Wednesday, December 18, 2013

စစ်တပ်အထဲမှာရော အစိုးရအထဲမှာရော လွှတ်တော် အထဲမှာရော ဘယ်သူတွေဟာ သန်းရွှေဂိုဏ်းသားလဲဆိုတာ ဖော်ထုတ်ရှင်းလင်းရမယ့် အချိန်ရောက်ပါပြီ (နေပြည်တော်သတင်းရပ်ဝန်း) နေပြည်တော် ဆီးဂိမ်းအပြီးမှာ သန်းရွှေ ဂိုဏ်းသားတွေ စပြီးလှုပ်ရှားမယ်လို့ သတင်းရထားပါတယ် ၊ ခရစ်စမတ် နဲ့ နှစ်သစ်ကူးပျော်ပွဲရွှင်ပွဲ တွေကို အကြောင်းပြ ပြည်သူတွေကို အာရုံလွှဲထားပြီး လှုပ်ရှားကြမယ်တဲ့ ၊ ပြည်သူတွေ အာရုံထွေပြားနေတဲ့ အချိန်မှာ လက်ပံတောင်းတောင်ကို ဖြိုခွင်းကြမယ်တဲ့ ၊ ကိုနေမျိုးဇင်ကို ပိတ်ဆို့ထားမယ်တဲ့ ၊ ၂၀၀၈ ဖွဲ့စည်းပုံ ဒီအတိုင်းဆက်ထားရေး ဆန္စ္ဒပြပွဲ လမ်းလျှောက်ပွဲတွေ လုပ်မယ်တဲ့ ၊ ပြည်သူတွေက နိုးကြားလာလို့ တုန့်ပြန်လာရင် သူတို့ဖွဲ့ထားတဲ့ စွမ်းအားရှင်လို့ခေါ်တဲ့ အနုတ်စုတ်ဂုတ်စုတ် ရမ်းကားချင် တဲ့သူတွေကို ရောထည့်ပြီး အကြမ်းဖက်မှုတွေ ဖြစ်အောင်လုပ်မယ်တဲ့ ၊ ၂၀၁၄ မှာ မြန်မာတစ်နိုင်ငံလုံးကို အကြောက်တရားအောက်မှာ ပြားပြားဝပ်သွားစေမယ် တဲ့ ၊ သူတို့ အစီအစဉ်တွေကို ဖော်ထုတ်ဖွင့်ချနေတဲ့ အင်တာနက်လိုင်းတွေကိုလည်း ပိုပြီး နှေးအောင်လုပ်ထားမယ်တဲ့ ၊ အမျိုးသားထောက်လှမ်းရေးအဖွဲ့ ဆိုတာလည်း ပြန်ဖွဲပြီး ပြည်သူတွေကြားမှာ တစ်ဦးကိုတစ်ဦးထင်ယောင်ထင်မှားဖြစ်အောင် အရင်လို သူလျှို ဒလံတွေ ထည့်ပြီး နှောက်ယှက်အုံးမယ်တဲ့ ၊ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးစားချုပ် မဖြစ်အောင် နည်းမျိုးစုံနဲ့ အကောက်ကြံအုံးမယ်တဲ့ ၊ စစ်တပ်နဲ့ ပြည်သူကို အမြဲတစေ ရန်စောင်နေအောင် လုပ်ထားမယ် တဲ့ ၊ လောလောဆယ်မှာ စစ်တပ်အထဲမှာ အစိုးရအထဲမှာ လွှတ်တော်အထဲမှာ သန်းရွှေ ဂိုဏ်းသားတွေ ဂျိုထောင်နေပါပြီ ၊ သန်းရွှေဟာ မြန်မာနိုင်ငံကြီးအပေါ်မှာ နှစ်ပေါင်းများစွာ ထင်တိုင်းကြဲဖျက်ဆီး ကိုယ်ကျိုးရှာခဲ့သူပါ ၊ သန်းရွှေရဲ့ ယုတ်မာကောက်ကျစ်တဲ့ လုပ်ရပ်တွေကို တားဆီးရပါမယ် ၊ စစ်တပ်အထဲမှာရော အစိုးရအထဲမှာရော လွှတ်တော် အထဲမှာရော ဘယ်သူတွေဟာ သန်းရွှေဂိုဏ်းသားလဲဆိုတာ ဖော်ထုတ်ရှင်းလင်းရမယ့် အချိန်ရောက်ပါပြီ ကာချုပ်မင်းအောင်လှိုင်ဟာ သန်းရွှေဂိုဏ်းသားလား ၊ သမ္မတသိန်းစိန်ဟာ သန်းရွှေဂိုဏ်းသားလား ၊ ဥက္ကဌရေအမန်းဟာ သန်းရွှေဂိုဏ်းသားလား ၊ အောင်သောင်းဟာ သန်းရွှေဂိုဏ်းသားလား ၊ တင်အေးဟာ သန်းရွှေဂိုဏ်းသားလား ၊ မြင့်ဆွေဟာ သန်းရွှေဂိုဏ်းသားလား ၊ အောင်သိန်းလင်းဟာ သန်းရွှေဂိုဏ်းသားလား ၊ တေဇဟာ သန်းရွှေဂိုဏ်းသားလား ၊ ဇော်ဇော်ဟာ သန်းရွှေဂိုဏ်းသားလား ၊ သန်းရွှေဂိုဏ်းသားတွေဟာ မြန်မာနိုင်ငံကို ချစ်သယောင်နဲ့ ကြာကြာဟန်မဆောင်နိုင်ပါဘူး ၊ အခုအချိန်ကစပြီး သန်းရွှေဂိုဏ်းသားတွေကို ဖော်ထုတ် အမြစ်လှန်ကြပါစို့ ၊ (နေပြည်တော် သတင်းရပ်ဝန်းမှ ပေးပို့လားသော သတင်းဖြစ်ပါသည်) -Hawdeka Khalaylay လွင်သန္တာစိုး မီဒီယာမှ စိတ်ဝင်စားဖွယ် အရေးကြီး သတင်းများကို အချိန်နှင့်တစ်ပြေးညီ တင်ဆက်ပေးနေပါတယ်။ သတင်းအသစ်တင်တိုင်း သိရှိလိုပါက http://www.facebook.com/lwinthandarsoe ကို Like လုပ်ထားပေးပါရန်

No comments: