Tuesday, July 19, 2016

ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီးဒေါ်ခင်ကြည်၏ အမှာစကား ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲.

ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီးဒေါ်ခင်ကြည်၏ အမှာစကား ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲. ကျွန်မရဲ့ ခင်ပွန်းသည်ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ တိုင်းပြည်နဲ့လူမျိုးအတွက် ကြိုးပမ်းရင်း လမ်းခုလတ်တွင် ကျဆုံးခဲ့ရပါပြီ။ သေဆုံးတဲ့သူမှာ သေဆုံးပြီးဖြစ်၍ ကျွန်မ အထူးချဲ့ထွင်ပြီး မပြောလိုတော့ပါ။ သူ့ကို တကယ်လေးစားချစ်ခင်ကြပါလျှင် သူလိုလားတဲ့ ရည်မှန်းချက် ပန်းတိုင် သို့ရောက်အောင် သူချခဲ့ တဲ့ လမ်းစဉ်အတိုင်း ဆတက်ထမ်းပိုး သယ်ပိုးဆောင် ရွက်ကြဖို့ လိုပါတယ်။ ကျွန်မအတွက် ပြောရမည်ဆိုလျှင် ကျွန်မရဲ့ခင်ပွန်းဟာ တိုင်းပြည်နဲ့ လူမျိုး အတွက် ကြီးလေးတဲ့တာဝန်ကို ထမ်းဆောင် ပြီး ရှေ့ဆောင် ရှေ့ရွက် လုပ်နေတဲ့အခါ၊ ကျွန်မဟာ တိုင်းပြည်ရဲ့ တာဝန်ကို ခွဲဝေထမ်းဆောင်ခဲ့ တဲ့သဘောဖြင့် နောက်မှနေပြီး သူ့အား အမျိုးမျိုးပြုစုအားပေးခဲ့ပါတယ်။ ယခု သူကွယ်လွန်သွားတော့ သူ့ကို ပြုစုရမည့်အစား သူချခဲ့တဲ့လမ်းစဉ်တွင် ပါဝင်နိုင်တဲ့ဘက်တွင် ပါဝင်ထမ်းပြီး သူချန်ခဲ့တဲ့ သူ့သွေး သူ့သား၊ မိမိရဲ့ ရင်သွေး ကလေးများကို အဖေ့သားများပီပီ အဖေ့ခြေရာနင်းနိုင်အောင် ပျိုးထောင် ပေးတော့ မယ်လို့ ဆုံးဖြတ်ပါတယ်။ ကျွန်မနဲ့ ကံတူအကျိုးပေးများဖြစ်ကြတဲ့ အခြားကျဆုံး သော ခေါင်းဆောင်ကြီး များရဲ့ ဇနီးသည်များဟာလည်း ကျွန်မ လို ဝမ်းနည်းပက်လက် ဖြစ်ကြမှာပဲ။ ဒါပေမယ့် ကျွန်မတို့ဟာ သူတို့ကိုချစ်ရိုးမှန်ရင် သူတို့ချခဲ့တဲ့လမ်းစဉ်ကို လိုက်ကြမှ ချစ်ရာကျတော့မယ်။ သူတို့ရည်မှန်းခဲ့တဲ့လုပ်ငန်းစဉ်ကို သူတို့ ကိုယ်တိုင်မတွေ့မြင်လိုက်ကြပေမယ့် ကျွန်မတို့က အကောင် အထည်ပေါ်အောင် ဝိုင်းဝန်းအားပေးကြရမှာပဲ။ လူထုသို့ ကျွန်မပြောလိုတာကတော့ မိမိတို့အားကိုး ယုံကြည်လေး စားသော ခေါင်းဆောင်ကြီးကို ရက်စက်စွာ လုပ်ကြံမှုကြောင့် ဒေါသထွက် စိတ်ဆိုး၍ စိတ်လိုက်မာန်ပါ လုပ်မှုကိုင်မှုကို ရှောင်ကြဉ်၍ သူချခဲ့သော လမ်းစဉ်အတိုင်း တစ်သဝေမတိမ်း လိုက်နာဆောင်ရွက်ကြပါ။ သူပျိုးထောင်ခဲ့ သော ဖ ဆ ပ လ အဖွဲ့ချုပ်ကြီးကို ဆတက်ထမ်းပိုး အားပေး ထောက်ခံကြ ပါ။ သူရည်မှန်းခဲ့တဲ့ လုံးဝလွတ်လပ်ရေးကို မရမနေ ကြိုးပမ်းကြပါလို့ပဲ နောက်ဆုံး မှာလိုပါတယ်။ ဟံသာဝတီသတင်းစာ . . . ဇူလိုင်၊ ၁၉၄၇ မှ ကောက်နုတ်ဖော်ပြပါသည်။ MOI Webportal Myanmar

No comments: