Monday, July 18, 2016

စကားရိုင်းရင် ကန်တော့ဗျာ ဝန်ကြီး။

သာသနာရေးဝန်ကြီးခင်ဗျား... ဝန်ကြီးက ဘုန်းကြီးတွေကို ဝိနည်းနှင့်ညီစေချင်တယ်ဆိုတဲ့သဘောနဲ့ အင်တာနက်မသုံးစေချင်တာလို့ ယူဆရဲ့။

ဘုရားဟော ဝိနည်းတော်မှာ အင်တာနက်မသုံးရအောင် ဟောကြားထားတာမျိုး မရှိဘူး။ အကယ်၍ ဝန်ကြီးက မဆိုင်တာတွေကို အတင်းကပ်သတ်ပြီး ဆိုင်သယောင်ပြောလာရင်လည်း တစ်ခွန်းပဲ ပြောလိုက်မယ်။ ဝိနည်းတော်က အချို့သော အချက်တွေကို အနည်းငယ် ပြင်ဆင်လို့ရတယ်လို့ မြတ်စွာဘုရားရှင်ကိုယ်တိုင် ခွင့်ပြုထားတာရှိတယ်။

ဝိနည်းတော်ကိစ္စကလည်း သံဃာတွေကိစ္စပါ။ သံဃာအသင်းအဖွဲ့က အဆုံးအဖြတ်ပေးရတာ။ အစိုးရက မပါရဘူး။ ဝန်ကြီးနဲ့ ဘာမှမပတ်သက်ဘူး။

တကယ်တမ်း အင်တာနက် သုံးခွင့်မရှိတာ ဖုန်းကိုင်ခွင့်မရှိတာက မူဆလင်တွေ။ အထူးသဖြင့် မူဆလင်မတွေ။ ရှာရီယာအရ မကိုင်ရဘူး။ ဝန်ကြီးကမှ လူတွေကို ဘာသာရေးထုံးတမ်းနှင့် ညီစေချင်တယ်ဆိုရင် သူတို့တွေကို အင်တာနက်မသုံးဖို့ပြောစမ်းပါ။

အခုဟာက ဝန်ကြီးတို့က တစ်ဆိတ်ရှိ ဘုန်းကြီးပဲ ခလုပ်တိုက်နေတယ်။ အင်တာနက်သုံးတာ ဝိနည်းနဲ့မညီရင် ဆရာတော်ကြီးတွေ တားပြီးတာ ကြာပြီပေါ့။ ပါချုပ်ဆရာတော်၊ ပန်းကုံးဆရာတော်၊ ဗန်းမော်ဆရာတော်၊ ယောဆရာတော်တို့လို ဝိနည်းတော် တတ်ပွန်လှပါတယ်ဆိုတဲ့ ဆရာတော်တွေကတောင် ဘာမှမပြောဘူး။ သြကာသ ဖြောင့်အောင်မရတဲ့ ဝန်ကြီးက ထ တိမ်တောက်နေတယ်။

စကားရိုင်းရင် ကန်တော့ဗျာ ဝန်ကြီး။ ဝန်ကြီးလုပ်ပုံကိုကြည့်ရင်း  ကျူပ်တို့ဘုန်းကြီးကျောင်းသားဘဝက ဆွမ်းခံထွက်ခဲ့ရတာကို စိတ်ထဲမြင်ယောင်သွားတယ်။ ဘုန်းကြီးဆွမ်းခံကြွတော့မယ်ဆိုတိုင်း ဘုန်းကြီးရှေ့က ခွေးက ဟိုရမ်းရမ်း ဒီရမ်းရမ်း ရှေ့က သွားသွားနေပုံကို ဝန်ကြီးပုံနဲ့တွဲပြီးသာ မျက်စိထဲသာ ထင်းကနဲ မြင်မိတော့တယ်။

Credit -  Soe Moe Hlaing

No comments: