Monday, July 18, 2016

ပြည်ပမှတင်သွင်းသည့် အေးခဲကြက်သားများ သုံးလကျော် အေးခဲထားကြောင်း တွေ့ရပါက ဖျက်ဆီးခြင်းခံရမည်ဟုဆို

 ပြည်ပမှ အေးခဲကြက် သားများ တင်သွင်းခြင်းနှင့် ပတ် သက်၍ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနက သတ်မှတ်ထားသည့် စည်းကမ်းချက်များ ထုတ်ပြန်ခဲ့ သည်။
အဆိုပါစည်းကမ်းချက်တွင် တင်သွင်းသည့်အေးခဲကြက်သား နမူနာကို တိရစ္ဆာန်ကူးစက်ရောဂါ စစ်ဆေးထိန်းချုပ်ရေးစခန်း၌ ဓာတ်ခွဲစစ်ဆေးပြီး သုံးလကျော်အေးခဲထားကြောင်း တွေ့ရှိရပါက လျော်ကြေးမပေးဘဲ ဖျက်ဆီးခြင်းခံရမည်ဟု ပါရှိသည်။
ပြည်ပမှ အေးခဲကြက်သား တင်သွင်းပြီး လက်ရှိရောင်းဈေး ထက် ထက်ဝက်လျှော့ချကာတစ်ပိဿာလျှင် ကျပ် ၃,၅၀၀ ဖြင့်ရောင်းချပေးရန် ကြက်မွေးမြူရေး လုပ်ငန်းရှင်များ၊ မြန်မာစီပီလိုက်ဖ်စတော့ ကုမ္ပဏီလီမိတက်နှင့် ဇွန်လ ၂၄ ရက်တွင် ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးခန်း၌ တွေ့ဆုံပြီးနောက်  ရန်ကုန်တိုင်းဝန်ကြီးချုပ်က ယင်းသို့ဆုံးဖြတ်ခြင်းဖြစ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့သို့ ဆက်လက် တင်ပြမည်ဟု ဆို သည်။
အေးခဲကြက်သားတင်သွင်း သောကုမ္ပဏီသည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၏ သွင်းကုန်လိုင်စင်၊ သက် သေခံမှတ်တမ်းနှင့် ရောဂါကင်း ရှင်းကြောင်းထောက်ခံချက်လက် မှတ်များ လိုအပ်ကြောင်းဖော်ပြ ထားသည်။
ထို့အပြင် မွေးမြူရေးခြံ၊သား သတ်ရုံ၊ ထုတ်လုပ်မှု၊ ထုပ်ပိုးမှု များသည် ကျန်းမာရေးနှင့် ညီ ညွတ်ကာ ပိုးသတ်ဆေးအကြွင်း အကျန်ကင်းစင်၍ တာရှည်ခံဓာ တုဆေးဝါးများသုံးစွဲထားခြင်းမရှိ ကြောင်း ဓာတ်ခွဲခန်းသို့ နမူနာပေး ပို့စစ်ဆေးခံနိုင်ရမည်ဖြစ်ကြောင်း စည်းကမ်းသတ်မှတ်ထားသည်။
‘‘ရန်ကုန်တိုင်းဝန်ကြီးချုပ်က တော့ အသားတိုးအသင်းနဲ့ခေါ်ညှိ တုန်း။ သူ့ဘက်က မြေနဲ့ငွေမပေး ရရင် လုပ်ဖို့ပြောခဲ့တယ်။ ကျွန် တော်တို့ ဌာနကလည်း အားလုံး အတွက် အဆင်ပြေအောင်အဲဒီလို အချက်နဲ့ လုပ်ငန်းစဉ်တွေကြိုတင် ရေးဆွဲနေတယ်’’ ဟု မွေးမြူရေး နှင့် ကုသရေးဦးစီးဌာနမှ အရာရှိ တစ်ဦးကပြောသည်။
အေးခဲကြက်သားနှင့် စားသုံး နိုင်သော တိရစ္ဆာန်ထွက်ပစ္စည်း များကို ပြည်တွင်းသို့ တင်သွင်း လာတိုင်း  တစ်တန်လျှင်  ကျပ် ၂၉၀ ပေးဆောင်ပြီး တင်သွင်းနိုင် ကြောင်းဖော်ပြထားသည်။
အထက်ပါ စည်းကမ်းချက်များသည် သမ္မတ  ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၃ ဇွန်လတွင် သတ်မှတ်ပေးခဲ့ကြောင်း စိုက်ပျိုးရေး၊  မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၀က်ဘ်ဆိုက်တွင်ယခုနှစ် ဇွန်လ၌ ဖော်ပြထားသည်။

No comments: