Saturday, December 14, 2013

"ဒီမိုဖခင်...ကျေးဇူးရှင်" ================================ သ... ရေတင့်ဆန်း "ရွှေပွင့်ပန်း"နှယ် ရွှင်လန်းကြည်မွေ့ တရားပြည့်၍ ချမ်းမြေ့ရုပ်သွင် လွန်ကြည်လင်သည် ဖခင်သမ္မတ "ဘုန်းတေဇ".... ထွန်းပ ကမ္ဘာ လွှမ်းနိုင်ပြီ။ မ... ဟာ မြန်မာ မြည်သညာဖြင့် ကမ္ဘာတခွင် နေရာစဉ်ဖို့ ရှေ့တွင် လမ်းချဲ့ ဦးဆောင်ခဲ့သည့် တို့ရဲ့ဖခင်ဟ"စွမ်းအားရှင်".... ဂုဏ်အင်ချီးချူးထိုက်ပေပြီ။ တ...ရားမျှရန် ကိစ္စမှန်က ဝေဖန်ပိုင်းခြား လွဲမမှားအောင် ပြတ်သားစီမံ လုံလသန်သည့် နိုင်ငံဥသျှောင် "ပြည့်တန်ဆောင်"… ထိန်ပြောင်ညီးညီး လင်းခဲ့ပြီ။ ကြီး...ငယ်မဆိုင်း ကိစ္စတိုင်းကို ချင့်နှိုင်းမြောင်မြင် သတိယှဉ်၍ ပြည်ခွင်သာရေး ဦးစားပေးကာ မနှေးထက်မြတ် "ဆုံးဖြတ်ချက်"... ငဲ့ကွက်မရှိ ချခဲ့ပြီ။ ဦး... ဆောင်လမ်းပြ ခက်ခဲလှသော စိုးရမူသစ် ထိုစနစ်ကို ဖွင့်လှစ်နှစ်လို လက်ကမ်းကြိုသည့် ဒီမိုဖခင် "ကျေးဇူးရှင်".... စံတင်မှတ်တိုင် စိုက်ခဲ့ပြီ။ သိန်း...သန်း ကုဋေ မြန်ပြည်နေသော တွက်ရေးများပြား တိုင်းရင်းသားတို့ စီးပွားလည်းတိုး ရာရာဖြိုးအောင် ဆပိုးရွက်ဆောင် "သုံး လွှတ်တော်" ဆင့်ခေါ်ခါခါ ကျင်းပပြီ။ စိန်...သွေး စိန်နှစ် ဗီဇစစ်ကို ပြည်ချစ်စိတ်ပေါင်း မေတ္တာလောင်းလျက် စိတ်ကောင်းဖြည့်စွက် စွမ်းဆောင်ချက်သည် ပြည်တွက်ခွန်အား "ပတ္တာမြား"... အလားသဏ္ဌာန်တူခဲ့ပြီ။ သို့...မို့ကြောင့်မှသာ တို့မြန်မာကို ကမ္ဘာကသိ မြန်မာရှိကြောင်း တိတိပပ လက်ခံကြပြီ အာဂမထီ "နွယ်သာကီ"... ဇာနည်မျိုးမို့ ကမ္ဘာတည်။ ။ ဒေါ်အေးနွဲ့(မြန်မာစာ) :ဆရာမဒေါ်အေးနွဲ့အားကျေးဇူးအထူးတင်ရှိပါတယ်။

No comments: