မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Tuesday, July 19, 2016
ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာ အာဇာနည် ခေါင်းဆောင်ကြီးများအား ရည်စူး၍ နေ့ဆွမ်းဆပ်ကပ်
ရန်ကုန် ၊ ဇူလိုင် ၁၉
၆၉နှစ်မြောက် ဇူလိုင်( ၁၉) အာဇာနည်နေ့မှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာ ဗိုလ်ချပ်အောင်ဆန်းနှင့်တစ်ကွ ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများအား ရည်စူး၍ သံဃာတော် ၁၇ ပါးအား နေ့ဆွမ်းဆပ်ကပ်လှူဒါန်းပြီး ကောင်းမှုအစုစုတို့ကို အမျှဝေခြင်း ပြုခဲ့ကြပါသည်။
အဲဒီပွဲမှာ သူရဦးရွှေမန်း။ ဒုသမ္မတဦးမြင့်ဆွေ။ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်။ လွှတ်တော်ဥက္ကဌဦးဝင်းမြင့်။ဦးမန်ဝင်းခိုင်သန်း။ ဦးထွန်းထွန်းဦး။ ဒေါက်တာတင်မျိုးဝင်း။ ဒေါက်တာမျိုးသိမ်းကြီးစသည်ဖြင့် လက်ရှိနိုင်ငံ့ခေါင်းဆောင်များကို ဆရာတော် ရှင်ဆန္ဒာဓိက၊ ဆရာတော် ရဝေနွယ်(အင်းမ) တို့နဲ့ စုံစုံညီညီတွေ့ရပါသည်။
Photos : Yawainew Inn Ma
Subscribe to:
Post Comments (Atom)




No comments:
Post a Comment