Saturday, August 29, 2015

Update News >>>>> “ရန်ကုန်-မန္တလေးအမြန်လမ်းတွင် အိမ်စီးကားတစ်စီး တိမ်းမှောက် ယာဉ်မောင်းပွဲချင်းပြီးသေဆုံး”

Update News >>>>>
“ရန်ကုန်-မန္တလေးအမြန်လမ်းတွင် အိမ်စီးကားတစ်စီး တိမ်းမှောက် ယာဉ်မောင်းပွဲချင်းပြီးသေဆုံး”
ရန်ကုန်- မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ်၂၄၂ တွင် နေပြည်တော်မှ မန္တလေးသို့ မောင်းနှင်လာသည့် အိမ်စီးကား(ALPHARD)တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး ယာဉ်မောင်းအမျိုးသားမှာ နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
သြဂုတ်၂၉ ရက် နံနက်၆နာရီကျော်တွင် ဖြစ်ပွားခဲ့သည့် ထိုယာဉ်တိမ်းမှောက်မှုတွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ယာဉ်ပေါ်တွင်ပါရှိခဲ့ပြီး အမျိုးသမီးမှာဦးခေါင်းတွင် ဒဏ်ရာရရှိခဲ့သဖြင့် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံသို့ တင်ပို့ထားကြောင်း အမြန်လမ်းကြက်ခြေနီ အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဓာတ်ပုံ- သူရစိုးဖေ့ဘွတ်ခ်

No comments: