Wednesday, December 18, 2013

စစ်အုပ်စုများ မိုက်ကြေးခွဲပုံ ထုံးစံအတိုင်း ထုံးစံအတိုင်း ခေါင်းစဉ်ကတော့ မြန်မာ့ ကမ်းရိုးတန်းမှာ ရှိနေကြတဲ့ ရေတပ်မတော်မှ စစ်ရေယာဉ်တွေရဲ့ လက်သုံးစကားဖြစ်ပါတယ်။ ကျနော်ကတော့ ငါးဖမ်းစက်လှေမှ ပဲ့နင်းကြီး တစ်ဦးဖြစ်ပါတယ်။ ငါးဖမ်းစက်လှေ တစ်စီးတွေ့ပြီဆိုရင် လက်မှတ် ထိုးခိုင်းပြီး သတင်းပို့ရတယ်။ ပြီးရင် "ကဲကဲ" ထုံးစံအတိုင်း လုပ်ပေးကွာ အဲဒီ ထုံးစံအတိုင်း ဆိုတာက လှေကြီးရင် ဒီဇယ် (၁)လုံး နည်းနည်းငယ်ရင် ဂါလံ (၂၅) ဂါလံ လှေသေးရင် (၁၅) ဂါလံ။ အဲဒါတွေက စက်လေးလုံးထိုး ခြောက်လုံးထိုး စက်လှေတွေပေါ့။ ဘာမဟုတ်တဲ့ တရုတ်နီ (25)ကောင် (18)ကောင် တွေကိုတောင် (၅)ဂါလံ တောင်းတယ်ဗျာ။ လှိုင်းကြီးရင်တောင် ကမ်းမဝင်ရဲဘူးဗျာ။ ပင်လယ်ပြင်မှာ သေသေကြေကြေ အလူးအလဲ ခံကြတယ်။ ကျနော်တို့ စက်လှေတွေက မုန်တိုင်းကို မကြောက်ဘူး စစ်ရေယာဉ်တွေကို ကြောက်နေရတယ်။ မုန်တိုင်းက ရှောင်လို့လွတ်တယ် စစ်ရေယာဉ်တွေက ရှောင်လို့ မလွတ်ဘူး ဘာဖြစ်လို့လဲဆိုရင် စစ်ရေယာဉ်တွေက မုန်းတိုင်း သတိပေးချက် ထုတ်ပြီဆိုရင် ငါးဖမ်းစက်လှေတွေ မုန်းတိုင်း ဝင်ခိုမယ့် ကျွန်းထဲမှာ အရင်ရောက်နေကြပြီ အဲဒါ အကူအညီ ပေးမလို့ မဟုတ်ဘူး ဒီဇယ်တောင်းဖို့ တကယ် အရှက်မရှိဘူး ကျနော်တို့က သူတို့ကို မကြောက်ချင်ဘူး မရွံချင်ဘူး ဗျာ။ ရိုသေလေးစားချင်တာ အားကိုးချင်တာ။ အခုတော့ဗျာ ရေတပ်ကိုတွေ့ရင် တရားဝင် လိုင်စင်ရထားတဲ့ ပင်လယ် ဓါးပြ လို့ပဲ မြင်တော့တယ်။ ပြောရရင်တော့ ကျနော်တို့ မြန်မာနိုင်ငံရဲ့ ရေမြေ သဘာဝ မြေပုံကို ကြည့်ရင် မုန်တိုင်းဆိုတာ အနောက်အရပ်ကလာတာများတယ် အဲဒီတော့ အနောက်ဖက်က မုန်တိုင်းလာရင် ကျနော်တို့ ငါးဖမ်းစက်လှေတွေက အရှေ့ဖက်ကမ်းကို မုန်တိုင်းဝင်ခိုကြရတယ်။ { အဲဒီကျွန်းကတော့ မွန်ပြည်နယ် ရေးမြို့ အပိုင် ဝါးကျွန်း လို့ခေါ်တယ် အဲဒီမှာ စစ်သင်္ဘောတွေကတော့ စစ်ရေယာဉ် အမှတ် (111) (112) (422) (423) ဘဲ ဖြစ်တယ်။ } အဲဒီ စစ်ရေယာဉ်တွေ့ရဲ့ ကပ္ပတိန် ခေါ် (CO) တွေက အဲဒီ ဝါးကျွန်း နဲ့ နီးတဲ့ ဇီးဖြူတောင်ကျေးရွာ မှာပေါင်းပြီးတော့ အိမ်တစ်လုံး ငှါးနေကြတယ်။ အဲဒီ အိမ်ကို ကြည့်လိုက်ရင် ဒီဇယ် ဖြန့်ဖြူးရောင်းချနေတဲ့ ကုန်သည်ကြီး အိမ်များ အောက်မေ့ရတယ် ဘာဖြစ်လို့လဲဆိုရင် စက်လှေတွေဆီက တောင်းလို့ရတဲ့ ဒီဇယ်ဆီတွေကို (မကြည်ဖြူ မသာဓာ ကြောက်လွန်းလို့ ပေးရတယ်) သူတို့ ငှားထားတဲ့ အိမ်မှာ လှောင်ပြီးရင် ဖောက်သည်ပေး ညကျရင် မကောင်းတဲ့ ဆိုင် တွေကိုရောက် ဘီယာ လေးတမြမြ black lavel သောက် ငှားထားတဲ့ အိမ်မှာ လောက စည်းဇိမ် အပြည့်အဝခံ ကိုယ်တာဝန် ကျတဲ့ စစ်ရေယာဉ် ဘယ်နားရှိနေမှန်းမသိ။ တစ်လနေလို့ ရေယာဉ်ပေါ် တစ်ခေါက်မဆင်းဘူး ရေယာဉ်ပေါ်ကနေ ဆရာကြီးများက ဖုန်းလေးနဲ့ (CO)ဆီကို "ဟုတ်ကဲ့ ဗိုလ်ကြီး ဒီနေ့ ကယ်ရီလှေ ကလေးနဲ့ ဒီဇယ် အလုံး ၃၀ တင်ပေးလိုက်ပြီ ဗိုလ်ကြီး " "ကောင်းပြီဆရာကြီး ဆက်လုပ်ပါ" {(CO)တစ်ယောက်ဟာမိန်းမတွေဆီကို ရေးမြို့နယ် မွေးမြူရေးနှင့်ရေလုပ်ငန်း ဘဏ်မှ တဆင့် အနည်းဆုံး တစ်လလျှင် သိန်း(၁၀၀) ခန့် လွှဲပေးကြတယ်။} ဒီအကြောင်းအရာတွေကို မယုံတဲ့ သူများရှိလျှင် ပြည်သူ ဖြစ်ဖြစ် အစိုးရ လူးကြီးဘဲဖြစ်ဖြစ် သတင်းဌါနများမှ ဖြစ်ဖြစ် လိပ်စာ ဆက်သွယ်ရန် ဖုန်း ဖြစ်ဖြစ် ယခု facebook မှာ တင်ပေးလိုက်ပါ။ ကျနော် ပဲ့နင်းကြီး ဖြစ်တဲ့ ၂၀၀၂ ခုနှစ်မှ စပြီး စစ်ရေယာဉ်များ မတရား နှိပ်ကွပ်မှုကို ရင်ဖွင့်ဖို့ စောင့်နေတယ် ပဲ့နင်းကြီး တစ်ဦးပါ။ ပဲ့နင်းကြီး အဏ္ဏာဝါရာဇာ

No comments: