Monday, December 2, 2013

* အဘစိတ်မပူတော့ဘူး *
=================
ဘာ……သူက မင်းတို့ကို တွေ့ခွင့်တောင်းတယ် ဟုတ်လား?ပြောလိုက်ဟေ့ စိတ်ကူးမယဉ်နဲ့လို့ ။
မောင်ရဲကိုပြောခိုင်းထားလိုက်
အချိန်မတန်သေးပါဘူးလို့ OK ?

ဘာ……ဒီမိုကရေစီစနစ်ကို သွားနေပြီးတိုင်းပြည်ကောင်းကျိုးအတွက် ငြိမ်းချမ်းစွာတွေ့ဆုံဆွေးနွေဖို့ တောင်းဆိုတာကို လစ်လျူရှုရင် ပြည်သူတွေကမင်းတို့အစိုးရနဲ့ကာချုပ်အပေါ်ပြည်သူတွေအယုံအကြည် ကင်းမဲ့သွားမယ် ဟုတ်လား။

ဒါများကွာ ဟိုအရင်တစ်ခါလိုပဲ NLDတစ်ပါတီတည်းကိုကွက်ပြီးတွေ့ရင် ကျန်ပါတီတွေ ကိုမလေးစားရာရောက်တယ်တို့ဘာတို့လျှောက်ပြောပေါ့ကွာ ။ ဒါမျိုး မင်းတို့ကျွမ်းကျင်အောင် ငါလေ့ကျင့်ပေးပြီးသာ ဟာကို ။ အေးဆေးပါကွာ။

အေး ဒါပေမယ့်လုံးဝမတွေ့ပါဘူး ဆိုတာမျိုးမဟုတ်ဘဲဟိုဟာမပြီးသေးလို့ ဒီဟာမပြီးသေးလို့ ဆိုပြီး ဟိုလိုလို ဒီလိုလို နဲ့ ၂၀၁၅ ရောက်သွားအောင် ကြုပ်ကျက်လိ
လိုက်ကြပေါ့ကွယ် ။ပြည်သူတွေလဲ တနေ့ တနေ့ စားဖို့သောက်ဖို့ ရုန်းကန်နေကြရင်း မေ့ကုန်မှာပါကွာ။

ဘာ……သူ့ကို အဘတို့ကလွဲပြီး တစ်ကမ္ဘာလုံးကဝိုင်းပြီးတန်ဖိုးထားလေးစားကြတယ် ဟုတ်လား ။ အေး ရွာနားကမြက်နုကိုရွာထဲက နအိုကြီးတွေမကြိုက်ကြဘူးဆိုတာဒါကိုပြောတာကွ ဟဲ ဟဲ ။ ဟာ ငါဘာတွေပြောမိနေတာပါလိမ့် ။ ထားပါတော့ အသက်က စကားပြောလာလို့ အခုနောက်ပိုင်း ထထဖောက်လာသကွာ ။

သူ့ကို တစ်ကမ္ဘာလုံးမက လို့ စင်္ကြာဝဠာ တစ်ခုလုံးက ထောက်ခံနေကြပါစေ ။ အလကားပဲကွ ။ငါကသမ္မတရာထူး မပေးချင်ရင်သကြားမင်းဆင်းကယ်ရင်တောင် သူသမ္မတ မဖြစ်နိုင်ဘူးကွ မှတ်ထား OK? ။ ပြီးတော့တို့ချေထားတဲ့ဟိုချိတ်ထမီယတြာလေးကလည်းတော်တော်စွမ်းတယ်လို့တော့ဟိုအခါတော်ပေးဘိုးတော်ကပြောထားတယ်လေကွာ ။

အေး တို့ရဲ့ရန်သူကို အင်အား ချိနဲ့စေတဲ့နည်းဗျူဟာတွေလား။ငါတော့သိပ်အားမရသေးဘူး ။ ရခိုင်အရေး ၊ ကချင်အရေး၊ လက်ပန်းတောင်း တောင်အရေး ၊ မိတ္ထိလာအရေးတွေမှာ သူကိုလူထုထောက်ခံမှုအထိုက်အလျောက်လျော့ကျသွားပေမယ့်လုံးဝစိတ်မချကြနဲ့အုံးကွနော် ။

မင်းတို့ရဲ့ ဟိုအမေ့ဘုတ် ဆိုလား ၊ အဖေ့ဘုတ် ၊ ဆိုလား ။ အော် အဖေ့ဘုတ် အေး အဲတာရဲ့ အစွမ်းကလည်းမသေးဘူး ။ ပြီးတော့ မောင်ရဲရဲ့ သတင်းစာတွေကလည်းအရင်ကလိုအပုတ်ချလို့မရတော့ဘူးဆိုတော့ အဲဒီ အဖေ့ဘုတ်ဆိုတာကြီးပေါ်မှာ တတ်နိုင်သမျှဆက်ပြီးမှိုင်းတိုက်ကြဟေ့ ။ သိပ်ကောင်းတယ် ။ ဟို ငဖါတို့ ၊ ငစစ်တို့ ၊ ကာဠုတို့ လိုပဲ ရဲမိုး လေးကလဲမဆိုးရှာဘူးကွ။ အဘအပေါ်တာဝန်ကျေရှာတယ် ။
သူတို့အားလုံး ကိုလည်း အရိုးအရင်းလေးတွေ မပြတ်လပ်စေနဲ့။

အေး အခုနောက်ဆုံး ဟိုနာမည်ကြီးဆရာတော်တိုက်ကွက်လား ကောင်းတယ် ၊ သိပ်ကောင်းတယ် ။ အေး တို့ အတွက်တော့ လူအချင်းချင်းကော ၊ ဘုန်းကြီးအချင်းချင်းကော ၊ တိုင်းရင်းသားအချင်းချင်းကော ၊ဘာသာမတူသူ အုပ်စုအချင်းချင်းကော ၊
အို ယုတိစွအဆုံး ဘယ်သူမဆို မတည့်ကြလေ ပိုကောင်းလေပဲ ။ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေဆိုသလိုပေါ့ကွာ ။
ဟိုနောက်ကွယ်ကကြိုးကိုင်နေတဲ့ ဆိုတဲ့ ဟာကြီးနဲ့ ၂၀၁၅ အထိတစ်မျိုးပြီးတစ်မျိုး မရိုးစေနဲ့ OK ?

တစ်ကမ္ဘာလုံးက ခန့်ညားလေးစားရတဲ့
ဗိုလ်ချုပ်သမီးကိုတို့ကကြက်ကလေးငှက်ကလေးလို အနှစ် နှစ်ဆယ်လောက်ပိတ်လှောင်ထားပြီး အရေးမစိုက်ဘဲ လစ်လျူရှုတာ မျိုး ဘယ်ကောင်လုပ်ရဲ မလဲ ။ ငါတို့ပဲရှိတယ်ကွ ။ ဘယ်လောက်ဂုဏ်ယူစရာကောင်းလဲ ။

အဘကအတိတ်ကံအကြောင်းမလှလို့ ရုပ်မချော သဘောမကောင်းပေမယ့် အခုဘဝမှာ ငွေရှိတယ် အာဏာရှိတယ် လက်နက်ရှိတယ်။
စာမတတ်ပေမယ့် အထာတော့နပ်တယ်။
ရူပါချူချာပေမယ့် ဗျူဟာမှာ စူပါပဲ။

အရိုးအရင်းကိုက်မယ့်နောက်လိုက်တွေရိုက်သတ်လို့မကုန်အောင် ပေါတယ် ။

ခရိုနီတွေ နဲ့ ဝိုင်းရံထားတယ် ။
အရံငွေ ၁၁ ဘီလျံ နဲ့ အထက် ရှိတယ်။ ဘေးနားမှာ ပေါက်ဖော်ရှိတယ် ။

လက်ထဲမှာ သေနတ်ရှိတယ် ။
ထိုင်းလိုပဲ မကျေနပ်ရင် အချိန်မရွေး
ဒချိ ဒချိ ပြန်လုပ်လို့ရတယ် ။
ကဲ အဘ ဘာပူစရာ လိုသေးလဲငါ့မြေးတို့ရယ်
ဘဘ စိတ်ပူတော့ ဝူး ။
ကဲ သွားကြတော့ကွာ အဘ တွတ်ပီကာတွန်း ဆက်ဖတ်လိုက်အုံးမယ် ငိ ငိ ငိ ။
ဟွင်း ဟွင်း ဟွင်း ။
ဟွင်း ဟွင်း ဟွင်း ဟွင်း ဟွင်း ဟွင်း ။

MyanmarDaily.net
Photo Credit > ဧရာဝတှီ

posted from Bloggeroid

No comments: