မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Sunday, September 22, 2013
GsM ခွဲတန်းမပြည့်ပါ
မန္တလေး ဂျီအက်စ်အမ်ခွဲတမ်း တစ်သောင်းခန့်လျော့
________________________
မန္တလေး၊ စက်တင်ဘာ ၂၀
မန္တလေးတိုင်းဒေသကြီးအတွက် ယခုလ ဖုန်းဆင်းမ်ကတ် ခွဲတမ်းရရှိမှုမှာ ယမန်လထက် ၈၀၀ ခန့် ပိုရသော်လည်း ဂျီအက်စ်အမ် ဖုန်းဆင်းမ်ကတ် ခွဲတမ်းမှာ ယခင်လအောက် တစ်သောင်းခန့် လျော့နည်းနေကြောင်း အဆိုပါ ဖုန်းဆင်းမ်ကတ် ခွဲတမ်းစာရင်းများအရ သိရသည်။
မန္တလေးတိုင်းဒေသကြီး၌ စက်တင်ဘာလ ၂၃ ရက်နေ့တွင် ခြောက်ကြိမ်မြောက် ရောင်းချပေးမည့် တန်ဖိုးနည်း ဖုန်းဆင်းမ်ကတ် အရေအတွက်မှာ ဂျီအက်စ်အမ်၂၀,၀၀၀ နှင့် စီဒီအမ်အေ၂၈,၀၀၀ စုစုပေါင်း ၄၈,၀၀၀ ခန့် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူထံမှ သိရသည်။
မန္တလေးတိုင်းဒေသကြီးအတွက် သြဂုတ်လတွင် ပဉ္စမအကြိမ် ရောင်းချပေးခဲ့သည့် ၁၅၀၀ ကျပ်တန် ဖုန်းဆင်းမ်ကတ် ခွဲတမ်းမှာ ၄၇,၂၀၀ ခန့်ဖြစ်ပြီး စီဒီအမ်အေ ဆင်းကတ် ၁၇,၂၀၀ နှင့် ဂျီအက်စ်အမ် ဆင်းကတ် ၃၀,၀၀၀ ခန့် ဖြစ်ကြောင်း အဆိုပါ အဖွဲ့ထံမှ သိရသည်။
မန္တလေးတိုင်းဒေသကြီးတွင် ယင်း ၁၅၀၀ ကျပ်တန် ဖုန်းဆင်းမ်ကတ်များကို အိမ်ထောင်စုလိုက် မဲနှိုက်ထားပြီး ပေါက်မဲ နံပါတ်စဉ်အလိုက် ခွဲတမ်း အရေအတွက်နှင့်အညီ ရောင်းချပေးမည် ဖြစ်ကြောင်း လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးကျော်ဆန်းက ပြောကြားသည်။
၁၅၀၀ ကျပ်တန် ဂျီအက်စ်အမ်ဖုန်း ဆင်းမ်ကတ်ကို မန္တလေးမြို့တော် ပြင်ပ ဖုန်းဈေးကွက်တွင် ၁၅၀,၀၀၀ ကျပ်ဖြင့် ရောင်းချနေပြီး စီဒီအမ်အေ ကတ်များမှာ ကျပ်တစ်သိန်း ဝန်းကျင် ပေါက်ဈေး ရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment