Saturday, December 14, 2013

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီသို့ ပေးပို့သော အကြံပြုစာများတွင် အခန်း(၁)အား ပြင်ဆင်ရန် အများဆုံးဖြစ် ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ ရန်ကုန်၊ ဒီဇင်ဘာ ၁၄ မြန်မာနိုင်ငံရှိ နိုင်ငံရေး အသိုင်းအ၀ိုင်းများက ဝေဖန် ကန့်ကွက်နေသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား ပြင် ဆင်ရန် ဖွဲ့စည်းပုံ အခြေခံ ဥပဒေလေ့လာ သုံးသပ်ရေး ကော်မတီထံသို့ အကြံပြုချက် ပေါင်း (၂၅၁၂)စောင် ရောက် ရှိနေရာ အခန်း(၁)အား ပြင်ဆင်ရန် အကြံပြု ချက်(၅၉၀)ချက်ဖြင့် အကြံပြုချက် အများဆုံး အခန်းဖြစ်နေသည်။ အခန်း(၁)အား ပြင်ဆင်ရန် (၅၉၀)ချက်၊ အခန်း(၂)အား (၃၆)ချက်၊ အခန်း(၃)အား (၂၆၁)ချက်၊ အခန်း(၄)အား (၃၀၉)ချက်၊ အခန်း (၅)အား (၄၃၈)ချက်၊ အခန်း(၆) အား (၁၇၉)ချက်၊ အခန်း (၇)အား (၂၈)ချက်၊ အခန်း (၈)အား (၁၂၀)ချက်၊ အခန်း(၉) အား (၄၉)ချက်၊ အခန်း(၁၀)အား (၂၀)ချက်၊ အခန်း (၁)အား (၈၃)ချက်၊ အခန်း(၁၂)အား (၂၁၈)ချက်၊ အခန်း(၁၃)အား (၁)ချက်၊ အခန်း(၁၄)အား (၂၂)ချက်၊ အခန်း(၁၅)အား (၁၂)ချက်၊ ဇယား (၁)အား (၅၉)ချက်၊ ဇယား (၂)အား (၄၅)ချက်၊ ဇယား (၃)အား (၁၀)ချက်၊ ဇယား (၄)အား (၁)ချက်၊ ဇယား(၅)အား (၂)ချက် ဝေဖန်အကြံပြုထားကြသည်။ အခြေခံ ဥပဒေ၏ အခန်း(၁) အား ပြင်ဆင်ရန်အများဆုံး အကြံ ပြုနေခြင်းသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၏ ကျောရိုးဖြစ်သော နိုင်ငံတော်၏ အခြေခံမူများအား ပြင်ဆင်မှုမရှိဘဲ အခြားသော ပုဒ်မများအား ပြင်ဆင်ရန် မဖြစ်နိုင် သောကြောင့်ဖြစ်ပြီး အခန်း(၁)မှာ စစ်တပ်၏ ကဏ္ဍအကျုံးဝင်သော အပိုင်းများသောကြောင့် ပြင်ဆင် ရန်အများဆုံးအကြံပြုခြင်းဖြစ်နိုင် ကြောင်း မြန်မာ့နိုင်ငံရေးအား စောင့်ကြည့်လေ့လာနေသူ ဒေါက် တာရန်မျိုးသိမ်းက သုံးသပ်ခဲ့သည်။ … ““အခြေခံမူ ပုဒ်မ၆(ခ)ကို ဘယ်လိုပြင်ဆင်နိုင်မယ်ဆိုတာ ဆွေးနွေး ရပါမယ်။ နောက်အခြေခံဥပဒေပုဒ်မ (၁၄)ဟာ ပြည်ထောင်စု လွှတ်တော်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ် တော်တွေမှာ တပ်မတော်သားကိုယ် စားလှယ်တွေ ပါဝင်နေတာနဲ့ ဆက် စပ်နေပါတယ်။ နောက်ပုဒ်မ ၂၀(ခ) ကို ဘယ်လိုပြင်ဆင်နိုင်မလဲ။ ပုဒ်မ ၂၀ (င)နဲ့ (ခ)ကို ဘယ်လိုအသေး စိတ်ဖွင့်ဆိုပြင်ဆင်နိုင်မလဲ။ နောက် ပုဒ်မ ၄၀(ခ)နဲ့(ဂ)တွေဟာလည်း ပြန် လည် သုံးသပ်ပြင်ဆင်နိုင်ဖို့ ကြိုးစားသင့်တဲ့ အထဲမှာ ပါသင့်တယ်လို့ ထင်ပါတယ်””ဟု ဒေါက်တာရန်မျိုး သိမ်းက သုံးသပ်ပါသည်။ ပြင်ဆင်ရန် အများဆုံးအကြံ ပြုထားသော အခန်း(၁) အခြေခံမူ များတွင် ပုဒ်မနှင့် ပုဒ်မခွဲပေါင်း (၄၈) + (၆၁)ခုပါဝင်ပြီး တပ်မ တော်နှင့်ဆိုင်သော ပုဒ်မနှင့် ပုဒ်မ ခွဲပေါင်း (၂) + (၄)ခုပါဝင်သည်။ ပုဒ်မ ၂၀(ခ)တွင် တပ်မတော် သည် နိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေအား ကာကွယ်စောင့်ရှောက် ရန်အဓိက တာဝန်ရှိသည်ဟု ဖော်ပြ ထားသဖြင့် အခြေခံ ဥပဒေပြင်ဆင်ရန် အဓိက အတားအဆီး ဖြစ်လာနိုင် ကြောင်း နိုင်ငံရေး အသိုင်းအ၀ိုင်းများမှ ဝေဖန်ပြောဆိုလျက်ရှိသည်။ ၀ိုင်းမော် http://myanmarthandawsint.com/2013/12/13/%E1%80%96%E1%80%BC%E1%80%B2%E1%82%95%E1%80%85%E1%80%8A%E1%80%B9%E1%80%B8%E1%80%95%E1%80%AF%E1%80%B6%E1%80%A1%E1%80%B1%E1%80%BB%E1%80%81%E1%80%81%E1%80%B6%E1%80%A5%E1%80%95%E1%80%B1%E1%80%92%E1%80%BB/ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေလေ့လာသုံးသပ်ရေး ကော်မတီသို့ေ� ရန်ကုန်၊ ဒီဇင်ဘာ ၁၀ မြန်မာနိုင်ငံရှိ နိုင်ငံရေး အသိုင်းအ၀ိုင်းများက ဝေဖန် ကန့်ကွက်နေသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား ပြင် ဆင်ရန် ဖွဲ့စည်းပုံ အခြေခံ ဥပဒေလေ့လာ သုံးသပ်ရေး ကော်မတီထံသို့ အကြံပြုချက်...

No comments: