Saturday, April 30, 2016
သတိထားနေကြပါ
ခုတလော ခေတ်စားနေတဲ့ ဆီမလို ကိုရီးယား ဒယ်အိုးလေးတွေ ရောင်းနေကြတာတွေပါတယ် မိမိပါ ရောင်းဖို့ စုံစမ်းကြည့်တော့ ယူဈေးက ၁၆၀၀၀လောက်ပါပဲ ၂သောင်းလောက်အထိ ဈေးတင်ကြတာလည်းတွေ့ရပါတယ်
ခုတလော ခေတ်စားနေတဲ့ ဆီမလို ကိုရီးယား ဒယ်အိုးလေးတွေ ရောင်းနေကြတာတွေပါတယ် မိမိပါ ရောင်းဖို့ စုံစမ်းကြည့်တော့ ယူဈေးက ၁၆၀၀၀လောက်ပါပဲ ၂သောင်းလောက်အထိ ဈေးတင်ကြတာလည်းတွေ့ရပါတယ် ရောင်းတဲ့သူတွေကို ထိခိုက်စေဖို့မဟုတ်ပါဘူး မိမိဝယ်သူတွေကို သိစေချင်တဲ့စေတနာသက်သက်ပါ
မြစ်ဆုံ Media group
ကျွန်တော်တို့ အစိုးရလက်ထက် ... လမ်းတစ်လမ်း ငါးနှစ်မှ မခံရင် ... အင်ဂျင်နီယာ ထောင်ထဲထည့်မယ် ဆိုတော့ ... ကိုယ်တွေလဲ ဝမ်းသာအားရ ... လက်ခုပ်တီးမိတယ် ... မိုက်တယ်ပေါ့ ...
ကျွန်တော်တို့ အစိုးရလက်ထက် ...
လမ်းတစ်လမ်း ငါးနှစ်မှ မခံရင် ...
အင်ဂျင်နီယာ ထောင်ထဲထည့်မယ် ဆိုတော့ ...
ကိုယ်တွေလဲ ဝမ်းသာအားရ ...
လက်ခုပ်တီးမိတယ် ...
မိုက်တယ်ပေါ့ ...
နောက်မှ သေချာစဉ်းစားမိတယ် ...
ငါးနှစ်နေမှတော့ ...
သူမှ မရှိတော့တာ ...
နောက်အစိုးရတက်ပြီပဲဟာ ...
ဖာခ့် ...
:/  :/  :/  :/
မနေ့အိပ်မပျော်တာနဲ့ Fb နဲ့ အချိန်ဖြုန်းတာ ကြိုက်တာလေးတွေ ပြန်တင်လိုက်မယ်
မနေ့အိပ်မပျော်တာနဲ့ Fb နဲ့ အချိန်ဖြုန်းတာ ကြိုက်တာလေးတွေ ပြန်တင်လိုက်မယ်
(အစိုးရ ကို ဆန္ဒပြလို့ အရေးယူတာလားဟင်)
ပြန် ၀န်ကြီးဟောင်းက (ဘယ်သူမှ အပြစ်မတင်တော့ဘူး အင်ဗာတာနဲ့ နေတော့မယ် ) တင်ထားတာ မန့်ပေါင်း ၁၂၀၀ ကျော် ဆဲကြတယ်
(အာဏာပြအစိုးရ မဖြစ်စေနဲ့)
(သင်တန်းက ဘာတွေ သင်ပေးလိုက်တာလဲ)
(မြန်မာနိုင်ငံ ထရိုဂျန် မြင်းရုပ်ကြီးကရောက်နေ တာကြာပေါ့ ခုအသက်ဝင်လာပြီ)
(ခွင့်ပြုမိန့် မြို့နယ် လွှဲပေးတာ ချီးပဲပါ သေးမပေါက်နဲ့ ပြောတာလား)
(သားရေပင် ဥပဒေ)
(လူများတိတိကျကျ မသိသေးတဲ့ စုကြီးနဲ့ စုလတ်) သီပေါမင်းပြောတာ
(လစာများထုတ်ပြီးပြီလား)
(နေပြည်တော် မြွေအလွန်ပေါ မြက်ခင်းပြင် အိပ်က သတိထားရန်)
(ကဲ ငါအိမ်သာဆေးတာ ရိုက်လိုက်အုံး)
(ကဲ တို့ရုံးပါ မီးပျက်ပြီ ဒီအချိန်ထိ အလုပ်လုပ်တာ ပြည်သူတွေ သိစေချင်တယ် ဖယောင်းတိုင် အဆင်သင့်လား ဖယောင်းတိုင် ထွန်းပြီးရင် မိန်းခဏ ချထားအုံး ကဲ ready)
( ၇ ယောက်ဆိုတော့ ခြင်းခတ်ရတာပေါ့)
(မျက်ရည် မချူနဲ့ ဗကပ လမ်းစဉ် မကြိုက်ဘူး)
(အိမ်တော် ထပ်ဆောက်ပေးရမှာပေါ့)
(မြန်မာနိုင်ငံကို နှောက်ယှက် ဖျက်ဆီးသူ မရှိတော့လို့ ဥပဒေ ဖျက်လိုက်တာ ဘာဖြစ်လဲ)
(အဖွဲ့ချုပ် ဆိုတော့ --------)
(ဒေါသတကြီးနဲ့ ထွက်သွားရင် ဘုန်းတော်ကြောင့် ပြည်တောင်းခန့် မိုးသီးများ ကျလတံ့)
သူများတွေရေးထားတာ တစ်ချို့ဟာတွေက သိပ်နားမလည်ဘူးးးးး
"ဝ"ဒုဥက္ကဌရှောက်မင်လျှံနှင့် NLDကိုယ်စားလှယ်များ
"ဝ"ဒုဥက္ကဌရှောက်မင်လျှံနှင့်
NLDကိုယ်စားလှယ်များ
၂၈-၄-၂၀၁၆ရက်နေ့က
ပန်ဆန်းတွင်တွေ့ဆုံကြကြောင်း
တရုတ်ဘာသာဖြင့်ထုတ်ဝေသော
သတင်းများတွင်ဖေါ်ပြထားပါတယ်
NLDအစိုးရရဲ့လက်စွဲတော်စင်ပြိုင်တပ်
လုပ်မလို့လား??
ဘယ်တူတေနဲ့ တိုက်ဆိုင်လဲဗျို့
အခုတော့------ဝဋ်လည်နေကြပါပေါ့လားးးးးးးးး
၂၀၁၆ ဧပြီ သတင်းအကျဉ်းချုပ် -------------------------------------------
၂၀၁၆ ဧပြီ သတင်းအကျဉ်းချုပ်
-------------------------------------------
- မြန်မာနိုင်ငံ၏ အထင်ကရမြို့တော်ရန်ကုန်မြို့ရှိ ဆူးလေဘုရားအနီးတွင် တည်ဆောက်ပြီးစီးထားသော  ဗလီမှာ  ငြိမ်းချမ်းစွာတူယှဉ်တွဲနေထိုင်ခြင်း၏ အထိမ်းအမှတ်ဖြစ်ပြီး
ကရင်ပြည်နယ်ရှိ  တောရွာကလေး၏ ခရစ်ယာန်ဘုရားကျောင်းအနီး  ဘုရားလာတည်ခြင်းမှာမူ  ဘာသာရေးပဋိပက္ခ ဖန်တီးခြင်း လူအခွင့်အရေးချိုးဖောက်ခြင်းဖြစ်သည်ဟု  အင်မတန်ယဉ်ကျေး၍ ကြင်နာစိတ်ကြီးမားသော မဟာပညာတတ် မြန်မာလူမျိုးများမှ သုံးသပ်ခဲ့ကြသည် ။
-  ဗုဒ္ဓဘုရားဆင်းတုတော်များစွာ ထားရှိကိုးကွယ်၍  အောက်စီဂျင်ဘူးတပ်၍ အသက်ဆက်နေရပြီး ခက်ခက်ခဲခဲ တရားဟောနေရသော မြိုင်ကြီးငူဆရာတော်မှာ အစွန်းရောက်အကြမ်းဖက်သမားဖြစ်၍
မျက်နှာဖုံးများစွပ်ကာ စိမ်ခေါ်သော စာတန်းမျိုးစုံ ကိုင်ဆောင်ထားသော လူငယ်များနှင့် တုတ်များဓားများ အက်ဆစ်ဗူးများ ဓာတ်ဆီဗူးများ ကိုင်ဆောင်ထားသော တကမ္ဘာလုံးတွင် လူဦးသန်း၂ထောင်ကျော်သော ဘာသာဝင်လူနည်းစုများမှာမူ
ငြိမ်းချမ်းရေးလိုလားသူ များဖြစ်ကြသည် ။
-  ဦးသိန်းစိန် အစိုးရလက်ထက် မီးပျက်ခြင်းမှာ ဦးသိန်းစိန် အစိုးရ၏တာဝန်ဖြစ်ပြီး
ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက်မီးပျက်ခြင်းမှာလည်း  မရှိတော့သော ဦးသိန်းစိန်အစိုးရ၏  တာဝန်ပေါ့လျော့ခဲ့မှုကြောင့်ပင်ဖြစ်သည်  ။
- မြန်မာ့ယဉ်ကျေးမှု သင်္ကြန်ပွဲတော်အား ငြိမ်းငြိမ်းချမ်းချမ်း ပြီးစီးလို၍  မဏ္ဏပ်တည်ဆောက်ခွင့်များပိတ်ပင်ခဲ့သော  ဦးဖြိုးမင်းသိန်းအား ဂုဏ်ပြုသောအနေဖြင့်  ကြီးမြတ်သော ရခိုင့်တပ်မတော်မှ  ရွာထဲအပျော်လာကြူးသော နယ်ချဲ့ မျက်နှာနီ မြန်မာစစ်သားများအား သေနတ်ဖြင့် သူရဲကောင်းဆန်ဆန်ချောင်းမြောင်းပစ်ဖောက် သတ်ဖြတ်ကာ  ဂုဏ်ပြုခဲ့ကြသည် ။
- " အမေစုကြောင့်လွတ်တာမဟုတ်ဘူး "
ရာသက်ပန်သူရဲကောင်းများဘဝမှ သမိုင်းမှာစောက်ပေါအကျဆုံးလူသားများ အဖြစ်သို့  ထိုစကားတစ်ခွန်းတည်းရေရွတ်ရုံဖြင့်ပြောင်းလဲသွားသော လွတ်မြာက်သပိတ်မှောက်ကျောင်းသားများထံသို့  ကမ္ဘာ့မှော်ပညာအသင်းချုပ်မှ  အလွန်အစွမ်းထက်သော ထိုအသွင်ပြောင်းဂါထာကို လာရောက်လေ့လာပြီး လက်တင်ဘာသာဖြင့် ပြန်ဆိုခိုင်းမည်ဟုသတင်းရရှိသည် ။
-  မြန်မာနိုင်ငံရှိ အကယ်ဒမီပေးပွဲအား တိုက်ရိုက်ကြည့်ရှုပြီးနောက်
အမေရိကန်ရှိအာဏာရအစိုးရမှ Hollywood တာဝန်ရှိသူများအား နောက်နှစ်အော်စကာဆုပေးပွဲလုပ်လျှင် မြန်မာနိုင်ငံ၏ အကယ်ဒမီပေးပွဲအားအတုယူ၍ ပြုလုပ်ရန် ညွှန်ကြားခဲ့ကြောင်းသိရသည် ။
- လက်တွေ့ကွင်းဆင်းလေ့လာချက်များအရ
အကြောင်းကိစ္စတခုခုဖြစ်ပေါ်လျှင် မြန်မာနိုင်ငံရှိ ဥာဏ်ပညာကြီးမားသူများ၏  လက်သုံးစကားမှာ  ၂၀၁၀ မှ ၂၀၁၅ နှစ်ကုန်အတွင်း
" အစိုးရလှည့်ကွက် " ဆိုသော  စကားစုမှ ၂၀၁၆ မတ်လမှစ၍  ယနေ့ထိ " အရင်အစိုးရ လှည့်ကွက် " ဆိုသော စကားစုအဖြစ်သို့ပြောင်းလဲသွားကြောင်းသိရသည် ။
Credit...Chaw Na Kyal
နှစ်ပေါင်း နှစ်ထောင်ကျော်ပြီ ဖြစ်သော မြန်မာနိုင်ငံသမိုင်းမှာ ယင်းလူမျိုးအမည်နှင့် တိုင်းရင်းသား မရှိလို့ မရှိဘူးလို့ ပြောတာ လူမျိုးရေးခွဲမှု (racism) မဟုတ်ပါ။
နှစ်ပေါင်း နှစ်ထောင်ကျော်ပြီ ဖြစ်သော မြန်မာနိုင်ငံသမိုင်းမှာ ယင်းလူမျိုးအမည်နှင့် တိုင်းရင်းသား မရှိလို့ မရှိဘူးလို့ ပြောတာ လူမျိုးရေးခွဲမှု (racism) မဟုတ်ပါ။
သမိုင်းအထောက်အထားများအရ မရှိလို့ မရှိဘူးပြောသူတွေဟာ လူမျိုးရေးခွဲခြားသူ racist မဟုတ်ပါ။
မရှိတဲ့ အမည်ကို သုံးစွဲသူများသာ လုပ်ဇာတ်ခင်းနေကြသူများ ဖြစ်ပါတယ်။
ကျွန်တော်မည်သည့် ဘက်ကမှ မဟုတ်ပါ။
မြန်မာနိုင်ငံသား သမိုင်းကို သုတေသနပြုနေသူ တစ်ဦးသာ ဖြစ်ပါတယ်။
မူရင်း  =  ဆရာ ဈာန်သစ်အောင်
ရိုဟင်ဂျာကို မကန့်ကွက်ချင်လို့ ပြည်သူတွေအာရုံပြောင်းအောင် NLD အမတ်တွေ ဝံချီးတွေ တစ်မျိုးပြီး တစ်မျိုး စောက်ရူးအကွက်တွေနဲ့ အွန်လိုင်းပေါ်မှာ ခင်းကျင်းပြလိမ့်မယ်။
ရိုဟင်ဂျာကို မကန့်ကွက်ချင်လို့ ပြည်သူတွေအာရုံပြောင်းအောင် NLD အမတ်တွေ ဝံချီးတွေ တစ်မျိုးပြီး တစ်မျိုး စောက်ရူးအကွက်တွေနဲ့ အွန်လိုင်းပေါ်မှာ ခင်းကျင်းပြလိမ့်မယ်။
ဒါမှ ၂၁ ရာစု ပင်လုံဆိုပြီး ပြည်ထောင်စုကွဲအောင်လုပ်နိုင်သလို
ရိုဟင်ဂျာကိုလည်း တစ်ဖက်လှည့်နဲ့ အတည်ပြုပေးနိုင်လိမ့်မယ်။
မစ်စ်အဲရစ်ရဲ့ ဝမ်းမနားသား ထမိန်ရှုတွေရဲ့ ကလေးအတွေးတွေကတော့ အဆင့်နိမ့်လွန်းပါတယ်ကွာ။
စောက်ရူးအကွက်ဆိုတာ စောက်ရူးတွေကိုဘဲလှည့်စားလို့ရမယ်။
အဟေးးးးဟေးးးးး
ကိုရင်လူထွက် ငပိချက်
သင်္ဘောသားတစ်ယောက်၏ဖွင့်ဟ၀န်ခံချက်
CREDIT TO MOE SHIN(IMT)
သင်္ဘောသားတစ်ယောက်၏ဖွင့်ဟ၀န်ခံချက်
seaman
ကျွန်တော်က “မိန်းမတစ်ယောက်၏ ဖွင့်ဟ၀န်ခံချက်”ရေးခဲ့သူ ဂျူးတော့မဟုတ်ပါဘူး။ ကျွန်တော်တို့ သဘောင်္
သားတွေရဲ့ရင်ဘတ်ထဲကခံစားချက်ကို သူများတွေမြင်အောင်ရေးချင်တဲ့ မိုးရှင်း (I.M.T) ပါ။ မြန်မာနိုင်ငံမှာက
သင်္ဘောသားနဲ့ပက်သက်ရင် အထင်ကြီးနေကြသူတွေရှိသလို မြန်မာရုပ်ရှင်ကားတွေကြည့်ပြီးသင်္ဘောသား
တွေကိုအမြင်ကတ်နေသူတွေလည်းရှိပါတယ်။ ကျွန်တော်က သင်္ဘောသားတစ်ယောက်ဖြစ်ဖူးသူပါ။ဒါကြောင့်
မို့လို့ စာဖတ်သူတွေအားလုံးကိုသင်္ဘောသားတွေရဲ့ရင်ဘတ်ထဲကိုတစ်ခါလောက်အလည်ပို့ပါရစေ။
ကျွန်တော်တို့ သင်္ဘောသားတွေရဲ့ ဘ၀တွေကစစ်သားတွေနဲ့ နည်းနည်းဆင်ပါတယ်။ စစ်သားတွေကသေနတ်
ကိုင်ပြီးသူတို့နဲ့ဥာဏ်ရည်တူတဲ့ လူသားတွေနဲ့တိုက်ပွဲဝင်ရတာပါ။ ကျွန်တော်တို့ကလွမ်းဆွတ်မှုတွေရင်မှာပိုက်
ပြီးခန့်မှန်းမရတဲ့သဘာဝတရားကြီးကိုအံတုနေရတာပါ။ စစ်သားတွေမှာကသူတို့ရန်သူကိုတိုက်ခိုက်ဖို့
သေနတ်တွေပါတယ်။ ကျွန်တော်တို့မှာကမာယာများတဲ့ပင်လယ်ကြီးကို ပြန်လည်အံတုဖို့ ခိုင်မာတဲ့စိတ်ဓာတ်
ပဲရှိပါတယ်။
storm in the sea
ပင်လယ်ဆိုတာ အရမ်းမာယာများပါတယ်။ အခုနေငြိမ်နေပေမယ့် အချိန်အနည်းငယ်အတွင်း သင်္ဘောကြီး
တစ်စီးလုံးမြုပ်သွားနိုင်လောက်တဲ့ လှိုင်းလုံးကြီးတွေကိုလည်း ဖန်တီးတတ်ပါတယ်။ အခုဗြောင်းဆန်အောင်
လှိုင်းတွေလှုပ်နေပေမယ့်အချိန်အနည်းငယ်အတွင်း ချက်ချင်းလည်း ပြန်ငြိမ်သွားတတ်ပါတယ်။ ရာသီဥတု
အရမ်းဆိုးရွားတဲ့နေ့မျိုးတွေမှာဆိုရင်တော့ကျွန်တော်တို့ ကုန်းပတ်ပေါ်ထွက်ပြီးအလုပ်လုပ်လေ့မရှိပါဘူး။
အားလပ်ရက်မျိုးဆိုရင်တော့ ထမင်းစားခန်းထဲမှာလူစုံနေလေ့ရှိပါတယ်။ ကျွန်တော်မှတ်မိနေတဲ့နေ့လေး
တစ်နေ့ရှိပါတယ်။
အဲဒိနေ့ကမိုးတွေသည်းသည်းမဲမဲရွာနေခဲ့ပါတယ်။ ရာသီဥတုကလည်းတော်တော်လေးကိုကြမ်းနေခဲ့ပါတယ်။
သင်္ဘောကြီးကလည်း ရှေ့စိုက်လိုက်ပြန်ပေါ်လာလိုက်နဲ့ တော်တော့်ကိုအသည်းယားစရာကောင်းနေတယ်။
ဝါရင့်သဘောင်္သားတွေကတော့ မျက်နှာအပြုံးမပျက်ရှိနေကြပါတယ်။ ကျွန်တော်ကတော့ ဘ၀မှာပထမဆုံး
အကြိမ်အဲ့ဒိလောက်ကြီးတဲ့ လှိုင်းမျိုးတွေကို မြင်ဖူးတာပါ။ ရိုးရိုးသားသားပြောရရင် စိတ်ထဲမှာနည်းနည်း
ကြောက်နေမိပါတယ်။ အဲဒိအချိန်မျိုး သင်္ဘောမြုပ်သွားရင် အသက်ရှင်စရာအကြောင်းကသိပ်မရှိဘူးလေ။
ပစိဖိတ်သမုဒ္ဒရာရဲ့အလယ်တည့်တည့်လိုနေရာမျိုးရောက်နေတဲ့အချိန်မှာ ရာသီဥတုကလည်းအရမ်းအေး
နေပါတယ်။ လာကယ်မယ့်သူမရောက်ခင်Hypothermia( မှအပူဓာတ်အလွန်အကျွံဆုံးရှုံးခြင်း) နဲ့ပဲသေဖို့
များပါတယ်။ တွေးလေကြောက်လေမို့လို့ကျွန်တော့်အတွေးစကိုရပ်လိုက်ပြီး ထမင်းစားခန်းထဲသွားဖို့ဆုံး
ဖြတ်လိုက်ပါတယ်။
တချို့သူတွေက လှိုင်းမူးလို့ အန်တဲ့သူကအန်နေကြတယ်။ ထမင်းစားခန်းထဲမှာလည်းထမင်းဟင်းတွေက
ဘယ်သူမှမစားလို့ အရမ်းကိုပိုနေပါတယ်။ အားလပ်ရက်ဖြစ်ပြီးအပြင်မှာလည်းရာသီဥတုဆိုးနေလို့ ထမင်း
စားခန်းထဲမှာလူစုံနေပါတယ်။သူတို့ခံစားချက်တွေကိုပြောင်သလိုနောက်သလိုနဲ့ ပြောနေကြပါတယ်။
ကျွန်တော်ကတော့ သူတို့ပြောတာတွေအားလုံးကိုအခုထက်ထိမှတ်မိနေဆဲပါပဲ။ သူတို့ကမြန်မာနိုင်ငံက
လူအချို့ သင်္ဘောသားတွေကိုအထင်လွဲနေကြတဲ့အကြောင်းကိုခံပြင်းစွာနဲ့ပြောနေကြတာပါ။
တကယ်တော့လူတော်တော်များများက သင်္ဘောသားဆိုတာ မိန်းမရှုပ်တဲ့သူ၊အရက်သောက်တဲ့သူလို့ပဲမြင်
တတ်ကြပါတယ်။ တကယ်တော့ မိန်းမရှုပ်တယ်ဆိုတာ သင်္ဘောသားမှမဟုတ်ပါဘူး။  ရန်ကုန်မှာနေ့တိုင်း
ကလပ်တက်နေတဲ့လူငယ်တွေ အပုံလိုက်အခေါင်းလိုက်ပါ။ အဲ့လိုမသွားတတ်တဲ့ လူငယ်တွေလည်းရှိပါ
တယ်။ ထိုနည်းလည်းကောင်း သင်္ဘောပေါ်မှာလည်းလူတိုင်းမိန်းမရှုပ်တဲ့သူတွေကြီးပဲမဟုတ်ပါဘူး။ မိန်းမ
ရှုပ်ချင်ရင် သင်္ဘောပေါ်တက်စရာတောင်မလိုပါဘူး။
နောက်တစ်ခုက အရက်သောက်တဲ့ကိစ္စပါ။ သောက်တဲ့သူရှိသလိုမသောက်တဲ့သူတွေလည်းရှိပါတယ်။
မနက်မိုးလင်းလို့မျက်လုံးဖွင့်ကတည်းကဘယ်နေရာကြည့်ကြည့် ရေတွေပဲမြင်နေရတဲ့ ပင်လယ်ကြီးထဲမှာ
တစ်နှစ်ကျော်ကျော်လောက်စာဖတ်သူတို့နေဖူးမှသာ  အဲဒိခံစားချက်အထီးကျန်ဆန်တဲ့ခံစားမှုကို
အပြည့်အ၀နားလည်သွားပါလိမ့်မယ်။ သင်္ဘောသားတစ်ယောက်ရဲ့ခံစားချက်အစစ်အမှန်ကိုသင်္ဘောသား
တစ်ယောက် မဟုတ်ရင် တော်ရုံတန်ရုံ ခံစားပေးလို့မလွယ်ပါဘူး။
မြန်မာဇာတ်ကားတွေထဲမှာတော့ ကျွန်တော်တို့ကို ဗီလိန်အဖြစ်အမြဲအသုံးချလေ့ရှိပါတယ်။ သူတို့ရဲ့
ဇာတ်ကားတွေထဲမှာအမြဲတမ်း ကျွန်တော်တို့သင်္ဘောသားတွေကဗီလိန်ပါ။ တစ်ခါတစ်လေဆိုရင်တော့
အနုပညာအရ လုပ်သင့်ပေမယ့် အမြဲတမ်းလိုလို ဗီလိန်နေရာမှာသင်္ဘောသားတွေကိုထားနေတာကတော့
သင်္ဘောသားတွေကို မြန်မာတစ်နိုင်ငံလုံးက ပြည်သူတွေစိတ်ထဲမှာ မကောင်းတဲ့သူတစ်ယောက်
အဖြစ်ရိုက်သွင်းနေသလိုပါပဲ။ ကိုယ့်အသက်ကိုယ်ရင်းပြီးမိသားစုအတွက် ထမင်းရှာကျွေးနေတဲ့သူတွေကို
အထင်လွဲအောင်လုပ်နေတာတော့မသင့်တော်ဘူးထင်ပါတယ်။ လောကကြီးမှာဘာလူမျိုးပဲဖြစ်ဖြစ်
ဘယ်ဘာသာပဲကိုးကွယ်ကိုးကွယ် ဘာအလုပ်တွေပဲလုပ်နေလုပ်နေလူနှစ်မျိုးပဲရှိပါတယ်။ အဲဒါကတော့
ကောင်းတဲ့သူနဲ့ မကောင်းတဲ့သူ ဆိုတဲ့နှစ်မျိုးပါပဲ။
သင်္ဘောသားဖခင်အချို့ရဲ့ခံစားချက်တွေကိုလည်း ကျွန်တော်ကြားခဲ့ရပါတယ်။ သူတို့သားသမီးတွေက
အဖေပြန်လာတုန်းတစ်လလောက်တော့ပျော်တတ်ကြတယ်။ မုန့်ဖိုးရတယ်။ သွားချင်တဲ့နေရာတွေသွား
ကြတယ်။ နည်းနည်းလေးအနေကြာလာတော့ “အဲဒိဘဲကြီးပြန်လာကတည်းကငါညဘက်အိမ်ပြင်လည်း
ကောင်းကောင်းထွက်လို့မရတော့ဘူး။”“ ပြန်လာကတည်းကဗျစ်တောက်ဗျစ်တောက်နဲ့ အရမ်းနားညည်း
ဖို့ကောင်းတာပဲ။”စတဲ့စကားသံတွေကို အခြားကနေကြားသိရပါတယ်တဲ့။ ဒါတွေကသူတို့အဖေတွေကို
တိုက်ရိုက်ပြောတဲ့စကားတွေတော့မဟုတ်ဘူးပေါ့ဗျာ။ ကလေးတွေကအဖေဆိုတာပိုက်ဆံရှာတဲ့လူတစ်
ယောက်ထက်ကိုပိုမမြင်တော့ပါဘူး။ အဲ့ဒိလိုအဖေမျိုးရဲ့ ရင်ဘတ်ထဲခဏလောက်ဝင်ကြည့်ရင်တော့
စာဖတ်သူအရည်ပျော်သွားပါလိမ့်မယ်။ မိန်းမကလည်း ၃လလောက်အထိတော့ဘာမှမပြောသေးဘူး။
၆လလောက်ဆိုရင်တော့ “မောင်ရေသားတွေ သမီးတွေရှေ့  ရေးရှိသေးတယ်လေ။ မောင်သင်္ဘောပြန်
မတက်သေးဘူးလား။ မေလဲမောင့်ကိုဘယ်ခွဲချင်ပါ့မလဲ။ ဒါပေမဲ့ ကလေးတွေ ရှေ့ရေးကရှိသေးတယ်လေ
မောင်ရဲ့”ဆိုတဲ့စကားသံလေးတွေကိုတော့ စကြားရပါပြီ။ ဒီတော့ သင်္ဘောသားကြီးလည်းရင်ဘတ်ဟတ်
တက်နဲ့ရေထဲပြန်ဆင်းရပြန်ပြီပေါ့။
ပြက္ခဒိန်ပေါ်ကရက်တွေကို ကြတ်ခြေခတ် သားလေး၊သမီးလေးဓာတ်ပုံညတိုင်းကြည့် ရင်ဘတ်ဗလာနဲ့
ဟာတာတာညတွေကိုမျက်စိစုံမှိတ်ပြီး ဖြတ်သန်းရပြန်ပါတယ်။ ပြန်ရဖို့ရက်နီးလာရင် အရမ်းပျော်နေတတ်
တာ သင်္ဘောသားတွေရဲ့သဘာဝပါ။ ဒါပေမဲ့ နောက်တစ်ခါ ဒီလိုအချိန်တွေ ကိုပြန်ဖြတ်သန်းရဦးမှာပါလား
လို့တွေးမိလိုက်တိုင်း ၀မ်းနည်းသွားတတ်ကြတာလည်း သင်္ဘောသားတွေရဲ့သဘာဝပါပဲ။ တကယ်တော့
နှလုံးသားတွေကရစရာမရှိအောင်ကြေမွနေပါပြီ။ ဒါပေမဲ့ မိသားစုအတွက် ကြိုးစားနေကြဆဲပါပဲ။
seaman2
ဘ၀ရဲ့အချိန်တော်တော်များများကို တစ်ယောက်တည်းဖြတ်သန်းရတာများတော့ ကျွန်တော်တို့ အသည်း
တွေကအပေါ်ယံမာနေပါပြီ။ ခွဲခွာတယ်ဆိုတာထမင်းစားရေသောက်လိုပါပဲ။ တစ်ခါတစ်လေတော့လည်း
ကျွန်တော် ဘာလို့သင်္ဘောသားဖြစ်လာပါလည်းလို့တွေးမိပါတယ်။ ရေကြောင်းသိပ္ပံဆိုတဲ့ ကျောင်းဝရောက်
တဲ့အထိ ဘာကျောင်းမှန်းမသိခဲ့ပါဘူး။ နိုင်ငံရဲ့ပညာရေးစနစ် မိဘရဲ့အခြေအနေကြောင့် ပိုက်ဆံမြန်မြန်
ဆန်ဆန်ရနိုင်မယ့်လမ်းကိုရွေးရင်း ကျွန်တော်သင်္ဘောသားတစ်ယောက်ဖြစ်လာခဲ့တာပါ။
သင်္ဘောသားတစ်ယောက် သင်္ဘောမလိုက်တော့ဘူးဆိုရင် ပတ်ဝန်းကျင်က ကြပ်မပြည့်တဲ့ ကောင်လိုဝိုင်း
ကြည့်တာကိုခံရတတ်ပါသေးတယ်။ပိုက်ဆံဒီလောက်ရတာကို ဘာလို့ဆက်မလိုက်တော့တာလဲလို့ မေးကြ
ပါတယ်။ သူတို့ကို ရှင်းပြချင်ပါတယ်။ ခက်တာက သူတို့နားမလည်နိုင်လောက်ပါဘူး။တကယ်တော့
သင်္ဘောသားအဖြစ်ကနေ သင်္ဘောမလိုက်တော့တာတော်တော့်ကိုဆုံးဖြတ်ရတဲ့ကိစ္စပါ။ ပိုက်ဆံအများကြီး
ရရာကနေ မြန်မာပြည်မှာ လစာနည်းနည်းနဲ့ နေနိုင်ဖို့ ကျွန်တော်ဘယ်လောက်ခက်ခက်ခဲခဲဆုံးဖြတ်ရသလဲ
ဆိုတာကို သင်္ဘောသားတွေပိုနားလည်ပါလိမ့်မယ်။
ဒါပေမယ့် ကျွန်တော့်အိမ်မက်တွေကခေါင်းထဲမှာပြတ်ပြတ်သားသားရှိနေတယ်။ အဲဒါတွေကတစ်နေ့ကျရင်
ဖြစ်ကိုဖြစ်လာမယ်ဆိုတာလည်းယုံကြည်နေတယ်။ ဖြစ်လာအောင်လည်းအချိန်တိုင်းပုံဖော်နေပါတယ်။
ကျွန်တော့်အိမ်မက်တွေနဲ့ ကျွန်တော်အတူနေရတာပိုပျော်လာပါတယ်။ ကျွန်တော့်အိမ်မက်တွေကိုပုံဖော်ရင်း
ပင်လယ်ထဲမှာသက်စွန့်စံဖျား မိသားစုအတွက် ပိုက်ဆံရှာဖွေနေတဲ့ ညီတော်နောင်တော်များကိုလည်း
ဘေးကင်းကြပါစေလို့ ဆုတောင်းပေးနေပါတယ်။
မိမိယုံကြည်ရာကို ပုံဖော်နိုင်ရဲကြပါစေ။
မိုးရှင်း (I.M.T)
အမေရိကန်သံရုံးက ထုတ်တဲ့ ကြေငြာချက်မှာပါတဲ့ ရိုဟင်ဂျာ အသုံးအနှုန်းကို မကြေနပ်လို့ ဆန္ဒပြတယ်ဆိုတာ အမေရိကန်သံရုံးက တာဝန်ရှိသူတွေ သိအောင်လို့လုပ်တာ။
အမေရိကန်သံရုံးက ထုတ်တဲ့ ကြေငြာချက်မှာပါတဲ့
ရိုဟင်ဂျာ အသုံးအနှုန်းကို မကြေနပ်လို့ ဆန္ဒပြတယ်ဆိုတာ
အမေရိကန်သံရုံးက တာဝန်ရှိသူတွေ သိအောင်လို့လုပ်တာ။
ဒါကို ဒီသံရုံးရှေ့မှာ ပြခွင့်မပြုဘဲ သံရုံးကမကြားနိုင်မမြင်နိုင်တဲ့
ဗိုလ်စိန်မှန်ကွင်းကို ခွင့်မတောင်းဘဲ ခွင်ပြုတာက
တော်တော် မလည်ရှုပ်လုပ်တာဘဲ။
ဆန္ဒပြခွင့်တင်တာ ခွင့်မပြုဘူးမဟုတ်ခွင့်ပြုတယ်ဆိုတဲ့
သဘောဖြစ်အောင် နေရာလွဲပေးတယ်။
နေရာလွဲပေးတဲ့နေရာမှာမပြဘဲ သံရုံးရှေ့ပြရင် ဥပဒေနှင့်အရေးယူမယ်။
မောင်ဖြူ ကိုမကြေနပ်လို့ မောင်ဖြူအိမ်ရှေ့မှာ ပြောခွင့်အော်ခွင့်
တောင်းတာကို မဆိုင်တဲ့ မောင်မဲ အိမ်ရှေ့ ပြောခွင့်အ်ာခွင့်ပြုတယ်။
တော်တော် တရားကျဖို့ကောင်းတဲ့ အစိုးရပါလား။
U ss M  29-4-2016
အမေရိကန်မှာ ... မြန်မာအစိုးရတွေကို မကျေနပ်ဘူးဆိုရင် ... ဝါရှင်တန်ဒီစီမှာရှိတဲ့ မြန်မာသံရုံးရှေ့တည့်တည့်မှာ ဆန္ဒပြလို့ရပါတယ် ။
YES PROBLEM !!
အမေရိကန်မှာ ...
မြန်မာအစိုးရတွေကို မကျေနပ်ဘူးဆိုရင် ...
ဝါရှင်တန်ဒီစီမှာရှိတဲ့ မြန်မာသံရုံးရှေ့တည့်တည့်မှာ ဆန္ဒပြလို့ရပါတယ် ။
မြန်မာသံရုံးက ...
S street ဆိုတဲ့ လမ်းပေါ်မှာရှိတယ် ...
အဲဒီလမ်းက ..
ပေနှစ်ဆယ်လောက်ဘဲကျယ်ပါတယ် ...
လမ်းဟိုဘက်ကသံရုံးရှိပြီးတော့ ....
ဒီဘက်က ဆန္ဒပြတဲ့လူအုပ်စု ရှိပါတယ် ...
ဆန္ဒပြတဲ့လူတွေက
လက်ကိုင်အော်လံစပီကာတွေနဲ့ အော်ကြတယ် ...
တစ်ခါတစ်လေ လော်စပီကာကြီးတွေယူလာပြီး ဒီမိုသံချပ်တွေတောင် ဖွင့်တာတွေ့ရပါတယ်။
ဒါပေမဲ့  ...
လုံခြုံရေးအနေနဲ့ ...
ရဲတစ်ယောက်ဘဲ ရောက်လာတယ် ...
ရဲတစ်ယောက်ထဲ ရှိတယ်ဆိုလို့ ...
သံရုံးကို ဥပဒေပ အကြမ်းဖက်ရင်လဲ ဖက်လို့ရပါတယ် ..။
ဒါပေမဲ့ပြီးရင်တော့ ...
ရာဇဝတ်ဘေး ပြေးမလွတ်ပေါ့ဗျာ ...
ပြီးရင်နောက်တစ်လမ်းကျော်က ...
California street မှာ မြန်မာစစ်သံရုံးရှိသေးတယ် ...
နှစ်စဉ်နှစ်တိုင်း ...
တပ်မတော်နေ့ညစာစားပွဲတွေဆိုရင် ....
နိုင်ငံတစ်ကာက လူကြီးလူကောင်းတွေ လာကြပါတယ် ..။
အဲဒီအချိန်မှာ ...
အသံသေးအသံကြောင်တွေနဲ့ စစ်သံရုံးရှေ့မှာ အော်မလား ...
NO PROBLEM !!
အမေရိကန်အစိုးရ ခွင့်ပြုတယ် ...။
ငလူးမသန်းရွှေ ..
မအေယိုးခင်ညွန့် ဆဲချင်သေးလား ...
NO PROBLEM !!
အမေရိကန်အစိုးရ ခွင့်ပြုတယ် ..။ (S street သံရုံးမှာတော့ ဆန္ဒပြတိုင်းဆဲကြပါသည်)
နောက်တစ်ခု ...
ဦးသိန်းစိန် အမေရိကားကိုလာတယ် ...
လေဆိပ်ထဲမှာဘဲ ...
ဆန္ဒပြချင်သလား ....။
NO PROBLEM !!
အမေရိကန်အစိုးရ ခွင့်ပြုခဲ့တယ် ..။
ဦးသိန်းစိန်တည်းနေတဲ့
New York City က ဟော်တယ်ရှေ့မှာ အသံသေးသံကြောင်နဲ့ အော်ဆဲချင်သေးသလား ...
NO PROBLEM !!
အမေရိကန်အစိုးရ ခွင့်ပြုပါတယ်..။ (ဖိနပ်နဲ့ပါ ထုကြပါတယ်)
အမေရိကန်မှာ ...
မြန်မာသံရုံးတွေ ရှေ့မှာဘဲ ပြလို့ရတယ် ...
ဘယ်အမေရိကန်အစိုးရကမှ ...
အမေရိကန်မှာရှိတဲ့ ဗိုလ်စိန်မှန်ကွင်းလိုနေရာကို မောင်းမထုတ်ဘူး။
အဲဒီတော့ ...
အမေရိကန်မှာ အမေရိကန်အစိုးရက ...
NO PROBLEM !!
ဒါပေမဲ့ !!
လက်ရှိဒေါ်စုအစိုးရက ...
အမေရိကန်သံရုံးရှေ့မှာ ဆန္ဒပြခဲ့တဲ့လူတွေကို ...
YES PROBLEM !!
ဒီအစိုးရ ကောင်းမကောင်း ခင်ဗျားတို့ဖါသာဘဲ စဉ်းစားကြတော့ဗျာ ..။
-
-
-
-
-
-
-
ခိုင်ဇော်