Friday, December 13, 2013

> ၁။ ရဲတံခွန် ဆောက်လုပ်ရေး ။ လိပ်စာ- တာမွေမြို့နယ်။ ယုဇနပလာဇာ နောက်။ > ပိုင်ရှင် အောင်ဇော်ရဲမြင့်က ဗိုလ်ချုပ် ရဲမြင့်သား။ အသက် – ၂၈ နှစ်ခန့်  ။ > အရပ်- ၅ပေ ၇လက်မ ခန့် ။ အိမ်ထောင်ကွဲ ။ ၂၀၀၇ ခုနစ်မှာ မီးရထားဝန်ကြီးရဲ့ သမီး > အေးမြသာနဲ့ လက်ထပ်တယ်။ အောင်ဇော်ရဲမြင့်က မူးယစ်ဆေးဝါးအလွန်အကျွံ သုံးစွဲပြီး > ဆိုးသွမ်းလူငယ်တဦး ဖြစ်တယ်။ အခု လင်မယားကွဲနေတယ်။ မင်္ဂလာဆောင်ပြီး ၅လ > လောက်အတွင်းမှာ ကွဲသွားတယ်။လက်ဖွဲ့ ငွေသိန်း ၁,၂၀၀ ကျော်ကျော် ရတယ်။ လင်မယား > ကွဲတဲ့အခါလက်ဖွဲ့တွေကို အမျိုးသမီးက သိမ်းလိုက်တယ်။ စီးပွားရေးလောကမှာ > မအေးမြသာကလည်း ငွေရရင် အကုန်လုပ်မယ်ဆိုတဲ့သူမျိုး ဖြစ်တယ် ။ Sunday Mart > စီးပွားရေးလုပ်ငန်းမှာ သူမက တစိတ်တပိုင်းပါနေတယ်။ > > ၂။ Sun Tac ပိုင်ရှင်က စစ်တိုင်းအောင်၊ သစ်တောဝန်ကြီး ဦးအောင်ဖုန်းရဲ့သား။ > ဦးအောင်ဖုန်းမှာ စစ်တိုင်းအောင်နဲ့ စစ်သွေးအောင်ဆိုတဲ့ သားနှစ်ယောက် ရှိတယ်။ > နှစ်ယောက်စလုံး အိမ်ထောင်ရှိတယ်။ > > ၃။ ဆန်းဒေးမတ် Sunday Mart (အောင်ဇော်ရဲမြင့် မိန်းမ အေးမြသာ ပိုင်တယ်) > > ၄။ အောင်ရီဖြိုးနဲ့ Rose Hill Hospital (ပိုင်ရှင်က ဦးအောင်သောင်းသား) > > ၅။ Happy Noodel – ပိုင်ရှင်- ဗိုလ်ချုပ်ကျော်ဘ ချွေးမဟောင်း ။သူ့ သား > ဦးအေးထွန်းက စပ်သန္တာနွဲ့  နဲ့  ထပ်ယူထား တယ်၊ ဦး ထွန်းနိုင်ရွှေ > (ဗိုလ်ချုပ်သန်းရွှေသား) မိန်းမရဲ့  သမီး ။ ယခု လက် ရှိ ပုဂံလေကြောင်းမှာ တာဝန် > ယူထား ။ > > ၆။ MICT မှာ အောင်စိုးသာအစုရှယ်ပါတယ်။ သူက ၀န်ကြီးဦးစိုးသာရဲ့ သား။ > > ၇။ MMS Company – Super Market and Hotel Business က ကျော်မျိုးညွန့် နဲ >့ ပတ်သက်တယ်။ အသက်- ၃၂ နှစ်ခန့် ။ (သူက လယ်ယာ /ဆယ်မြောင်း ၀န်ကြီးဟောင်း > ဗိုလ်ချုပ်ညွန့်တင်ရဲ့သား) ကျော်မျိုးညွန့်က ဒေါ်မြမြ၀င်း (ဂျပန်) > သမီးနဲ့ယူထားတယ်၊၊ ကျော်မျိုးညွန့်အကြောင်းကို အောက်မှာ ဆက်လက်ဖေါ်ပြထား > သေးတယ်၊၊ > > ၈။ J & J မှာ ဗိုလ်ချုပ်သန်းရွှေသား ထွန်းနိုင်ရွှေက အမည်ခံပေးတယ်။ > ရာခိုင်နှုန်းအလိုက် အကြံအဖန်ရတယ်။ > > ၉။ Herritage Golf Club က ဗိုလ်ချုပ်ဝင်းလှိုင်ရဲ့သား ၀င်းထွေးလှိုင် > ရှယ်ယာပါတယ်။ အသက် ၂၃ နှစ်ခန့်။ > > ၁၀။ ထူးထရိတ်ဒင်း ။ ပိုင်ရှင် ဦးတေဇ ။ (သူနဲ့ပတ်သက်တဲ့ အချက်အလက်အများစုကို > လူတိုင်းသိပြီး ဖြစ်နေသဖြင့် မဖေါ်ပြသေးပါ။) > > ၁၁၊ ပုဂံ လေကြောင်းလိုင်း ။ ပိုင်ရှင်တေဇနဲ့ ဗိုလ်ချုပ်သန်းရွှေမိန်းမ > ဒေါ်ကြိုင်ကြိုင်။ > > ၁၂၊ Pacific High Tech စီးပွားရေးလုပ်ငန်းမှာ မင်းသက်ဦးပါတယ်။ သူ့ အဖေက > သတ္တုတွင်းဝန်ကြီး ဗိုလ်ချုပ်အုန်းမြင့် ဖြစ်တယ်။ သူ့ကို ကိုမင်းလို့ ခေါ်ကြတယ်။ > လုပ်ငန်းတော်တော်များများမှာလည်း သူ့ ရှယ်ယာတွေ ရှိတယ်။ > > ၁၃၊ တော်ဝင် လျှပ်စစ်လုပ်ငန်းကို ဇင့်မြင်မောင် (ခ) စိုးစိုး > (ဗိုလ်ချုပ်မြင့်မောင် သမီး) နဲ့ ၀ဏ္ဏ (ဗိုလ်ချုပ်ဝင်းမြင့်) သား တို့ > စပ်တူလုပ်ကိုင်ခဲ့တယ်။ ဗိုလ်ချုပ် ၀င်းမြင့်သားက ကားတိုက်ပြီး ဆုံးသွားခဲ့တယ်။ > > ၁၄၊ အမည်မသိသေးတဲ့ ဆေးခန်း (ဆက်လက်စုံစမ်းဖေါ်ထုတ်နေဆဲ) ၂၀၀၆ ခုနစ် ၊ > ကြည်မြင်တိုင်ဖက်မှာ ဆေးခန်းအသစ်တခုရှိတယ်။ ဆေးခန်းရှယ်ယာတွေ အများစုကို > ထင်ကျော်က ပိုင်တယ်။ ထင်ကျော်က အသက် ၄၀ နှစ်ခန့် ၊ သူက > ဗိုလ်မှူးချုပ်ကျော်ဝင်း (ပြုတ်သွားတဲ့ ထောက်လှမ်းရေး။) သူ မိန်းမက > ထွေးထွေးစိုးမင်း ဖြစ်တယ်။ ထင်ကျော်က သူအဖေ ထောက်လှမ်းရေးက ပြုတ်တော့ > နိင်ငံခြားရေးဝန်ကြီးဌာနကနေ ဖယ်ရှားခံရတယ်။ ဂျပန်မှာရှိတဲ့ မြန်မာသံရုံးမှာ > လုပ်ခဲ့ဘူးတယ်။ အလုပ်ကပြုတ်တဲ့အချိန်မှာ ဆေးခန်းဖွင့်ပြီး ပွနေတယ်။ > > ၁၅၊ ဖြူစိန်ဆိုင်- ဗိုလ်ချုပ်တင်ဦး (သေဆုံး) ရဲ့ ဒုတိယသမီး ဖြုဖြူဦး > (အဆိုတော်လုပ်တယ်။ ဖြူဆိုတဲ့နာမည်နဲ့ ဆိုတယ်။) ဗိုလ်ချုပ်ညွန့်တင်သား > ကျော်မျိုးညွန့်နဲ့ တွဲခဲ့သေးတယ်။ ကျော်မျိုးညွန့်က ဒေါ်မြမြ၀င်း သမီး > ရွှေယမင်းဦးနဲ့ ယူထားတယ်။ ဖြုဖြူဦးနဲ့လည်း ခုထိ တွဲနေသေးတယ်။ > ကျော်မျိုးညွန့်က ဖြုဖြူဦး အတွက် – ဖြူ – ဆိုတဲ့ စိန်ဆိုင် ကို > ဗိုလ်ချုပ်ဈေး မျက်နှာစာတန်းမှာ ဖွင့်ပေးထားတယ်။ ဖြူဖြူဦး အမက ချိုလဲ့ဦး > ဖြစ်တယ်။ သူမက ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသွားခဲ့တယ်။ သူ့ယောက်ျား > မောင်မောင်ကျော်က စသုံးလုံး ဒုတိယ – ညွန်ကြားရေးမှူးချုပ် လက်ရှိတာဝန်ယူဆဲ။ > ဗိုလ်ချုပ်ခင်ညွန့် တန်ခိုးထွားစဉ်က ဖြူဖြူဦးကို ဖမ်းဖို့ ကြိုးစားသေးတယ်။ > ၂၀၀၄ ခုနစ်ဝန်းကျင်မှာ ဖြူဖြူဦး ဟောင်ကောင်း ရတနာပြပွဲကို သွားတယ်။ > မြန်မာပြည်က ရတနာတွေကို ခိုးထုတ်တယ်။ ခင်ညွန့်ထောက်လှမ်းရေးအဖွဲ့က > လေဆိပ်မှာဖမ်းတယ်။ ဒါပေမဲ့ ဖြူဖြူဦး ကိုယ်စား သူရဲ့ တပည့်မက > အဖမ်းခံလိုက်ရတယ်။ အခုထိထောင်ထဲမှာပဲ ရှိတယ်။ ဒီမိန်းမက မကွေးဇာတိ ဖြစ်တယ်။ > ဒီမိန်းနဲ့ ဗိုလ်မှူး မောင်မောင်ကျော်တို့ ငြိစွန်းခဲ့ဖူးတယ်။ ဒီမိန်းမဟာ > အိမ်ထောင်ရှိသူ ဖြစ်တယ်။ > > ၁၆၊ ဒိုင်းမွန်း ပဲလေ့စ် ကုမ္ပဏီ -က အင်လျားမြိုင်ထဲမှာ ရှိတယ်။ မဝေေ၀သာက > ပိုင်ရှင်ဖြစ်တယ်။ သူမက အသက် ၅၀ ခန့်။သူမ အရင် ယောက်ျားက > ဗိုလ်ကြီးမောင်မောင်သိန်း ဖြစ်တယ်။ သူမနဲ့ ဗိုလ်မှူး မောင်မောင်ကျော် > (ဒုတိယညွန်ကြားရေးမှူးချုပ် ထောက်လှမ်းရေးနဲ့ ရည်ငံနေတယ်။) > > ၁၇၊ အေးရှားဝေါလ်ကုမ္ပဏီ အုပ်စု။ စတီဗင်လော – အသက် ၄၅ နစ်ခန့် ရှိတယ်။ > တရုပ်ကိုးကန့်လူမျိုး၊ လောစစ်ဟန်ရဲ့ သား။ ရန်ကုန်စီးပွားရေး တက္ကသိုလ်က > ဘွဲ့ရတယ်။ စင်္ကာပူသူနဲ့ အိမ်ထောင်ကျတယ်။ သူ့ ပါတနာရဲ့ မိန်းမကို သစ္စာဖေါက်ပြီး > သူယူလိုက်တာ ဖြစ်တယ်။ တနိုင်ငံလုံးမှာသူ့ စီးပွားရေးတွေချည်းပဲ ဖြစ်တယ်။ ဥပမာ > – ဆောက်လုပ်ရေး၊ ကြည်းမြင်တိုင်မှာ ကိုယ်ပိုင်ဆိပ်ကမ်းရှိတယ်။ > လှည်းတန်းအ၀ိုင်းက မြေကွက်လပ်ကိုလည်း ပိုင်တယ်။ မန္တလေး-လားရှိုးလမ်းကိုလည်း > သူပိုင်တယ်။ မူဆယ်အထိ ရောက်တယ်။ တရုံးလုံးက သူ့ ကိုဆရာကြီးလို့ ခေါ်မှ > ကြိုက်တယ်။ ရန်ကုန်-အင်းစိန် လမ်းမပေါ်မှာ အများပိုင်မြေတွေကို > မတရားသိမ်းယူခဲ့တယ်။ အိမ်ထောင်စုပေါင်း တထောင်ခန့်၊ လူဦးရေ တသောင်းခန့်ကို > (နအဖ) စစ်အစိုးရနဲ့ပေါင်းပြီး ဖယ်ရှားခဲ့တယ်။ ဒီမြေကွက်ပေါ်မှာ နန်းတော်တမျှ > အိမ်ဆောက်ပြီး နေထိုင်လျှက်ရှိတယ်။ သူအိမ်ကို Google Map မှာ ကြည့်နိုင်ပါတယ်။ > သူ့ စီးပွားရေးလုပ်ငန်းတွေကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။ > > ၁၈၊ အေဒင် ဆောက်လုပ်ရေးနဲ့ မရီနာ ရက်ဆီဒင့်- နေရာက > ကမ္ဘာအေးဘုရားလမ်းမပေါ်မှာရှိတယ်။ ပိုင်ရှင်က ဦးချစ်ခိုင်။ အသက် ၆၀ ခန့်။ NLD > လူဟောင်း။ ဗိုလ်ချုပ်မောင်အေးရဲ့ စနအ (တရိစ္ဆာန်ဖြစ်တယ်။)။ > > ၁၉၊ ကမ္ဘောဇဘဏ် – ပိုင်ရှင်က ဦးအောင်ကိုဝင်း (ဆရာကျောင်း။) မောင်အေးရဲ့ > စီးပွာရေး လက်ရုံး။ > > ၂၀၊ ဗိုလ်ချုပ်ရွှေမန်း အမျိုးများအကြောင်း (မကြာမီ ဖေါ်ပြပါမည်။) > > ၂၁။ ယဉ်ဝင်းသူ MNT (Myan New Technology) အသက် ၃၀ကျော်။ပြည်ပမှာ အနေများ ။ > ဗိုလ်ချုပ်မောင်အေးသမီး နန္ဒာအေးနဲ့ ဘာလိုလို အချစ်တော် ဖြစ်ခဲ့တယ်။ နန္ဒာအေးနဲ့ > အစုစပ် ကွန်ပြူတာလုပ်ငန်းတွေကို လက်ဝါးကြီးအုပ် လုပ်ကိုင်ခွင့်ရခဲ့တယ်။ > မြန်မာပြည်မှာရှိတဲ့ ကျောင်းတွေကို ကွန်ပြူတာသွင်းခွင့်ရတဲ့ တဦးတည်းသော > ကန်ထရိုက်တာ ဖြစ်တယ်။ အရမ်းကြွယ်ဝ ချမ်းသာတယ်။ စီအန်ဂျီဓါတ်ငွေ့ရည် > ပရောဂျက်ကိုလည်း လက်ဝါးကြီးအုပ် လုပ်ကိုင်ခွင့်ရနေတယ်။ > ၀ိသမစီးပွားရေးသမားတွေထဲမှာ နာမည်သိပ်မထွက်ပေမဲ့ အချမ်းသာဆုံးလို့တောင် > ခန့်မှန်းရတယ်။ ၆ မိုင်ခွဲ။ စွပ်ကျယ်စက်လမ်းမှာ နေတယ်။ နန္ဒာအေးရဲ့ > အချစ်တော်ဖြစ်ခဲ့ဖူးတာကြောင့် မောင်အေးသမက် အောင်သောင်း သားက သူမကို ကြည့်မရ > ဖြစ်နေတယ်။ > > ဆက်လက်ဖော်ပြပါမည်။ > > (Tin Hlaing ဖေ့စ်ဘွခ်မှ ကူးယူဖေါ်ပြပါသည်) > -- Sent from my Android phone with EMAIL 4 MM.

No comments: