ဝေဟင်ချစ်သူစာမျက်နှာမှာ မဟုတ်ပဲ ကျွန်တော် ကိုယ်ပိုင် personal facebook စာမျက်နှာပေါ်မှာ ကျွန်တော့် မိတ်ဆွေအစစ်အမှန်တွေကို တစ်နေ့က ဆီဒိုးနားကိစ္စနဲ့ ပတ်သက်ပြီး သတိပေး status လေးတစ်စောင် ရေးပေးခဲ့ပါတယ်... ဝေဟင်ချစ်သူမှာတော့ ဝေဟင်ချစ်သူနဲ့ မဆိုင်ဘူးထင်လို့ မတင်ခဲ့တာပါ... ဒါပေမယ့် အခုတော့ ဆိုင်ဆိုင်မဆိုင်ဆိုင် လူတွေကို အယုံမလွယ်စေဖို့ ကျွန်တော့် personal profile မှာ ဒီနေ့တင်လိုက်တဲ့ status ကို ပြန်ရှဲလိုက်ပါတယ်... ကျွန်တော် အစကတည်းက ကျွန်တော့ status မှာ သတိပေးထားပါတယ်... Sedona ကိစ္စက ထွင်လုံးပါလို့ ကျွန်တော် ရေးသားခဲ့ပေးပါတယ်... အထူးသဖြင့် အကျိုးအကြောင်းကို လျော်ငြီစွာသုံးသပ်ခဲ့ပြီး ဘယ်လိုမှ မဖြစ်နိုင်တဲ့ကိစ္စကို ဖွထားတာ ဒါမှမဟုတ် gmail အကောင့်ကို ခိုးယူဖို့ ဒါမှမဟုတ် အခြားသော မမျှော်မှန်းနိုင်တဲ့ ဥပဒေပပြစ်မှုတွေ ဖြစ်ပေါ်စေဖို့ ကျွန်တော် ယူဆလို့ အဲဒီဗီဒီယိုတင်လာရင် မယုံပါနဲ့ သွားမကြည့်ပါနဲ့ လိုအတန်တန်ရေးသား သတိပေးခဲ့ပါတယ်... အဲဒီဖြစ်စဉ်ကို လူတွေ အလွယ်တကူ ယုံကြည်တာသိမြင်ရတော့ ကျွန်တော် ၅ ချက်ကို သွားသတိထားမိပါတယ်... အဲဒါတွေက လူတွေဟာ အယုံလွယ်တယ် ဖြစ်နိုင်၏မဖြစ်နိုင်၏ ကျိုးကြောင်းချင့်ချိန်ပြီး မျှော်မြင်စဉ်းစားနိုင်စွမ်းမရှိ၊ နောက်တစ်ချက်က တစ်ဆင့်စကား တစ်ဆင့်နားနဲ့ ချဲ့ကားပြော ကောလဟာလကို ထပ်ဖြန့်တတ်တဲ့ အကျင့်ဆိုးကြီးက အန္တရာယ်ပါ.. နောက်တစ်ချက်က လူတွေက ကိုယ်အကျိုးစီးပွားရှိရှိ မရှိရှိ သူများလျှို့ဝှက်ချက် သူများကိစ္စဆိုရင် အလွန်စပ်စုချင်ကြတယ်... နောက်တစ်ချက်က facebook လို အခြေအမြစ် သတင်းမခိုင်မာတဲ့ မီဒီယာတွေက ပြောတာကိုတောင် press media တွေကအစ ယုံကြ ရေးကြတယ်... နောက်တစ်ချက်ကတော့ အိုင်တီနည်းပညာကို တကယ်တန်း အခြေခံကောင်းကောင်းမရှိတဲ့အတွက် အလွယ်တကူယုံတယ်... နောက်ဆုံးတစ်ချက်ကတော့ နိုင်ငံတကာ ဟိုတယ် management တွေနဲ့ ပတ်သက်ပြီးသော်လည်းကောင်း အထွေထွေဗဟုသုတသော်လည်းကောင်း အားနည်းတဲ့အတွက် ယုံလွယ်တယ်... အဲဒီအချက်တွေပေါင်းစပ်လိုက်တဲ့အတွက်ကြောင့် ခံရတဲ့သူ လည်းခံလိုက်ရပါပြီ... အခုဆို လုပ်တဲ့သူတွေက ဘယ်လောက်တောင် လူတွေ မီဒီယာတွေကို လှောင်ရယ်နေမလဲဗျာ... gmail account တွေ ပါတဲ့သူတွေလည်း ပါကုန်ပြီပေါ့... ကျွန်တော် အတန်တန် သတိပေးထားတဲ့ကြားထဲက ကျွန်တော့် facebook မှာ comment ရေးသွားတဲ့သူရှိတယ် ... ဘာတဲ့ ကျွန်တော်က ဘာကြောင်တာလဲတဲ့ ကြည့်တဲ့သူက ကြည့်ပြီးပြီတဲ့ အဲဒီလောက် စဉ်းစားတွေးခေါ်မှု အတွေးမျိုးမရှိပဲ အယုံလွယ်တဲ့သူကရှိသေးတယ်... ကျွန်တော် အဲဒီ comment ကို မဖျက်ထားပါဘူး... အမြဲအမှတ်တရဖြစ်အောင် ဒီလိုလူမျိုးတွေ တုံးအတဲ့သူ ယုံလွယ်သူတွေ ရှိသေးတယ်ဆိုတာသိအောင် ကျွန်တော့် wall မှာ အမြဲတမ်းထားပါတယ်... ရေးသွားတဲ့ ကယကံရှင်က သူ့ဖာသာသူရှက်ပြီး လာဖျက်ရင်တော့ မတတ်နိုင်ဘူးပေါ့ဗျာ... ဘာပဲပြောပြော ကျွန်တော် သတိပေးခဲ့တာကို နားလည်ပေးခဲ့တဲ့ နားလည်ခဲ့တဲ့ ကျွန်တော့် မိတ်ဆွေများကို ကျေးဇူးတင်ပါတယ်... နောင်လည်း ကျွန်တော် အခုလိုဖြစ်စဉ်တွေ ဖြစ်လာဦးမယ်ဆိုရင် အကျိုးအကြောင်း အချက်အလက်ကျကျနဲ့ ထုတ်ဖော်ရေးသား သတိပေးသွားဦးမှာပါ... ကျွန်တော့်ကို ယုံကြည်တဲ့သူကတော့ လောလောဆယ် အယုံလွယ် ခံလိုက်ရတဲ့သူထဲမှာ မပါဝင်လိုက်တဲ့အတွက် သူတို့ကိုယ်စားလဲ ဝမ်းသာမိပါတယ်... ဝေဟင်ချစ်သူ အောက်မှာလဲ link ပါဝင်ပါတယ်... ကြည့်ကြည့်ပါ အဲဒီထွင်လုံးကို ထွင်ခဲ့တဲ့သူကိုယ်တိုင် ပြန်လည် ရှင်းလင်းပေးခဲ့တာပါ... ဘာပဲပြောပြော ကိုယ့်အမှားကိုယ်သိလို့ ယခုလို ပြန်လည်ရှင်းလင်းဝန်ခံပေးတဲ့အတွက် ကျေးဇူးတော့တင်ပါတယ်... http://www.mmdailystar.com/2013/09/blog-post_5758.html#.Uj2k0xhh_SI.facebook လူအများ စိတ်ဝင်စားနေကြတဲ့ ဆီဒိုးနား အကြောင်း ( အပြည့်အစုံ ရှင်းလင်းချက် ) ~ Myanmar Daily Star ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။
No comments:
Post a Comment