Wednesday, December 4, 2013

-ဒီိမိုကရေစီအကူးအပြောင်းဟာ အမျိုးသားရေးဝါဒ အားကောင်းလာခြင်းနဲ့ အတူ လူမျိုးစုပဋ္ဋိပက္ခတွေကြီးထွားလာလေ့ရှိသတဲ့။ ဒီမိုကရေစီဆိုတာ ပြောရေးဆိုခွင့်ပေးတော့ (empowerment) ဘောပွဲလို ကိုယ်အားပေးတဲ့အသင်းအတွက် ငြင်းရင်း အချင်းများတဲ့သဘော..။

- မြန်မာပြည်မှာ အမျိုးသားရေးဝါဒီလို့ ပြောရင် သေနတ်နဲ့ စစ်သားကိုပဲ သွားမြင်တတ်ခဲ့ကြတာ...။ စစ်တပ်ထက် ပိုအားကောင်းတဲ့ အမျိုးသားရေးဝါဒီ အင်စတီကျူးရှင်းကြီးတစ်ခုကို မမြင်ခဲ့ကြဘူး...။ ဘယ်မြင်နိုင်ခဲ့မလဲ...၂၀၀၇ တုန်းက ဒီအင်အားနဲ့ ပဲ ဒုတိယ အမျိုးသားရေးဝါဒီ အင်စတီကျူးရှင်းကြီးဖြစ်တဲ့ စစ်အစိုးရကို ခြိမ်းခြောက်ခဲ့ကြတာကိုး....။ တကယ်တော့ ကိုယ့်ရှူးကိုယ့်ပတ်တာပါ..။

- တဖက်မှာကြည့်ရင်လည်း...ရခိုင်က ဘင်္ဂလီတွေသာမက...မဆီမဆိုင် ပြည်မက ပြည်တွင်းနေတွေ ကပါ... ဘာလူမျိုးပါ၊ညာလူမျိုးပါနဲ့ လူမျိုးစုအခွင့်အရေး (နိုင်ငံသားအခွင့်အရေး မဟုတ်)အတွက်...တောင်းဆိုဖို့ ပြင်ဆင်လှုပ်ရှားလာတာဟာလည်း အမျိုးသားရေးဝါဒ ဆိုတာလည်း မမေ့လိုက်ကြနဲဦး....။

- ၈၂ ကိုပြင်ဖို့ အခြားသော တရုပ်၊ ဟိန္ဒူတွေက အသံမထွက်ပဲ သူတို့ တွေက အော်ဟစ်နေကြတာကလည်း Nationalism တစ်မျိုးပေါ့။ ဒါကိုတော့ ....တော်တော်လစ်ဘရယ်ကျချင်တဲ့ လစ်ဗြဲတွေက မေ့လျော့တော်မူကြတယ်...။

- ကိုယ့်အမျိုးကိုယ် ကာကွယ်ချင်တာမှန်သမျှ အမျိုးသားရေးဝါဒပဲ...။ ဘုန်းကြီးနဲ့ စစ်သားတွေလုပ်မှ အမျိုးသားရေးဝါဒ မဟုတ်။

- အဲ....နောက်တစ်ခုက... NLD ဘာလဲ...ဘယ်လဲ....သာမေးနေကြတာ....လွှတ်တော်ထဲထိ ရောက်နေတဲ့ လ၀က စစ်ဆေးဆဲ အမတ်မင်း သုံးဦးဟာ ဖွတ်ပါတီကဆိုတာလည်း....မျိုးချစ်သူရဲကောင်းများက မေ့တော်မမူနဲ့ ပေါ့..။

- တိုင်းပြည်မှာ အခြေခံဥပဒေပြင်ဆင်ရေးထက် အရေးတကြီးလိုနေတာက....အမျိုးသားရေးဝါဒ မီးတောက်ကို ဘယ်လိုအကျိုးရှိအောင် ထိန်းကြောင်းသုံးစွဲမလဲဆိုတာပဲ..။ အတင်း ငြိမ်းသတ်ရင် တော့တလောကလုံးပါလောင်ပါလိမ့်မယ်...။

- "....ဒီမိုကရေစီတဲ့လား....စတေးတပ်စ် လေးနဲ့  စိတ်ကူးယဉ်သလောက်တော့ မလွယ်ပေါင်ကွယ်.." လို့ ပဲ ........__
"Democracy and Violence"

၁) - ဒီမိုကရေစီဟာ အကြမ်းမဖက်နည်းလမ်းအဖြစ် ယေဘုယျသုံးလေ့ရှိတဲ့ နည်းလမ်းတစ်ခု ဖြစ်ပြီးတော့ democide လို့ ခေါ်တဲ့ ကိုယ့်ပြည်သူပြည်သားတွေကို သတ်ဖြတ်ညှင်းဆဲခြင်းဆိုတဲ့ အမှုနဲ့ ပြောင်းပြန်ဆက်စပ်သတဲ့ (inversely related)။အကြွင်းမဲ့ အာဏာရှင်စံနစ်တွေဟာ လူ့ အဖွဲ့ အစည်းကို ထိမ်းချုပ်ဖို့  အကြောက်တရား၊ အကြမ်းဖက်မှု၊ ပဋ္ဋိပက္ခတွေကို ဖန်တီးတဲ့ ဒီ democide ကိုကျင့်သုံးလေ့ရှိသတဲ့....။
* [Rummel, R.J. (1995)."Democracy, Genocide, and Mass Murder"]

၂) -ဒီမိုကရေစီနဲ့ မျိုးတုန်းသတ်ဖြတ်ခြင်း (Genocide) ဆက်စပ်နေပါသတဲ့။ တနည်း မျိုးတုန်းသတ်ဖြတ်ခြင်းဆိုတာဟာ ဒီမိုကရေစီရဲ့ ထုတ်ကုန်တဲ့။ မျိုးတုန်းသတ်ဖြတ်ခြင်း (ethnic cleansing) နဲ့  နိုင်ငံရေးဆေးကြောခြင်း (political cleansing) တွေဟာ ကမ္ဘာဟောင်းမှာရော ကမ္ဘာသစ်မှာပါ ခေတ်မှိအောင်ပြုခြင်း ဖြစ်စဉ်ရဲ (modernization process)့ ပင်မအချင်းအရာတွေဖြစ်ပြီးတော့ ဒီမိုကရေစီဖြစ်လိုလှတဲ့ ခေတ်ပေါ်အစိုးရတွေ ဖေါ်ထုတ်ပြသတတ်တဲ့ (exhibit) အခင်းအကျင်းတွေလည်းဖြစ်ပါသတဲ့..။
[Mann, M. (1995) . "The Dark Side of Democracy? The Modern Tradition of Ethnic and Political Cleansing"]

၃) - ဖြေလျော့ခြင်း (liberalization) ဟာ ရေတိုအားဖြင့် ပဋ္ဋိပက္ခတွေ တိုးမြှင်ဖြစ်ပေါ်လာစေတယ်ဆိုတာ မဟုတ်ပါဘူးတဲ့။ ဒီမိုကရေစီပြုခြင်းဖြစ်စဉ် (democratization) နဲ့ ဒီမိုကရေစီနည်းကျတည်ဆောက်ထားတဲ့ နိုင်ငံရေးဆိုင်ရာအင်စတီးကျူးရှင်းတွေဟာ (democratized political institutions) လူမျိုးစု ပဋ္ဋိပက္ခတွေ တိုးမြှင့်ဖြစ်ပေါ်လာခြင်း၊ ဆုတ်ယုတ်လျော့ကျသွားခြင်း ဆိုတာတွေနဲ့ ဆက်သွယ်ချက် အလျင်းမရှိပါတဲ့..။
* [Smith, Z.K. (2000). "The Impact of Political Liberalization and Democratization on Ethnic Conflict in Africa: An Empirical Test of Common Assumptions"]

- လစ်ဘရယ် ဒီမိုကရေစီဟာ နိုင်ငံတွေကြားမှာ ငြိမ်းချမ်းရေးကိုဖန်တီးနိုင်ပေမယ့် ဒီမိုကရေစီဆီသို့အကူးအပြောင်းဖြစ်စဉ် (transition process to democracy) ကတော့ အမျိုးသားရေးဝါဒ (Nationalism) နဲ့ လူမျိုးစုပဋ္ဋိပက္ခတွေ (Ethnic Conflicts) ကို ဖန်တီးထုတ်လုပ်ပါသတဲ့။ တနည်းအားဖြင့် ဒီမိုကရေစီအစစ်ကိုရောက်ပြီဆိုရင်တော့ ဒီလို အမျိုးသားရေးဝါဒနဲ့ လူမျိုးစုပဋ္ဋိပက္ခတွေကို လျော့ကျနိုင်စေသောလည်းပဲ အကူးအပြောင်းကာလအတွင်းမှာတော့ ဒါတွေကို တိုးမြှင့်ဖြစ်ပေါ်စေတဲ့.။ ဒီတော့.... ရွေးခြယ်စရာရှိတာက.... က) ကောင်းမွန်တဲ့ အကူးအပြောင်းမူဝါဒတွေ (good transitional policies) ခ) အာဏာခွဲဝေခြင်း (power sharing) နဲ့ ဂ) နိုင်ငံတကာ ဦးဆောင်ထိန်းကျောင်းမှု (international guidance) စသဖြင့်ပါတဲ့..။
*** [Snyder.J. (2000)."From Voting to Violence Democratization and Nationalist Conflict]

- ကိုင်း....ပညာရှင်တွေရဲ့ အတွေးအမြင်တွေကို သံခိပ်တော့ရေးပြီးပြီ။ မပျင်းရင် အကျယ်ရေးမယ်...။ စာအုပ်ထုတ်ပေးမယ့်သူရှိရင် ကောင်းလိုက်မှာ....
by Black Angel

posted from Bloggeroid

No comments: