Saturday, December 14, 2013

ဇာတ်လမ်း အသစ် အဆန်းတွေ ရိုက်ချင် ပေမယ့် ခေါက်ရိုး ကျိုးသွားပြီ အခုခေတ်က message ပေး ရမယ့်ခေတ် ကုန်သလို ဖြစ်နေပြီ။ လူ တိုင်းက သိနေ၊ တတ်နေ၊ နားလည် နေတဲ့ သူတွေ တအား များ နေပြီ ဖြစ် တာကြောင့် ဖျော်ဖြေမှု တစ်ခု အနေ နဲ့ပဲရိုက်ဖြစ်တာ များတယ်။ ပရိသတ် တွေကို message ပေးဖို့ ဆိုတာ ဒီ ခေတ်ကြီးက အရမ်း ကျယ်ပြန့် သွား ပြီ။ အင်တာနက် ခေတ်က အရမ်း ကျယ်ပြန့်ပြီး ရွာကြီး တစ်ရွာ လိုဖြစ် နေတော့ အကုန်လုံးက သိနေ၊ တတ် နေတယ်ဆိုတော့ ကျွန်တော့်ဇာတ် ကားတွေကို message ပေးဖို့ မရည် ရွယ်တော့ဘူး။ ကိုယ်ဖော်ပြ ချင်တဲ့ အနုပညာ တစ်ခု၊ ဖျော်ဖြေမှု တစ်ခု ကိုပဲ ဖော်ပြလိုက် တော့တယ်။ ပရိ သတ်တွေကို message ပေးဖို့လို့ ပြောနေတဲ့ ခေတ်ကုန်ပြီ လို့တော့ ကျွန်တော် ထင်တယ်။ ဗီဒီယိုဈေး ကွက်တင် ပျက်တာ မဟုတ်ပါဘူး။ အကုန်လုံးက ပျက်နေကြ တာပါပဲ။ ဒါပေမဲ့လည်း ထုတ်လုပ် သူတွေက တော့ ငွေကြေး ရှာလို့ ရတဲ့ မင်းသား နဲ့ရိုက် နေကြ တာပါပဲ။ မင်းသား၊ မင်း သမီး၊ ဒါရိုက်တာ တွေကို တစ်ကား ကိုဆယ်ရက် သတ်မှတ် လိုက်တော့ ဒါရိုက်တာ တစ်ယောက် အနေနဲ့ လုပ် ပိုင်ခွင့်တွေ ပိုရလား ဆိုတော့ သိပ် တော့မထူး ပါဘူး။ လာတဲ့ အချိန်၊ ရိုက်တဲ့ အချိန်၊ ရှုတင်မှာ မမြင်ရ မ တွေ့ရတဲ့ လိုအပ်မှု တွေနဲ့ဆိုတော့ ဆယ်ရက် အပြည့်အဝ လုပ်ခွင့်မ ရပါ ဘူး။ ပရိုဂျူဆာ ကလည်း ဆယ်ရက် ရိုက်လို့ ပိုက်ဆံ ကုန်သွား တယ်ပဲပြော မှာလေ။ ဆယ်ရက် ရိုက်လို့ ပိုက်ဆံ လျော့သွား တယ်လို့ ပြောမှာ မဟုတ် ဘူး။ ဇာတ်လမ်း အသစ် အဆန်းတွေ ရိုက်ပြချင် ပေမယ့် ပရိသတ်တွေ၊ ပရို ဂျူဆာတွေ၊ နယ်ကိုယ်စား လှယ်တွေ ကခေါက်ရိုး ကျိုးသွားပြီ။ 8 Days Celebrities

No comments: