Tuesday, July 19, 2016

ဘရာဇီး နိုင်ငံ ရီယို ဒါ ဂျနေးရိုး မှာ ကျင်းပမယ့် အိုလံပစ် အားကစား ပြိုင်ပွဲနဲ့ မသန်စွမ်း အားကစားပြိုင်ပွဲ တွေမှာ ရုရှား အားကစား

ဘရာဇီး နိုင်ငံ ရီယို ဒါ ဂျနေးရိုး မှာ ကျင်းပမယ့် အိုလံပစ် အားကစား ပြိုင်ပွဲနဲ့ မသန်စွမ်း အားကစားပြိုင်ပွဲ တွေမှာ ရုရှား အားကစား သမားတွေကို ပါဝင်ခွင့် မပြုဖို့ စဉ်းစားပါ ဆိုပြီး နိုင်ငံတကာ အိုလံပစ် ကော်မတီ IOC ကို ကမ္ဘာ့ တားမြစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့ WADA က တိုက်တွန်း လိုက်ပါတယ်။ အားကစား သမားတွေ တားမြစ်ဆေး သုံးစွဲ တာ မပေါ်လွင်အောင် မသမာတွေ နည်းလမ်း တွေ သုံး ပြီး စစ်ဆေးမှု တွေကို ကျော်လွှား ခဲ့တဲ့ ဖြစ်ရပ် တွေမှာ ရုရှား အစိုးရ ကိုယ်တိုင် ပါဝင် ပတ်သက် နေကြောင်း အသေးစိတ် ဖော်ထုတ် ထားတဲ့ အစီရင်ခံစာ တစ်စောင် ထွက်ပေါ် လာခဲ့တဲ့ နောက် WADA က အခုလို တိုက်တွန်း လာတာ ဖြစ်ပါတယ်။ အားကစား နည်း တော်တော်များများရဲ့ နိုင်ငံတကာ ပြိုင်ပွဲ တွေမှာ ရုရှား က ကျူးလွန် ခဲ့တယ်လို့ အစီရင်ခံစာ ထဲ ဖော်ပြ ထားပါတယ်။ တကယ်လို့ ရုရှား ကစားသမား တွေ အနေနဲ့ အိုလံပစ် ပြိုင်ပွဲ ဝင်လိုရင် ရုရှား နိုင်ငံကို ကိုယ်စား မပြုပဲ တသီး ပုဂ္ဂလ တစ်ယောက် ချင်းစီ အနေနဲ့ ဝင်မယ် ဆိုရင် ဝင်ခွင့် ပေးဖို့ နည်းလမ်း ကိုလည်း WADA က အကြံပြု ထားပါတယ်။ အစီရင်ခံစာပါ အချက်တွေဟာ သွားပုပ်လေလွင့် ပြောတတ်သူ တစ်ဦးတည်းရဲ့ ထွက်ဆိုချက်တွေ အပေါ် အခြေခံ ထားတာ ဖြစ်တယ်လို့ ရုရှား သမ္မတ ဗလာတီမီယာ ပူတင်ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က တုံ့ပြန် ထားပါတယ်။ #ဘီဘီစီမြန်မာပိုင်း

No comments: