နိုင်ငံပိုင်သတင်းစာများကို ဒစ်ဂျစ်တယ်စနစ်ဖြင့် တိုးမြှင့်ထုတ်ဝေရန်
ဝန်ဆောင်မှုပေးနိုင်မည့် ကုမ္ပဏီများအား အဆိုပြုလွှာ ဖိတ်ခေါ်ထားကြောင်း
သတင်းရရှိသည်။
နိုင်ငံပိုင်နေ့စဉ် ထုတ်သတင်း စာများမှ သတင်းများကို လက်ရှိ လူအများ အသုံးပြုမှု တွင်ကျယ်နေ သည့် မိုဘိုင်းဖုန်း၊ တက်ဘလက် စသည့် IT Device များ၌ ဖတ်ရှုနိုင် ရန် ဒစ်ဂျစ်တယ်သတင်းစာအဖြစ် တိုးမြှင့်ထုတ်ဝေရန် စီစဉ်ခြင်းဖြစ် ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဇင်သန့် က ပြောသည်။
အဆိုပါဒစ်ဂျစ်တယ်သတင်း စာ ထုတ်လွှင့်ခြင်းအတွက် ၀န် ဆောင်မှုပေးရန် စိတ်ပါဝင်စား သည့် ကုမ္ပဏီများအနေဖြင့် အဆို ပြုလွှာများကို နေပြည်တော်ပြန် ကြားရေးဝန်ကြီးဌာနတွင် ဇူလိုင် ၁၅ ရက်မှစ၍ ထုတ်ယူပြီး သြဂုတ် ၁၅ ရက်၌ အဆိုပြုလွှာ ပြန်လည် တင်သွင်းရမည်ဖြစ်ကြောင်း ပြန် ကြားရေးဝန်ကြီးဌာနက ကြေညာ ထားသည်။
‘‘ကျွန်တော်တို့ သတင်းစာမှာ ကြေညာပြီးပါပြီ။ အသေးစိတ်အ ချက်အလက်တွေလည်း ရုံးချိန်းမှာ ဆိုရင် စာရွက်စာတမ်းတွေ လာ ထုတ်ယူလို့လည်းရပါတယ်’’ဟု သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း စီမံဌာန ညွှန်ကြားရေးမှူး ဦးဝင်း ဇော်ဌေးက ပြောသည်။
လက်ရှိတွင် ပုဂ္ဂလိကနေ့စဉ် ထုတ် သတင်းစာအချို့သည် ဒစ် ဂျစ်တယ်စနစ်ဖြင့် သတင်းများကို ပြည်သူများ ရယူဖတ်ရှုနိုင်ရန် ဆောင်ရွက်နေပြီဖြစ်သည်။

No comments:
Post a Comment