Saturday, July 23, 2016

မန္တလေးတက္ကသိုလ်တွင် ဦးရာဇတ်ကြေးရုပ်တု ဂုဏ်ပြုထားရှိရန် စီစဉ်

ဗိုလ်ချုပ်အောင်ဆန်း ၏အစိုးရတွင် ပညာရေးဝန်ကြီး အဖြစ် ထမ်းဆောင်ခဲ့ပြီး မန္တလေးတက္ကသိုလ်တည်ထောင်ရန် ညွှန်ကြားခဲ့သူ ဆရာကြီးဦးရာဇတ်ကို ဂုဏ်ပြုသောအားဖြင့်     မန္တလေး တက္ကသိုလ်     ဦးရာဇတ်ခန်းမ ဆောင်ရှေ့ မြက်ခင်းပြင်တွင် ဦး ရာဇတ်၏ကြေးရုပ်တုထားရှိမည် ဖြစ်ကြောင်း သတင်းရရှိသည်။
ဆရာကြီး ဦးရာဇတ်ရုပ်တု ကို မန္တလေးတက္ကသိုလ်အတွင်း စိုက်ထူရန် တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ ပါဝင်ဖွဲ့စည်း ထားသည့် ဆရာကြီး ဦးရာဇတ် ရုပ်တုဖြစ်မြောက်ရေးကော်မတီ က ပြီးခဲ့သည့် ဇွန်လအတွင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအ ဖွဲ့ကို ရုပ်တုထားရှိခွင့် ခွင့်ပြုမိန့် တောင်းခံခဲ့ပြီး ဇွန်လ ၃၀ ရက်စွဲဖြင့် တိုင်းဒေသကြီးအစိုးရက ခွင့်ပြုပေးခဲ့သည်။
‘‘ရုပ်တုအပ်ပြီးပါပြီ။ ကျွန် တော်တို့နှစ်လအတွင်း ရုပ်တုစိုက် ထူသွားဖို့ မျှော်လင့်ထားပါတယ်’’ ဟု ကော်မတီဒုတိယဥက္ကဋ္ဌ ကလေးမြို့ ကောလိပ်ကျောင်းအုပ်(ငြိမ်း) ဆရာကြီး ဦးနေဝင်းကပြောသည်။
မန္တလေးတက္ကသိုလ် တည် ထောင်ရန် လမ်းညွှန်ခဲ့သည့် ပညာရေးဝန်ကြီးဖြစ်ခဲ့သူ ဦးရာဇတ်နှင့် မန္တလေးတက္ကသိုလ် တည်ထောင် ခဲ့သူ ဆရာကြီး ဦးကိုလေးရုပ်တု များကို မန္တလေးတက္ကသိုလ်အ တွင်း  စိုက်ထူခွင့်ပြုရန် ၂၀၁၃ဦးသိန်းစိန်အစိုးရလက်ထက်က တည်းက အငြိမ်းစား တက္ကသိုလ် ကျောင်းအုပ်ဟောင်းများ    ဦး ဆောင်ပြီး တောင်းဆိုခဲ့သည်။
ရုပ်တုများစိုက်ထူရန် နိုင်ငံ တော်သမ္မတဦးသိန်းစိန်က ခွင့်ပြု ခဲ့သော်လည်း ထိုအချိန်က ဘာ သာရေး ပဋိပက္ခများ ဖြစ်ပွားနေ ချိန်ဖြစ်၍ ဆရာကြီး ဦးကိုလေး၏ ရုပ်တုတစ်ခုတည်းသာ စိုက်ထူနိုင် ခဲ့ကြောင်း သိရသည်။
ကြေးရုပ်တုစိုက်ထူရန် ကုန်ကျငွေကို ဆရာကြီးဦးရာဇတ်၏ သားဖြစ်သူ ဦးတင်မြင့်က လှူဒါန်းမည်ဖြစ်ကြောင်း ဆရာကြီး ဦးရာဇတ်ရုပ်တုဖြစ်မြောက်ရေးကော်မ တီမှ သိရသည်။
‘‘မန္တလေးတက္ကသိုလ်တည် ထောင်ရန် ဆရာကြီးရာဇတ်က ဆရာကြီး ဦးကိုလေးကို တာဝန် ပေးခဲ့တယ်။ အဲဒီတော့ ဆရာကြီး ဦးရာဇတ်က မန္တလေးတက္ကသိုလ် ဖြစ်မြောက်လာရေးအတွက် မျိုး စေ့ချပေးခဲ့သူ။ အဲဒါကြောင့် ဆရာကြီး ဦးရာဇတ်နဲ့ ဆရာကြီး ဦးကို လေးတို့ဟာ မန္တလေးတက္ကသိုလ် အတွက်၊ အလွန်တရာကျေးဇူး ကြီးမားတဲ့ ပုဂ္ဂိုလ်ကြီးတွေဖြစ်တဲ့ အတွက် သူတို့ကျေးဇူးကို ဘယ် တော့မှ မမေ့အောင် သူတို့ရုပ်တု တွေ တက္ကသိုလ်အတွင်း အမှန် တကယ်ရှိထိုက်တယ်’’ဟု ယင်း ကော်မတီမှ ဒုတိယဥက္ကဋ္ဌ  ဦးနေ ဝင်းက ပြောသည်။
ဗိုလ်ချုပ်အောင်ဆန်း ဦး ဆောင်သည့် ကြားဖြတ်အစိုးရ လက်ထက်တွင် ပညာရေးဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဦးရာဇတ်သည် မိတ္ထီလာမြို့၌ မွေး ဖွားသည့် အိန္ဒိယ-မြန်မာကပြား ဖြစ်သည်။   ဆရာကြီး ဦးရာဇတ် သည်   ၁၉၄၇   ဇူလိုင် ၁၉ ရက် နံနက်က ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ အစည်းအဝေးခန်းမအတွင်း လုပ်ကြံခံခဲ့ရသည့် အာဇာနည် ခေါင်းဆောင်ဖြစ်သည်။
LINE it!

No comments: