Wednesday, December 18, 2013

"ခုချိန်ထိခွဲတမ်းတောင်းတဲ့ေ×ာက်ကျင့်ကပါတုန်း" ============================ ဘာ ဗမာ့ တပ်မတော် ကိုကြောက်လို့ အင်္ဂလိပ်တွေ ကုလားပြည်ထွက်ပြေးတယ် ဟုတ်လား ပြီးတော့ ဗမာတပ်မတော် ကိုကြောက်လို့ ဂျပန်တွေ ထွက်ပြေးတယ် ဟုတ်လား ပြီးတော့ ပြန်ဝင်လာတဲ့ အင်္ဂလိပ်တွေကိုလည်း ဗမာ့ တပ်မတော်က တိုက်ထုတ်လိုက်တယ် ဟုတ်လား ဆဲချင်ယင်ဆဲလိုက်ဇမ်းဘာ အမှန်ဘဲပြောလိုက်မယ် ပထမပိုင်း အင်္ဂလိပ်ထွက်ပြေးတာ ဂျပန်ကိုကြောက်လို့ ဒုတိယပိုင်း ဂျပန်ထွက်ပြေးတာ အင်္ဂလိပ်ကိုကြောက်လို့ နောက်ဆုံး အင်္ဂလိပ်ထွက်ပြေးသွားတာ ဥရောပမှာ စီးပွါးရေးအခြေအနေမကောင်းရတဲ့အထဲ မြန်မာ့နိုင်ငံရေးအင်အားစုကြီးထွားလာတဲ့အခါ မထိမ်းသိမ်းချင်တော့လို့ ။ အသက်စွန့်တိုက်ခဲ့တဲ့ တော်လှန်ရေးရဲဘော်ကြီးတွေကိုတော့ အားနာပါတယ် သမိုင်းအမှန်ကိုသိစေချင်လို့ပါ ကိုလိုနီလက်အောက်ကလွတ်မြောက်အောင် ဆောင်ရွက်ခဲ့လို့ လွှတ်တော်မှာ တမတ်ပေးရမယ်ဆို နိုင်ငံရေးတက်ကြွအောင်အစပျိုးခဲ့တဲ့ ကျောင်းသားတွေကိုပေးရမှာ ဒါပေမယ့် သဘာဝကျကျပြောရရင် ဘယ်သူမှမပေးသင့်ဘူး ဘာဖြစ်လို့လဲ ဆိုတော့ သူတို့မှမရှိတော့တာ ။ (ဆြာတွတ်)

No comments: