Thursday, December 19, 2013

" ဗိုလ်ချုပ်ရွာတွေ ပီတူ သီခေါင်စီရင်းစစ်မီလဲ " တစ်နေ့သောနံနက်တွင် ပြည်မကြီးမှရောက် ရှိနေသော ပေါက်ဖော်ကြီးသည် သူ သင်ကြားလျက်ရှိသည့် ဗမာစကားကို ကောင်းစွာကြွယ်ဝစေရန် ကျွန်တော့်ထံသို့ လာရောက် လေ့ကျင့်ပြောဆိုသတတ်။ ”မိဂလာပါ မကီးရေ၊ ဝ မီတိတာလေး နည်းနည်း မေးချင်လယ်၊ နီထောင့်ဆယ့်လေး(၂ဝ၁၄)မှာ နီတို့ အီလုပ်တွေ မီတိရားများ လယ်လား၊ ချီးပွားရေးတွေ အီများကီးတိုးမယ်၊ နီတို့ အီလုပ်ကောင်းကောင်း ဖြစ် မယ်လယ့်” ”ဟုတ်ပါ့ ပေါက်ဖော်ကြီးရယ်၊ ၂ဝ၁၄ ဟာ ကျွန် တော်တို့အတွက် စပယ်ရှယ်ပဲဗျ၊ ကမ္ဘာက မြန်မာကို လှမ်းမျှော်ကြည့်မယ့်နှစ်” ”အာရား၊ နီဗီမာပီသလယ်၊ ဝ နည်းနည်းပြော လယ်၊ နီသောက်ရမ်းကြွားလယ်၊ ကိတ်စမီချိဘူး၊ ကီမာ ကီး လာမကြည့်လည်း၊ ဝ တို့ကြည့်ပါလယ်” ”တော်ပါ ပေါက်ဖော်ကြီး ရယ်၊ ပေါက်ဖော်ကြီးတို့ ကြည့်လာတာ နှစ်ပေါင်းသုံးဆယ်ပြည့်တော့မယ်။ မြန် မာပြည်တစ်ခြမ်းတောင် ကုန်တော့မယ်၊ ကဲ စောစော ကစကား ဆက်ပါဦး” ”ဝမီတိလို့ မေးချင်လယ်။ တီခေါင်စီရင်းက ဘာ လုပ်လဲ၊ ပီတူတွေအတွက် စစ်လဲမကီး” ”ကျွန်တော်တို့ဆီမှာ လူမျိုးစုံတယ် ပေါက်ဖော်ကြီး ရဲ့၊ ၁၃၅ မျိုးတောင်ရှိတယ်။ လူဦးရေကလည်း တိတိ ကျကျ မသိရသေးဘူး၊ ခန့်မှန်းခြေပဲရှိသေးတယ်။ မှတ် ပုံတင်ရှိတိုင်း ကျွန်တော်တို့ လူမျိုး၊ တိုင်းရင်းသားဟုတ် ချင်မှ ဟုတ်တာ။ တချို့လည်း လူမျိုးမှန်တယ်။ တိုင်း ရင်းသားစစ်ပဲ။ မှတ်ပုံတင်မရဘူး။ ပြဿနာတွေက များ တယ် ပေါက်ဖော်ကြီးရဲ့။ အဲဒါကြောင့် သန်းခေါင် စာရင်းစစ်တာ” ”ကောင်းလယ်၊ ကောင်းလယ်၊ တီခုတော့ရှိလယ် မကီး၊ တူတို့မေးခွန်းတွေ မီတိရားများလယ်၊ ပီတူမှန်မှန် ဖြေမိလဲ မကီး” ”ဘာကို ဆိုလိုတာလဲ ပေါက်ဖော်ကြီးရဲ့” ”နီတိပါလယ်မကီး၊ တီချို့ မီတိရား ချမ်းသာလယ်၊ အီတွေ၊ မြေတွေ၊ ကားတွေ၊ ကုန်ပနီတွေ အီများကီး ပိုင်လယ်၊ မီရားတွေများလယ်၊ မီရားကီးရှိလယ်၊ မီရား ငယ်ရှိလယ်၊ တူတို့ ပီလိုလုပ်မိလဲ မကီး” ”အေးဗျ၊ ပေါက်ဖော်ကြီးပြောတာ ဟုတ်တာပဲ၊ ကိုယ်က ဘာမှမဖြေတာ ထားဦး၊ ဟဝါမလေးတွေက ကိုယ့်နာမည်ထည့်ပြော၊ ကိုယ်ဝယ်ပေးထားတာတွေ လျှောက်ပြောမှ ဒုက္ခ၊ သိပ်တော့မရိုးတဲ့ အစီအစဉ်ပဲဗျ” ”အဲလာ ဝပြောလယ်၊ နီတို့အီရပ်သားက ကိတ်စ မချိဘူး၊ ဟို ဗိုလ်ချုပ်ကီးတွေ၊ ဗိုလ်ချုပ်ငယ်တွေ ကိတ်စ ရှိလယ်၊ ဗိုလ်ချုပ်ရွာတွေ မီတိရားခက်မယ်၊ ပီတူ သီခေါင်စီရင်းဝင်စိမလဲ မကီး၊ ဝ အားကီးသိချင်လယ်၊ နီစာအုပ်တောင် ထုတ်လို့ရလယ်မကီး” ”ပေါက်ဖော်ကြီး စောစောစီးစီး ပြဿနာရှာတာပဲ။ အဲဒါအမျိုးသားလုံခြုံရေး၊ နိုင်ငံတော်လျှို့ဝှက်မှုဗျ၊ ဗိုလ် ချုပ်ရွာတွေနဲ့ စစ်တပ်ကို ဘယ်သူက ဝင်စစ်ရဲမှာတုံး” ”ဝတီကယ် သိချင်လို့မေးလယ်မကီး၊ ဗီမာစီကားပုံ ရှိလယ်၊ မီတိလင်မေး မီချင်လင်ဆေးလေ၊ ဝတိချင် လို့မေးလယ်လေ” ”အောင်မလေး ပေါက်ဖော်ကြီးရယ်၊ လုပ်လိုက်ဟ မသိလျှင်မေး၊ မစင်လျှင်ဆေးတဲ့လား၊ ကိုင်း ဒါဆို လွှတ်တော်ကို ဒီကိစ္စမေးပေးမယ်” ”ကောင်းလယ်မကီး၊ ကျီပွင့်ပြ မီးခွန်းဖြစ်မယ်လယ်” ”ကြယ်ပွင့်ပဲပြပြ၊ ဘားပဲပြပြ၊ ဗိုလ်ချုပ်ရွာတွေနဲ့ စစ်တပ်ကို ဘယ်လိုသန်းခေါင်စာရင်းစစ်မလဲ၊ ဘယ်သူ တွေစစ်မလဲ၊ ဘယ်လိုမေးခွန်းတွေ မေးမလဲ၊ ဘယ်လို မေးခွန်းတွေ မမေးရဘူးလဲ၊ အဲဒါ လွှတ်တော်ကို မေးရ မယ်ဗျ” ”အာ၊ ဝ ချင်းချားမိတာ တီခုရှိလယ်။ နီတို့မှာ ကျိုတင်မဲရှိလယ်မလား” ”ရှိတယ်လေ၊ လက်ရှိအစိုးရက ကြိုတင်မဲအစိုးရပဲ၊ သူတို့ အဲဒီမဲတွေနဲ့ .... Readmore >> http://www.popularmyanmar.com/mpaper/?p=81212

No comments: