| မလေးရှားနိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာတဲ့ မြန်မာ တစ်ရာကျော်ကို ဇူလိုင်လ ၂၀ ရက်နေ့က ရန်ကုန်လေဆိပ်မှာ တွေ့ရစဉ်။ Photo: Htet Arker/ RFA |
ဖိုးလမင်းထရေးဒင်းကုမ္ပဏီဒါရိုက်တာ ဦးစိုးမိုးနိုင်နဲ့ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးတို့ ပူးပေါင်းပြီး လာမယ့် သြဂုတ်လ ၃ ရက်နေ့မှာ စတင်ပို့ဆောင်ပေးမှာဖြစ်တယ်လို့ မလေးရှားနိုင်ငံ ကပုန်း ၇ ရက် သားသမီးနာရေး ကူညီမှုအသင်း ဥက္ကဌ ကိုစန်းဝင်းက ပြောပါတယ်။
အဲ့ဒီထိန်းသိမ်းရေးစခန်း ၁၁ ခုမှာ ပြစ်ဒဏ်ကျနေတဲ့ မြန်မာနိုင်ငံသား ၃ထောင် နီးပါးရှိပြီး ပြစ်ဒဏ်ခံယူပြီးတဲ့ သူတွေကို ပြန်လည်ပို့ဆောင်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။
အများစုဟာ တရားမဝင်နေထိုင်မှုကြောင့် ဖမ်းဆီးခံထားရသူတွေဖြစ်ပါတယ်။
ပြစ်ဒဏ်ခံယူပြီးသူတွေဟာ မြန်မာပြည်ကို ပြန်လည်ပို့ဆောင်မယ့်အချိန်ထိ အကျဉ်းစခန်းမှာပဲ ဆက်လက်နေထိုင် ရတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၃ ရက်နေ့ကလည်း မလေးရှားနိုင်ငံကနေ မြန်မာနိုင်ငံသား ၃ဝဝ နီးပါးကို မလေးရှားနိုင် ငံရောက် မြန်မာပရဟိတ လူမှုကူညီမှု အသင်းတွေစုပေါင်းပြီး မြန်မာပြည်ကို ပြန်လည်ပို့ဆောင်ပေးခဲ့ပြီးဖြစ် ပါတယ်။
RFA Burmese
No comments:
Post a Comment