Monday, December 2, 2013

နိုင်ငံရေး သိပ္ပံ ဘွဲ့ ရ တွေ
နှစ်တိုင်း ထွက်နေတာ နည်းတဲ့
အရေအတွက်မဟုတ်ပါဘူး ....

ကဲ....
အဲဒီလောက် ပညာတတ်တွေများတဲ့ နိုင်ငံတွေမှာ ....
နိုင်ငံတိုင်း အကုန် အဆင်ပြေသလား ....
အလုပ်လက်မဲ့ တွေ မရှိကြဖူးပေါ့
ဟုတ်လား ....

အင်္ဂလန် အလုပ်လက်မဲ့ တွေ ....
ဂရိ၊စပိန်၊အီတလီ စတဲ့ အစိုးရအကြပ်အတည်းတွေ ....
ဒီလောက် တော်တဲ့လူတွေ ရှိတာတောင် ....
ဘာကြောင့် ဖြစ်ကြ ရ သတုန်း ....

ဘောဂဗေဒ ကျောင်းဆင်းတွေ ဦးစီးတဲ့ ဝေါလမ်းမပြိုတော့ ....
ကမ္ဘာ့စီးပွားရေး ဂယက်ရိုက်ကုန်တာ ...
ဘယ်ကျောင်းဆင်းက မပြိုအောင် ထိန်းနိုင်ခဲ့ လို့လဲ ....

စစ်သားတွေ အုပ်ချုပ်တာပဲ ပြောတယ် ...
မင်းတို့ နှစ် ၂၀ လုံး ....
ဟိုနိုင်ငံ လာပါ....စီးပွားရေး ပိတ်ဆို့ပါ .....
ရင်းနှီး မြုပ်နှံမှုတွေ ပြန်ထွက်သွားကြပါ ....
အဘက်ဘက်က တိုက်ခိုက်နေကြတာတွေရော ....
ထည့် မပြောတော့ဘူးလား ....

အီရက်မှာ ...
မင်းတို့ ပြောပြောနေတဲ့ ...
ကမ္ဘာ့အကောင်းဆုံးဆိုတဲ့ နိုင်ငံကြီးက ....
ဆက်ဒမ်ကို ဖြုတ်ချ.....
ဒီမိုကရေစီစံနစ် တင်သွင်း တည်ဆောက်ပေးခဲ့တာတောင်....
တစ်ဖက်က ပိတ် ကစားတော့.....
ဘယ်လိုဖြစ်ပြီး ပြန်ထွက် သွားရသလဲ ဆိုတာ ...
မသိတာလား .....
မေ့ချင်ယောင် ဆောင်တာလား....

အခု NLD အဖွဲ့ ကွဲတာ....ပြဲတာ ....
နှုတ်ထွက်တာ တွေ ဟာ ....
ပါးစပ်နဲ့ မဆန့်တော့လို့ ချန်ထားခဲ့တာလား ....

မိန့်ခွန်း ပြောတတ်ရုံ နဲ့
တိုင်းပြည် အကြောင်း ပြောတက်ရုံနဲ့ ....
မြန်မာပြည် အကြောင်း သိတယ် လို့ ခေါ်မလား ....

အဲဒါဆိုရင် ကုလားဆိုတာ ....
မြန်မာတွေ ....
ဟိုး ...ပုဂံခေတ် ကတည်း ကသုံးစွဲခဲ့တဲ့ .....
ဒေသစကား ဆိုတာ သိဖို့တော့ ကောင်းတာပေါ့ ....

တော်လှန်ရေး မဟုတ်ဘူး
ဒီမို ကရေစီရေး တဲ့လား ....
ပထမ ပြောခဲ့တာမှာ ပြန်ကြည့် ....
အမေရိက က ....
ဒီမိုကရေစီဖော်ဆောင် ပေးပေမဲ့ ....
တစ်ဖက်က လက်မခံ တန်ပြန်တဲ့ အခါ .....
ဘယ်လို ဖြစ်သလဲ ပြန်ကြည့် ....

ဒီမိုကရေစီဆိုပြီး ....
ထိပ်တိုက် လမ်း ပေါ်မှာ ဆုံရင် ...
နှစ်ဦး နှစ်ဖက် စုတ်ပြတ်သတ်ပြီး ....
ဘယ်သူတွေ အကျိုး ရှိသွားသလဲဆိုတာ .....
အနှစ် ၂၀ ကြာ တာတောင် ....
လက်ညိုးတွေထိုး နေ ကြတုန်းပဲလား .....

ဒေါ်စုသမ္မတ ဖြစ်လို့  အဆိုး ဖြစ်မယ်ဆိုရင် ...
မဖြစ်အောင် ဘယ်လို လုပ်ရမယ် ....
ဒေါ်စု သမ္မတ ဖြစ်အောင် ....
ဘယ်လို ဆောင်ရွက် ပေးနိုင်ရင် ကောင်းမယ် ...
အရှင်ဘုရားတို့ ဘယ်လိုပံ့ပိုးပေးနိုင်မလဲ ...
ဒီလို အပေါင်း ဘက် မဆောင်သင့်ဘူးလား ...

အခုလုပ်ပုံက ...
နင့်ဘေးကလူတွေ က ဝိုင်းဆဲ ...
ဗုဒ္ဓဘာသာ ဘုန်းကြီး နဲ့ ဆက်စပ်တဲ့ မဲ ...
နင်တို့ အပြည့်ရနိုင်ဖို့ လွယ်မလား။

လူမျိုးရေး ဘာသာရေး အဓိကရုဏ်းကို ခဏထား ....
ငါတို့ ဘေးအမြင် ရှိသူတွေ တောင် ....
ကိုနီ ကို ဦးဆောင် စေတာ မကြိုက်ပါ.....
ဒါတွေက အဖုအထစ် တွေပါ.....
ဒီ အသံ တွေကိုရော
NLD အနေနဲ့ ပြန် နားထောင် ပြီးပြီလား ......

( Credit to Zaw Shwe )

posted from Bloggeroid

No comments: