Saturday, December 14, 2013

ဖခင်အား သမီးဖြစ်သူက ဓါးမဖြင့်ခုတ်၊ တုတ်နှင့်ရိုက် နေပြည်တော်၊ ဒီဇင်ဘာ ၁၃ ၁၂-၁၂-၂၀၁၃ ရက်နေ့ ၀၆၀၀ အချိန် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ပွင့်လင်းကျေးရွာနေ ဦးပန်းအေး(၈၀)နှစ်သည် နေအိမ်အောက်ထပ်တန်းလျားပေါ်တွင်အိပ်နေစဉ် သမီးဖြစ်သူ မစန်းစန်းအေး(၃၉)နှစ်မှာ ၎င်း၏ခင်ပွန်းဖြစ်သူ ကိုခင်မောင်ဇင်နှင့် စကားများနေသဖြင့် ဖခင်ဖြစ်သူမှတားမြစ်ရာ နာခံမှုမရှိသောကြောင့် ဦးပန်းအေးမှ အိမ်ပေါ်မှဆင်းရန်ပြောသည်ကို မစန်းစန်းအေးကကျေနပ်မှုမရှိသဖြင့် ဦးပန်းအေးအား ဓါးမနှင့်ခုတ်ပြီး ကန္တာရထင်းချောင်းဖြင့်ရိုက်ရာ ဦးပန်းအေးတွင် ဦးခေါင်းယာဘက် ဂျိုစောင်းပြတ်ရှဒဏ်ရာ၊ နောက်ကျောဖူးရောင်ဒဏ်ရာတို့ ရရှိခဲ့သောကြောင့် ချောက်မြို့နယ်၊ စလေနယ်မြေရဲစခန်း (ပ)၅၇/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။

No comments: