မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Saturday, July 23, 2016
မြူးနစ် လူသတ်သမား
23July 2016
ဂျာမနီနိုင်ငံ တောင်ပိုင်းက မြူးနစ်မြို့ တွင်းက အိုလံပီယာ ရှော့ပင်းစင်တာရှေ့  မှာ ဇူလိုင်လ ၂၂ ရက် ညနေပိုင်းကဖြစ်ပွားခဲ့တဲ့ သေနတ်ပစ်ခတ်မှု မှာ သေနတ်သမား အပါအဝင် လူ ၁၀ ဦး သေဆုံးကာ ၁၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြူးနစ် ရဲတပ်ဖွဲ့က ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။
သေနတ်သမားသည် အသက် ၁၈ နှစ်အရွယ် အလီ ဒေးဗစ် စံဘိုလီ Ali David Sonboly ဖြစ်ပြီး ဂျာမနီနှင့် အီရန် မှာ နိုင်ငံသားအဖြစ် ခံယူထားသူလို့ သိရပါတယ်။
သေနတ်သမားဟာ မက်ဒေါ်နယ်ဆိုင်ရှေ့  က မိန်းခလေးငယ်တွေကို စပစ်တာပါ လို့  မျက်မြင်သက်သေတွေက ပြောပါတယ်။ တကိုယ်တော် သေနတ်သမား ဖြစ်တဲ့ အကြောင်း၊ ပစ်ခတ်မှု အပြီး မှာ သူ့ကိုယ်သူ လည်း အဆုံးစီရင် ကြောင်း သိရပါတယ်။
အလီရဲ့ ကျောင်းနေဖက်တဦးက အလီဟာ မင်းတို့ တွေကို ငါသတ်မယ် လို့ အမြဲ တမ်း ပြောဆိုနေခဲ့သူဖြစ်ပါတယ်လို့  Glock 17 အမျိုးအစား semi-auto သေနတ်အတိုနဲ့  မိန်း ခလေးငယ်တွေကို လိုက်ပစ်ခဲ့ပြီး အမျိုးသမီး (၃)ဦး အမျိုးသား (၆)ဦး သေနတ်ထိမှန် သေဆုံးခဲ့ရပါတယ်၊ သေဆုံးသူတွေထဲ့မှာ ၁၃ နှစ်အရွယ် မိန်းခလေးတစ်ဦး ပါဝင်ပါတယ်။
လွန်ခဲ့တဲ့ နှစ်နှစ်ကျော်ကတည်းက ဂျာမနီနိုင်ငံ မြူးနစ်မြို့မှာ မိသားစု နဲ့  အခြေချ နေထိုင်ခဲ့သူ ဖြစ်ပြီး ဖခင်ဟာ တက္ကစီ ကားမောင်းသူ ဖြစ်ပါ တယ်လို့  မြူးနစ် ရဲချုပ် Hubertus Andrae က သတင်းစာရှင်းလင်း ပွဲမှာပြောသွားခဲ့ပြီး တရားခံဟာ ဘာရွယ်ရွယ်ချက် ကြောင့် ခုလို ကျူးလွန်ခဲ့တယ်ဆိုတာ ဆက်လက် စုံစမ်းစစ်ဆေးနေကြောင်း သိရပါတယ်။
ခုလို တိုက်ခိုက်မှု ဖြစ်ပွားပြီးတဲ့နောက် အနီးဝန်းကျင်မှ ပြည်နယ်တွေမှာ သြစတြီးယားနိုင်ငံမှ တပ်ဖွဲ့အပါအ ဝင် အထူးတပ်ဖွဲ့ ၂၃၀၀ ဦးက လုံခြုံရေးယူုထားကြပါတယ်။
Social Action for Women - SAW
Subscribe to:
Post Comments (Atom)


No comments:
Post a Comment