Monday, July 18, 2016

ပြည်ခိုင်ဖြိုးပါတီက အဆောက်အအုံ ဆောက်နေသော တောင်ဥက္ကလာပမြို့နယ်ရှိ ကစားကွင်းပန်းခြံနေရာကို ပြည်သူထံ ပြန်လွှဲပြောင်းပေးရန် လွှတ်တော်ကိုယ်စားလှယ်က ၀န်ကြီးချုပ်ထံ စာပို့

ပြည်ခိုင်းဖြိုးပါတီက အဆောက်အအုံ ဆောက်နေသော ကစားကွင်းပန်းခြံမြေနေရာကို ပြည်သူလူထုထံလွှဲပြောင်းပေးရန် တောင်ဥက္ကလာပမြို့နယ်ရှိ ကစားကွင်းပန်းခြံ မြေနေရာကို ပြည်သူထံ ပြန်လွှဲပြောင်းပေးရန် လွှတတော်ကိုယ်စားလှယ်က ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ထံသို့ စာပို့တောင်းဆိုခဲ့သည်ဟု သိရသည်။
တောင်ဥက္ကလာပမြို့နယ် သစ္စာလမ်းနှင့် ဝေဇယန္တာလမ်းထောင့်ရှိ ကစားကွင်းပန်းခြံမြေနေရာကို ပြည်ခိုင်ဖြိုးပါတီက ရယူထားပြီး အထပ်မြင့်အဆောက်အအုံ ဆောက်လုပ်နေသောကြောင့် အများပြည်သူကတောင်းဆိုသဖြင့် ကစားကွင်းပန်းခြံအဖြစ် ပြန်လည်ပြုလုပ်ပေးရန် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် အစိုးရအဖွဲ့ထံသို့ ဇူလိုင် ၁၂ ရက် က စာပို့တောင်းဆိုရခြင်းဖြစ်ကြောင်း တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစောနိုင်က ပြောကြားသည်။
“အများပြည်သူကဒီနေရာကို တောင်းဆိုလို့ပါ။ မူလက ကစားကွင်းပန်းခြံဖြစ်ခဲ့တယ်။ နောက်ပြီး ခရိုင်စည်ပင်ကလည်း ဆက်မဆောက်တော့ဖို့တားထားတယ်။ အဲဒါကြောင့် ပြည်သူလူထု ဆန္ဒအရ ကစားကွင်းပန်ခြံ ပြန်လုပ်ပေးဖို့ကို ၀န်ကြီးချုပ်ထံ စာတင်လိုက်တာပါ” ဟု ဒေါက်တာစောနိုင်က ပြောကြားသည်။
ဇူလိုင် ၁၀ရက်ကလည်း ယင်းအဆောက်အအုံ ဆောက်လုပ်နေမှုအား ခွင့်ပြုမိန့်ထက် ကျော်လွန် ဆောက်လုပ်နေသည့်အတွက် လုပ်ငန်းရပ်ဆိုင်းထားရန် အကြောင်းကြားပါးကြောင်းနှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ခရိုင်အင်ဂျင်နီယာမှူးရုံး အရှေ့ပိုင်းခရိုင် အင်ဂျင်နီယာဌာန (အဆောက်အအုံ) က လိုင်စင်ကန်ထရိုက်တာ ဦးရန်နိုင်နှင့် လိုင်စင်အင်ဂျင်နီယာ ဦးမောင်မောင်မြင့်တို့ထံ လိပ်မူ၍ သတိပေးခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ပိုင်ဆိုင်သည် ဆိုသောမြေနေရာ (မူလ ကလေးကစားကွင်းပန်းခြံ) တွင် လိုင်စင်ကန်ထရိုက်တာအဖြစ် YN Construction Co.Ltd က ၂၀၁၃ ခုနှစ် ဇွန်လကတည်းက တာဝန်ယူ ဆောက်လုပ်ခြင်းဖြစ်ပြီး တောင်ဥက္ကလာပမြို့နယ်နေ ပြည်သူများ၏ ဆန္ဒပြမှုများကြောင့် ဆောက်လုပ်ရေး ရပ်ဆိုင်းခဲ့ရမှုများလည်း ရှိခဲ့သည်။ ဆန္ဒပြမှုများကြောင့် တောင်ဥက္ကလာပမြို့နယ်နေ ပြည်သူများမှာလည်း ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ ဖြင့် အပြစ်ပေးခံရမှုများ ရှိခဲ့သည်။        
Writer: 
သက်မင်း

No comments: