Tuesday, December 3, 2013

အွန်လိုင်း၌ ဒေါ်အောင်ဆန်းစုကြည်ထက် ဦးသိန်းစိန်ကို လူကြိုက်ပိုများနေ

၃.၁၂.၂၀၁၃၊ အင်္ဂါနေ့

လာမည့် ၂၀၁၅ခုနှစ်၌ မည်သူသမ္မတဖြစ်သင့်သနည်း ဆိုသည့်မေးခွန်းကို အွန်လိုင်းဝဘ်ဆိုဒ်တစ်ခုဖြစ်သည့် http://voteme 2015.weebly.com /ပြည်သူများမှ ဆန္ဒမဲပေးကြရာ လက်ရှိအချိန်အထိ လက်ရှိနိုင်ငံတော် သမ္မတဦးသိန်းစိန်ကို ဒေါ်အောင်ဆန်းစုကြည်ထက် လူနှစ်သက်မှု ပိုများကြောင်း ဆန္ဒပြုသူများစာရင်းအရ သိရှိရသည်။

အဆိုပါစာရင်း၌ သမ္မတ ဦးသိန်းစိန်ကို လူဦးရေ ၁၄၀၁ဦးမှ မဲပေးထားပြီး ၅၄.၇၉ ရာခိုင်နှုန်း၊ ၄င်းနောက် ဒေါ်အောင်ဆန်းစုကြည် ကို ၁၀၃၂ ဦးမှ မဲပေးကာ ၄၀.၃၆ ရာခိုင်နှုန်းနှင့် အခြားသူများကို အယောက်၈၄ဦး မဲပေးကာ၃.၂၉ရာနှုန်းနှင့် ဦးသူရ ရွှေမန်း ကို အယောက်၄၀ မဲပေးကာ ၂ရာနှုန်းရှိကြောင်း အွန်လိုင်းအသုံးပြုသူများထံမှ သိရှိရသည်။

“ ဒီဆန္ဒမဲက အတည်ဟုတ်မဟုတ်မပြောနိုင်ပေမယ့် ပြည်သူအများ စုကကိုယ်စိတ်ထဲရှိတာ ကို Vote လုပ်ကြတာလေ၊ ၂၀၁၅ ကျရင်တော့ ဘယ်သူသမ္မတဖြစ်မလဲဆိုတာပေါ်လာမှာပါ” ဟု အွန်လိုင်းအသုံးပြု သူတစ်ဦးက ပြောသည်။

ထိပ်တိုက်ရင်ဆိုင်ရေးနည်းလမ်းများကို ရှောင်ရှားပြီးဆွေးနွေး ညှိနှိုင်ရေး နည်းလမ်များနှင့် အဖြေရှာလုပ်ဆောင်သင့်သည်ဟု လက်ရှိမြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန်က နိုဝင်ဘာ(၃၀)ရက်နေ့ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ ပြေကြားထားသည်။

လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင်လည်း သမ္မတအနေဖြင့် ၀င်ရောက်အရွေး ချယ်ခံတော့မည် မဟုတ်ဟုလည်း မီဒီယာများသို့ပြောကြားထားသည်။

“ ဦးသိန်းစိန်ကို လူကြိုက်တာက အလယ်အလတ်လမ်းစဉ်ကြောင့်လို့ ထင်ပါတယ်၊ဒေါ်အောင်ဆန်းစုကြည်က တော့ လွှတ်တော် ထဲ ရောက် သွားပြီးကတည်းကပြည်သူအတွက်သိပ်ပြောတာဆိုတာမျိုးမတွေ့ရတော့ဘူး” ဟု မန္တလေးမြို့ခံ ကိုနန္ဒကပြောသည်။

ဒေါ်အောင်ဆန်းစုကြည်မှာ သြစတြေးလျခရီးစဉ်မှ ဒီဇင်ဘာလ(၂)ရက်နေ့ ညနေပိုင်းကပြန်လည်ရောက်ရှိခဲ့ပြီး ရန်ကုန်အပြည် ပြည် ဆိုင်ရာလေဆိပ်၌ NLDနာယကဦးတင်ဦးနှင့် အဖွဲ ချုပ်အဖွဲဝင်များအပါအ၀င် ပြည်သူအများမှနွေးထွေးစွာ ကြိုဆိုခဲ့သည်။

Shwe Myitmakha Media Group

posted from Bloggeroid

No comments: