မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Friday, December 6, 2013
ဒေါ်အောင်ဆန်းစုကြည် ရုတ်တရက် ဆေးရုံတက်
*********************************
ကျန်းမာရေးဒေါင်ဒေါင်မည်ဟု မိသားစုဆရာဝန်မှ ဝါဒဖြန့်ထားသော်လည်း ဒေါ်အောင် ဆန်းစုကြည်သည် အာရှတော်ဝင် အထူးကုဆေးရုံ၌ ဒီဇင်ဘာ၅ရက် တွင် အရေးပေါ် ဆေးရုံတင်ခဲ့ရကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ပမှ ထောက်ပံ့သော အားဆေးပေါင်းစုံ၊ အသားအရေလှပစေးအပါအဝင် ခေတ်မှီ တန်ဖိုးကြီးဆေးဝါးပေါင်းစုံ သုံးစွဲနေသော်လည်း အခြေအနေမကောင်းသဖြင့် ဆေးရုံသို့ သွားရခြင်းဖြစ်ကြောင်း NLD သတင်းရပ်ကွက်မှ သိရသည်။
NLD ဆရာဝန် ဒေါက်တာတင်မျိုးဝင်းကတော့ ထုံးစံအတိုင်း အမှန်တရားကို ဖုံးကွယ်ကာ ကျန်းမာရေး မကောင်းလို့ လုပ်တာမဟုတ်ပါဘူးဟု အခုလိုပြောကြားခဲ့သည်။ ''အခုကျန်းမာရေးစစ်ဆေး မှုလုပ်တာက ကျန်းမာရေးမကောင်း လို့ လုပ်ရတာ မျိုး မဟုတ်ပါဘူး။ ပုံမှန်စစ်ဆေးတဲ့သဘောပါ'' ဟု ရန်ကုန်တိုင်းမ် နေ့စဉ် သတင်းစာသို့ ပြောသည်။
အမည်မဖော်လိုသူ NLD ပါတီဝင်တစ်ဦးကတော့ ဒေါ်အောင်ဆန်းစုကြည် သြစတြေးလျမှ ပြန်လာပြီးနောက်ပိုင်း မည်သူ့ကိုမျှ အတွေ့မခံကြောင်းနှင့် မနေ့က အရေးပေါ် ဆေးရုံပို့လိုက်ရကြောင်းပြောသည်။
ရန်ကုန်မြို့မှ ဆရာဝန်တစ်ဦးကလည်း သာမန်ဆေးစစ်မှုကို အရင်က ပုံမှန်မလုပ်ပဲ အခုမှ ရုတ်တရက် သွားလုပ်တာက သံသယ ဖြစ်စရာရှိတယ်ဟု ဆိုသည်။
လက်တလောမှာ ရန်ကုန်မြို့မှ NLD ပါတီဝင်အများအပြားက ဒေါ်စုအိမ်ရှေ့တွင် စုရုံးကာ နောက်ဆုံးကြိမ် တွေ့ခွင့်တောင်းနေကြကြောင်း သိရသည်။ဒေါ်အောင်ဆန်းစုကြည်သည် အသက် ၆၈ နှစ်ရှိပြီဖြစ်ပြီး ဥရောပခရီးစဉ်တစ်ခုတွင်လည်း သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် မူးဝေအော့အန်ခဲ့သဖြင့် ရှင်းလင်းပွဲကို ဖြတ်သိမ်းခဲ့ရသည်။
တနင်္သာရီတိုင်းတွင်း မဲဆွယ်ပွဲခရီးသွားစဉ်ကလည်း ကျန်းမာရေး ဖောက်ပြန်သဖြင့် ရန်ကုန်သို့ အရေးပေါ် ပြန်ခဲ့ရသည်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ဖော်ကိုင်ဖက် နိုဘယ်ဆုရှင် မန်ဒရဲလား မှာ မနေ့က သေဆုံးခဲ့သည်။ .
www.MyanmarExpress.net
ps: ဒီသတင်းကြားတော့ စိတ်မကောင်းပါဘူး အသက်ကြီးပြီဆိုတော့ကျန်းမာရေးဂရုစိုက်စေချင်တယ်...
စိတ်ကိုလျော့သင့်နေပြီ
မီးစာလည်းကုန်ဆီလည်းခမ်းနေပြီလေ.... —
Subscribe to:
Post Comments (Atom)
No comments:
Post a Comment