့် ဝမ်းမြောက်ဂုဏ်ယူ ကျေးဇူးဥပကာရတင်ရှိပါကြောင်း ခြေတော်ဦးခိုက်၍ ကြည်ညိုမဆုံး ဦးတင်ရှိခိုးအပ်ပါသည်။ ကျောက်မဲမြို့ တွင်းနေ ထေရ်အရှင် ဆရာတော်များဘုရား။ ။ ရိုသေစွာဖြင့် ဘုရားတပည့် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ ဝီရသူ(မစိုးရိမ်) ဓမ္မသဟာယကျောင်း မစိုးရိမ်တိုက်သစ် မန္တလေးမြို့။ by Wira Thu

No comments: