Thursday, December 12, 2013

NLD မှပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းသည် ဟန်းဖုံးဖြင့် သူမျက်နှာကို သူ့ဟာသူအနီးကတ်ပြန်ရိုက်ကာ လူအများကိုပြသရသည်ကိုခုံမင်ပုံရလေသည်။ သူမျက်နှာပြဲပြဲတုတ်တုတ်ကြီးကို အနီးကပ်မကြာခဏတွေ့ရလေ့ရှိ၏ ။ သူ့အသက်မှာလဲ၅၀လောက်တော့ ရှိပြီဟုယူဆရလေသည်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တဦးလည်းဖြစ်သောကြောင့် မည်သို့သောပြည်သူ့ကိုယ်စားလှယ်မျိုးလည်းဟု မကြာခဏစဉ်းစားနေမိ၏။ အဘယ်ကြောင့်သူ့မျက်နှာ ပြဲပြဲတုတ်တုတ်ကြီးကို လူအများအားမကြာခဏ ပြလိုပါသနည်းဟုလည်း တွေးတောနေမိ၏။ သို့သော်ဤဖေ့စ်ဘွတ်တွင် စာကြိုက်သူများရော ပုံကြိုက်သူများရော ရှိနိုင်လေရာ အားပေးသူပြည်သူပရိတ်သတ် ဘက်မျှအောင်ထိန်းထားခြင်းဟုယူဆရလေသည်။ တခုဘဲစိုးရိမ်မိသည်မှာ ယခုမှ၁၈နှစ်ပြည့်၍မဲပေးကြမည့် လူငယ်များက သူ့ကို မဂ္ဂဇင်းမျက်နှာဖုံး သရုပ်ဆောင်မဖြစ်ရ၍ နိုင်ငံရေးထဲသို့ဝင်ရောက်လာသူဟု ထင်မှတ်သွားကြမှာကိုဖြစ်ပါသည်။

No comments: