Saturday, December 14, 2013

သူရိယ နေဝန်း ဂျာနယ် တွင် စာနယ်ဇင်း ကျင့်ဝတ် နှင့် ဆန့်ကျင် သော အရေး အသား များ ဖော်ပြ နေခြင်း ကိစ္စ အား မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) သို့ အကြောင်းကြား ခြင်း ၁။ ပြန်ကြားရေး ဝန်ကြီး ဌာန သည် မြန်မာ နိုင်ငံတွင် ပြောင်းလဲ လာသည့် စနစ် အရ စာမူများ ကို ကြိုတင် စိစစ် ခြင်း မပြုတော့ ဘဲ လွတ်လပ်စွာ ရေး သား ဖော်ပြမှု ပြုခဲ့ ရာ အချို့သော ဂျာနယ်များ သည် စာနယ်ဇင်း ကျင့်ဝတ် နှင့် ဆန့်ကျင် သော အရေးအသား များကို ဖော်ပြ ခဲ့ကြ၍ မြန်မာ နိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) သို့ လိုအပ် သလို ဆက်လက် သုံးသပ် ဆောင်ရွက်ရန် အဆိုပါ ဖော်ပြချက် များနှင့် တကွ ပေးပို့ခြင်း များ ဆောင်ရွက်လျက် ရှိပါသည်။ ၂။ သူရိယ နေဝန်း ဂျာနယ် သည် (၂၆-၁၀-၂၀၁၃) ရက်မှ စတင် ထုတ်ဝေ လျက် ရှိရာ ယခုအခါ အတွဲ (၁)၊ အမှတ် (၇) အထိ ဂျာနယ် (၇) စောင် ထွက်ရှိ ခဲ့ပါသည်။ ထွက် သမျှ ဂျာနယ် အားလုံး တွင် ပါရှိသည့် အရေး အသား များမှာ သတင်း ဂျာနယ် တစ်စောင်၏ အင်္ဂါရပ် နှင့် ညီညွတ်မှု မရှိဘဲ ပုဂ္ဂိုလ် ရေး ထိုးနှက် မှုများနှင့် လက်ရှိ အစိုးရ အား ထိခိုက် စေသည့် ရေးသား ဖော်ပြချက် များ ကို တွေ့ရှိ ရပါသည်။ အဆိုပါ ဂျာနယ်တွင် ရေးသား ဖော်ပြချက် များနှင့် ပက်သက် ၍ စာပေ လောက သား များကလည်း ဂျာနယ် ပါ ရေးသား ဖော်ပြမှုများ သည် စာနယ်ဇင်း ကျင့်ဝတ် များ နှင့် မညီ ကြောင်း၊ အဝါရောင် စာပေ ဖြစ်ကြောင်း၊ အမုန်း စကား (Hate Speech) များ ဖြစ်ကြောင်း ကို ဂျာနယ်များ နှင့် ပြင်ပ လောက တွင် ရေးသား ပြောဆို လာကြ သည်ကို တွေ့ရှိ ရပါသည်။ အဆိုပါ ဂျာနယ်၏ CEO ဖြစ်သူ ဦးမိုးဟိန်း ကိုယ်တိုင် က (၅-၁၁-၂၀၁၃) ရက်နေ့ထုတ် မော်နီတာ ဂျာနယ် အတွဲ (၂)၊ အမှတ် (၇၉) တွင် ပါရှိသည့် သတင်းထောက် စောဖိုးခွား နှင့် ကိုမိုးဟိန်း အင်တာဗျူး ၌ သူရိယ အလင်း နှင့် သူရိယ နေဝန်း ဂျာနယ် ၌ ရေးသား မှုများ သည် စာနယ်ဇင်း ကျင့်ဝတ်ကို ဘေးဖယ် ထားကြောင်း ဝန်ခံ ပြောကြား ခဲ့သည် ကို တွေ့ရှိရ ပါသည်။ ၃။ ထို့ပြင် သူရိယ နေဝန်း ဂျာနယ် ထုတ်ဝေသူ ဦးခင်အေး သည် ဂျာနယ် လျှောက်ထား စဉ်က ဂျာနယ် ထုတ် ဝေရာတွင် လိုက်နာ ကျင့်သုံးရန် စံနှုန်း ထားများ ဖြစ်သော “တရား ဥပဒေ စိုးမိုးရေး၊ ရပ်ရွာ အေးချမ်း သာယာရေး ကို ပျက်ပြား စေရန်၊ ဆူပူ အကြမ်းဖက် မှု များ ဖြစ်ပွား ပေါ်ပေါက် စေ ရန် လှုံ့ဆော် ရေးသား သော ထုတ်ဝေ စာများ၊ သိမ်ဖျင်း ရုန့်ရင်း သော စကား အသုံး အနှုန်းများ၊ မနာ လို သော မစ္ဆရိယ စိတ်ဖြင့် စွပ်စွဲ ခြင်းများ၊ မမှန်ကန် သော အသရေ ပျက် စေသော ကြေညာ ချက်များ အားထုတ်ဝေ ခြင်း မပြုပါ” ဟု လည်းကောင်း၊ စာနယ်ဇင်း ကောင်စီ က ချမှတ် ထားသော စည်းကမ်း များ ကို လိုက်နာ ပါမည်ဟု လည်းကောင်း၊ ဝန်ခံ လက်မှတ် ရေးထိုး ခဲ့ပါသည် ။ ၄။ မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) က (၁၃-၁၂-၂၀၁၃) ရက်နေ့တွင် ထုတ်ပြန် ခဲ့သည့် စာနယ်ဇင်း ကျင့်ဝတ် အမှတ်စဉ် (၇) ပါ “သတင်း ရေးသား ရာတွင် ရေးသား သူ ၏ အာဘော် လုံးဝ မပါဝင် စေရ ၊ ဘက်လိုက် ရေးသား ခြင်း မပြုရ” နှင့် အမှတ်စဉ် (၈) ပါ “ အများ ပြည်သူ အကျိုး စီးပွား အတွက် ရေးသင့် ရေးထိုက် သည်မှ အပ လူပုဂ္ဂိုလ် တစ်ဦး တစ်ယောက် (သို့မဟုတ်) အဖွဲ့အစည်း တစ်ခု၏ ဂုဏ် သိက္ခာကို ထိခိုက် စေသော အရေးအသား ၊ နိုင်ငံသား တစ်ဦး၏ အခွင့်အရေး ကို ထိပါး စေသော အရေး အသား များ ရှောင်ကြဉ် ရမည် ” တို့ကို လည်း ဖောက်ဖျက် ရေးသားလျက် ရှိကြောင်း တွေ့ရှိ ရပါသည် ။ ၅။ သို့ဖြစ်ပါ၍ သူရိယ နေဝန်း ဂျာနယ် ၏ စာနယ်ဇင်း ကျင့်ဝတ် နှင့် ဆန့်ကျင်၍ ရေးသားေ ဖ်ာပြေ နခြင်း အပေါ် စာနယ်ဇင်း ကောင်စီ အနေဖြင့် လိုအပ် သလို ညှိနှိုင်း ဆောင်ရွက် နိုင်ပါရန် သူရိယ နေဝန်း ဂျာနယ် အတွဲ (၁)၊ အမှတ် (၁)မှ (၇)အထိ (၇)စောင် နှင့် အတူ ပူးတွဲ ပေးပို့ ပါသည်။

No comments: