Tuesday, April 26, 2016

ဖုန်းနံပါတ် ၀၉၂၆၃၉၁၁၈၂၁ ၀၉၄၅၁၃၃၀၁၀၆၇ ဖြင့်ငွေလိမ်လည်တောင်းခံမှုတစ်ခုဖြစ်

ဖုန်းနံပါတ် ၀၉၂၆၃၉၁၁၈၂၁
                 ၀၉၄၅၁၃၃၀၁၀၆၇
ဖြင့်ငွေလိမ်လည်တောင်းခံမှုတစ်ခု
ကသာမြို့နယ်အတွင်းကကျေးရွာ
တစ်ခုမှာ၂၆.၄.၂၀၁၆နေ့လည်က
ဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။
ကျေးရွာမှာနေထိုင်သူတစ်ဦးကို
ဝန်ကြီးချုပ်ရဲ့ထောက်ပံ့ကြေးမဲပေါက်
လို့သိချင်ရင်ဖုန်း၀၉၂၆၃၉၁၁၈၂၁
ကိုဆက်ခိုင်းပြီးဖုန်းချသွားတာနဲ့ဖုန်းဘီလ်ဖြည့်ပြီးဆက်ကြည့်တော့
ဝန်ကြီးချုပ်ရဲ့ထောက်ပံ့ကြေးသိန်း
၅၀၀ပေါက်လို့နေ့လည်၁နာရီခွဲ
နောက်ဆုံးထားပြီး၁၅သိန်းသွင်းခဲ့
ရင်နေ့လည်၃နာရီမှာသိန်း၅၀၀
ထုတ်နိုင်ပြီဆိုတဲ့အကြောင်းယုံ
လောက်အောင်အမျိုးမျိုးပြောတယ်
ဆိုတဲ့အကြောင်းသိရပါတယ်။
မယုံနိုင်တော့တာနဲ့ဖုန်းချလိုက်တာ
ခဏခဏပြန်ခေါ်လည်းမကိုင်ဖြစ်
တော့ဘူးလို့ကာယကံရှင်ကပြောပြ
ပါတယ်။
ကသာမြို့နယ်အတွင်းကကျေးရွာ
တွေမှာဒီလိုနည်းနဲ့ငွေလိမ်ခံရသူ
တွေရှိခဲ့ကြတယ်လို့သိရပါတယ်။
မရိုးနိုင်တဲ့ဒီနည်းနဲ့ဘဲကျေးလက်
ဒေသကလူတွေကိုပစ်မှတ်ထားပြီး
လိမ်နေတဲ့အကြောင်းသတင်းပေး
လိုက်ပါတယ်။

No comments: